Myanmar Idol နဲ႔ေရာ၊ တန္ခြန္ေက်ာ္နဲ႔ပါ ျပန္အဆင္ေျပသြားပါျပီလို႔ ေျပာလာတဲ႔ ေတးေရးဆရာ ခ်မ္းဗိုလ္








Zawgyiျဖင့္ဖတ္ရန္

ကိုတန္ခြန္ေက်ာ္ Fan မ်ားသိေစရန္။ ကြၽန္ေတာ္နဲ႔ ကိုတန္ခြန္ေက်ာ္က ရန္သူေတြမဟုတ္ပါဘူး ကိုတန္ခြန္ေက်ာ္ စကားမသဲမကြဲေျပာမိသြားတယ္။ ခ်က္ျခင္းပို႔စ္တင္ေတာင္းပန္တယ္။



ကြၽန္ေတာ္ကလဲ ခ်က္ျခင္းပဲ ပို႔စ္တင္ေပးလို႔ ေက်းဇူးတင္စကားေျပာခဲ့တယ္သူ စိတ္လႈပ္ရွားစြာႏုတ္ဆပ္ခဲ့တဲ့ညက ျဖစ္သြားတဲ့အရာကို အမွားတစ္ခု ေစာ္ကားျခင္းတစ္ခုလို႔ ကြၽန္ေတာ္မသက္မွတ္ခဲ့တာအမွန္ပါ)ဒါေလးအရင္သိထားေပးၾကပါ။

(ေနာက္တစ္ခု ေျပာခ်င္ပါတယ္ဗ်) တစ္ခ်ိဳ႕ကို တန္ခြန္ေက်ာ္ fanေတကေျပာၾကတယ္။ #နင့္သီခ်င္းသူဆိုမွသိတာ သူ႔ကိုေတာင္ေက်းဇူးတင္ရမယ္တဲ့ 😊ဟုတ္ကဲ့ပါ ကြၽန္ေတာ္ကလဲ တစ္ႏိုင္ငံလုံး အတိုင္းတာထိ စိတ္ဝင္စားအားေပးၾကတဲ့ Myanmar Idol လို အစီစဥ္ႀကီးတစ္ခုမွာ ကြၽန္ေတာ့္သီခ်င္းေလးဆိုၿပီး ေဖ်ာ္ေျဖေပးတာ တကယ္ရင္ထဲကေက်းဇူးတင္ပါတယ္ ။


( ဒါဆိုကြၽန္ေတာ္ဘာလို႔ တရားစြဲမဲ့ ပို႔စ္တင္တာလဲ?) ဒါေလးကိုေတာ့ စိတ္ရွည္ရွည္ေလးဖက္ေပးၾကပါဗ်ာေနာ္🙏 ကြၽန္ေတာ္က မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕မွာ ေနတဲ့ လူသိပ္မသိတဲ့( တစ္ခ်ိဳ႕ဆိုသိေတာင္မသိတဲ့) အႏုပညာသမားတစ္ေယာက္ပါ ကို႔ကိုလူသိေအာင္မနဲႀကိဳးစားေနခဲ့ရတာ ႐ုန္းကန္ေနရတာပါဗ်ာ။

ကြၽန္ေတာ့္သီခ်င္းကို ကိုတန္ခြန္ေက်ာ္ဆိုဖို႔အတြက္ Myanmar Idolမွ တာဝန္ရွိတဲ့ သူေတြကလဲ ကြၽန္ေတာ့္ကိုႀကိဳတင္ၿပီး အသိလဲမေပးသလို ခြင့္လဲမေတာင္းဘူး😔တကယ္ဆို ကြၽန္ေတာ့္ကို အသိမွတ္ေလးျပဳၿပီး အသိေလးေပးရင္ကို ကြၽန္ေတာ္ ေက်နပ္စြာခြင့္ျပဳေပးမာပါ။


အခုၾက လူကမွ အညတရအႏုပညာသည္ပါဆို ကိုယ္ေရးထားတဲ့သီခ်င္းေတာင္ ကို႔နာမည္ေလးတပ္ၿပီး အသိမွတ္ျပဳမခံရတဲ့ ကြၽန္ေတာ့္ဘက္ကိုလဲ နားလည္ေပးေစလိုပါတယ္။ ပိုဆိုးတာက တစ္ခ်ိဳ႕ မီဒီယာဆရာႀကီးေတက တန္ခြန္ေက်ာ္ ကိုယ္တိုင္ေရးကိုယ္တိုင္ဆို ဆိုတဲ့အသုံးႏႈန္းေတြနဲ႔ ဒီသီခ်င္းကို သုံးႏႈန္းတင္ျပလာတာေၾကာင့္ 😥

ကြၽန္ေတာ္ ေမတၱာသမားႀကီးလုပ္ေနရင္ အမွားၾကာအမွန္ျဖစ္ ေရမ်ားေရႏိုင္ မီးမ်ား မီးႏိုင္ အျဖစ္မ်ိဳးႀကီး ျဖစ္မွာဆိုးလို႔ သတိေပးတဲ့အေနနဲ႔ တရားစြဲမဲ့ပို႔စ္ကို တင္လိုက္တာျဖစ္ပါတယ္ ။


ခုဆို Myanmar Idol ကတာဝန္ရွိသူေတြဘက္က ကြၽန္ေတာ့္အကို ကိုHtin AungLinn ကိုဆက္သြယ္လာတယ္လို႔ သိရပါတယ္ ကြၽန္ေတာ္ေအးေဆးသမားမို႔ ျပသနာေတြအၾကာႀကီး ျဖစ္ေနရင္ စိတ္ညစ္လြန္းလို႔ အတက္ႏိုင္ဆုံးေျပလည္ေအာင္ညႇိႏိုင္းေပးလိုက္ပါမယ္ခင္ဗ်ာ

ကိုတန္ခြန္ေက်ာ္အတြက္ဆိုးရိမ္ေနၾကတဲ့Fan ေတြလဲ စိတ္ေအးေအးထားၾကပါလို႔ကြၽန္ေတာ္တရားစြဲမွာက ကိုတန္ခြန္ေက်ာ္မဟုတ္ပါဘူး ကိုတန္ခြန္ေက်ာ္ကိုယ္တိုင္သူ႔သီခ်င္းမဟုတ္ပါဘူးလို႔ တရားဝင္ပို႔စ္တင္ရွင္းျပထားတာေတာင္ ဇြတ္ ကိုယ္တိုင္ေရးကိုယ္တိုင္ဆိုၾကည့္ေရးတင္ေနတဲ့ တစ္ခ်ိဳ႕မီဒီယာ အတုေယာင္ စီးပြားေရးသမားေတြကိုသာ တရားစြဲသြားမွာျဖစ္ပါ။

(ကြၽန္ေတာ့္သီခ်င္းအတြက္ကြၽန္ေတာ္ရပ္တည္တဲ့ေနရာမွာတစ္ျခဘယ္သူ႔ကိုမွ မထိခိုက္ေစရဘူးမနစ္နာေစရပါဘူးခင္ဗ်ာ)။တစ္ခုေတာ့ေတာင္းဆိုပရေစ မီဒီယာအမည္ခံၿပီး ကိုယ္က်ိဳးအတြက္ပဲ ၾကည့္တက္တဲ့ တစ္ခ်ိဳ႕ အတုေယာင္မီဒီယာေတြက တင္သမွ်ကို လိုက္ခံစားၿပီး ကြၽန္ေတာ္ကို႔ လာမဆဲၾကပါနဲ႔ေတာ့ဗ်ာ😧

Unicode ဖြင့်ဖတ်ရန်




ကိုတန်ခွန်ကျော် Fan များသိစေရန်။ ကျွန်တော်နဲ့ ကိုတန်ခွန်ကျော်က ရန်သူတွေမဟုတ်ပါဘူး ကိုတန်ခွန်ကျော် စကားမသဲမကွဲပြောမိသွားတယ်။ ချက်ခြင်းပို့စ်တင်တောင်းပန်တယ်။



ကျွန်တော်ကလဲ ချက်ခြင်းပဲ ပို့စ်တင်ပေးလို့ ကျေးဇူးတင်စကားပြောခဲ့တယ်သူ စိတ်လှုပ်ရှားစွာနုတ်ဆပ်ခဲ့တဲ့ညက ဖြစ်သွားတဲ့အရာကို အမှားတစ်ခု စော်ကားခြင်းတစ်ခုလို့ ကျွန်တော်မသက်မှတ်ခဲ့တာအမှန်ပါ)ဒါလေးအရင်သိထားပေးကြပါ။

(နောက်တစ်ခု ပြောချင်ပါတယ်ဗျ) တစ်ချို့ကို တန်ခွန်ကျော် fanတေကပြောကြတယ်။ #နင့်သီချင်းသူဆိုမှသိတာ သူ့ကိုတောင်ကျေးဇူးတင်ရမယ်တဲ့ 😊ဟုတ်ကဲ့ပါ ကျွန်တော်ကလဲ တစ်နိုင်ငံလုံး အတိုင်းတာထိ စိတ်ဝင်စားအားပေးကြတဲ့ Myanmar Idol လို အစီစဉ်ကြီးတစ်ခုမှာ ကျွန်တော့်သီချင်းလေးဆိုပြီး ဖျော်ဖြေပေးတာ တကယ်ရင်ထဲကကျေးဇူးတင်ပါတယ် ။


( ဒါဆိုကျွန်တော်ဘာလို့ တရားစွဲမဲ့ ပို့စ်တင်တာလဲ?) ဒါလေးကိုတော့ စိတ်ရှည်ရှည်လေးဖက်ပေးကြပါဗျာနော်🙏 ကျွန်တော်က မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ နေတဲ့ လူသိပ်မသိတဲ့( တစ်ချို့ဆိုသိတောင်မသိတဲ့) အနုပညာသမားတစ်ယောက်ပါ ကို့ကိုလူသိအောင်မနဲကြိုးစားနေခဲ့ရတာ ရုန်းကန်နေရတာပါဗျာ။

ကျွန်တော့်သီချင်းကို ကိုတန်ခွန်ကျော်ဆိုဖို့အတွက် Myanmar Idolမှ တာဝန်ရှိတဲ့ သူတွေကလဲ ကျွန်တော့်ကိုကြိုတင်ပြီး အသိလဲမပေးသလို ခွင့်လဲမတောင်းဘူး😔တကယ်ဆို ကျွန်တော့်ကို အသိမှတ်လေးပြုပြီး အသိလေးပေးရင်ကို ကျွန်တော် ကျေနပ်စွာခွင့်ပြုပေးမာပါ။

အခုကြ လူကမှ အညတရအနုပညာသည်ပါဆို ကိုယ်ရေးထားတဲ့သီချင်းတောင် ကို့နာမည်လေးတပ်ပြီး အသိမှတ်ပြုမခံရတဲ့ ကျွန်တော့်ဘက်ကိုလဲ နားလည်ပေးစေလိုပါတယ်။ ပိုဆိုးတာက တစ်ချို့ မီဒီယာဆရာကြီးတေက တန်ခွန်ကျော် ကိုယ်တိုင်ရေးကိုယ်တိုင်ဆို ဆိုတဲ့အသုံးနှုန်းတွေနဲ့ ဒီသီချင်းကို သုံးနှုန်းတင်ပြလာတာကြောင့် 😥

ကျွန်တော် မေတ္တာသမားကြီးလုပ်နေရင် အမှားကြာအမှန်ဖြစ် ရေများရေနိုင် မီးများ မီးနိုင် အဖြစ်မျိုးကြီး ဖြစ်မှာဆိုးလို့ သတိပေးတဲ့အနေနဲ့ တရားစွဲမဲ့ပို့စ်ကို တင်လိုက်တာဖြစ်ပါတယ် ။


ခုဆို Myanmar Idol ကတာဝန်ရှိသူတွေဘက်က ကျွန်တော့်အကို ကိုHtin AungLinn ကိုဆက်သွယ်လာတယ်လို့ သိရပါတယ် ကျွန်တော်အေးဆေးသမားမို့ ပြသနာတွေအကြာကြီး ဖြစ်နေရင် စိတ်ညစ်လွန်းလို့ အတက်နိုင်ဆုံးပြေလည်အောင်ညှိနိုင်းပေးလိုက်ပါမယ်ခင်ဗျာ

ကိုတန်ခွန်ကျော်အတွက်ဆိုးရိမ်နေကြတဲ့Fan တွေလဲ စိတ်အေးအေးထားကြပါလို့ကျွန်တော်တရားစွဲမှာက ကိုတန်ခွန်ကျော်မဟုတ်ပါဘူး ကိုတန်ခွန်ကျော်ကိုယ်တိုင်သူ့သီချင်းမဟုတ်ပါဘူးလို့ တရားဝင်ပို့စ်တင်ရှင်းပြထားတာတောင် ဇွတ် ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုကြည့်ရေးတင်နေတဲ့ တစ်ချို့မီဒီယာ အတုယောင် စီးပွားရေးသမားတွေကိုသာ တရားစွဲသွားမှာဖြစ်ပါ။

(ကျွန်တော့်သီချင်းအတွက်ကျွန်တော်ရပ်တည်တဲ့နေရာမှာတစ်ခြဘယ်သူ့ကိုမှ မထိခိုက်စေရဘူးမနစ်နာစေရပါဘူးခင်ဗျာ)။တစ်ခုတော့တောင်းဆိုပရစေ မီဒီယာအမည်ခံပြီး ကိုယ်ကျိုးအတွက်ပဲ ကြည့်တက်တဲ့ တစ်ချို့ အတုယောင်မီဒီယာတွေက တင်သမျှကို လိုက်ခံစားပြီး ကျွန်တော်ကို့ လာမဆဲကြပါနဲ့တော့ဗျာ😧


Credit; Chan Bo(San Kyi Par ) 


မှတ်ချက်များ