တီဗီဖြင့္လ်က္သား အိပ္မိျခင္းက သင့္ကုိ၀ိတ္တက္ေစႏုိင္


Zawgyiျဖင့္ဖတ္ရန္

ေလ့လာမႈအသစ္အရ တီဗီကိုဖြင့္ထားျပီး အိပ္ေပ်ာ္သြားတတ္တဲ့သူေတြမွာ ခႏၶာကိုယ္အေလးခ်ိန္
ပိုတက္လာႏုိင္ေၾကာင္း ေျပာထားပါတယ္။

ညအခ်ိန္ artificial light ေၾကာင့္ အမ်ဳိးသမီးေတြအေနနဲ႔ ေနာက္ငါးႏွစ္အတြင္းမွာ ဝိတ္အရမ္း
တက္လာပါလိမ့္မယ္။ ဒါဟာ လူေပါင္း ၄၄ဝဝဝ နီးပါးကိုေလ့လာထားတာျဖစ္ပါတယ္။JAMA Internal Medicine ဂ်ာနယ္မွာ ေလ့လာခ်က္အရ ဖုန္း screen ကအေရာင္ေတြ နဲ႔ညအေမွာင္ထဲမွာ အသံုးျပဳတဲ့မီးေရာင္မွန္သမွ်ဟာ သင့္ကိုအဝလြန္ႏုိင္ေစသတဲ့။

ဒါဟာ ယူအက္စ္မွာ အသက္ ၃၅ႏွစ္နဲ႔ ၇၄ႏွစ္ရွိ အမ်ဳိးသမီးေပါင္း ၄၃၇၂၂ ေယာက္ရဲ႕ငါးႏွစ္တာအခ်ိန္ကို ေလ့လာသုေတသနျပဳထားတာျဖစ္ပါတယ္။artificial light ေတြဟာ ညအိပ္ခ်ိန္ကို အေႏွာင့္ယွက္ျဖစ္ေစတဲ့အတြက္ သင့္ရဲ႕က်န္းမာေရးကိုထိခုိက္ႏိုင္ပါတယ္။

ဒါေၾကာင့္ အိပ္ခ်င္ျပီဆို အိပ္ယာထဲ၀င္အိပ္ပါ။ ေပေတျပီး တီဗီေ႐ွ႔ထုိင္ေနတာတို႔ ၊ မ်က္လံုးအပ်က္
ခံျပီး ဖုန္းၾကည့္တာမ်ဳိးေတြ ၊ ကြန္ပ်ဳတာနဲ႔ အလုပ္လုပ္ေနတာမ်ဳိးေတြ အတတ္ႏုိင္ဆံုးေ႐ွာင္လုိက္
ပါ။ တစ္ေနကုန္မ်က္လံုးက အလုပ္လုပ္ေနရတဲ့အတြက္ ညအိပ္ခ်ိန္ေလးကိုေတာ့ အျပည့္အဝအနားေပးလိုက္ပါ။

Credit:Trend Myanmar

Unicodeဖြင့်ဖတ်ရန်

တီဗီဖွင့်လျက်သား အိပ်မိခြင်းက သင့်ကိုဝိတ်တက်စေနိုင်

လေ့လာမှုအသစ်အရ တီဗီကိုဖွင့်ထားပြီး အိပ်ပျော်သွားတတ်တဲ့သူတွေမှာ ခန္ဓာကိုယ်အလေးချိန်
ပိုတက်လာနိုင်ကြောင်း ပြောထားပါတယ်။

ညအချိန် artificial light ကြောင့် အမျိုးသမီးတွေအနေနဲ့ နောက်ငါးနှစ်အတွင်းမှာ ဝိတ်အရမ်း
တက်လာပါလိမ့်မယ်။ ဒါဟာ လူပေါင်း ၄၄ဝဝဝ နီးပါးကိုလေ့လာထားတာဖြစ်ပါတယ်။JAMA Internal Medicine ဂျာနယ်မှာ လေ့လာချက်အရ ဖုန်း screen ကအရောင်တွေ နဲ့ညအမှောင်ထဲမှာ အသုံးပြုတဲ့မီးရောင်မှန်သမျှဟာ သင့်ကိုအဝလွန်နိုင်စေသတဲ့။

ဒါဟာ ယူအက်စ်မှာ အသက် ၃၅နှစ်နဲ့ ၇၄နှစ်ရှိ အမျိုးသမီးပေါင်း ၄၃၇၂၂ ယောက်ရဲ့ငါးနှစ်တာအချိန်ကို လေ့လာသုတေသနပြုထားတာဖြစ်ပါတယ်။artificial light တွေဟာ ညအိပ်ချိန်ကို အနှောင့်ယှက်ဖြစ်စေတဲ့အတွက် သင့်ရဲ့ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

ဒါကြောင့် အိပ်ချင်ပြီဆို အိပ်ယာထဲဝင်အိပ်ပါ။ ပေတေပြီး တီဗီရှေ့ထိုင်နေတာတို့ ၊ မျက်လုံးအပျက်
ခံပြီး ဖုန်းကြည့်တာမျိုးတွေ ၊ ကွန်ပျုတာနဲ့ အလုပ်လုပ်နေတာမျိုးတွေ အတတ်နိုင်ဆုံးရှောင်လိုက်
ပါ။ တစ်နေကုန်မျက်လုံးက အလုပ်လုပ်နေရတဲ့အတွက် ညအိပ်ချိန်လေးကိုတော့ အပြည့်အဝအနားပေးလိုက်ပါ။

Credit:Trend Myanmar

မှတ်ချက်များ