ခြင့္လႊတ္တတ္္ျခင္းက သင့္ဘဝကို ဘယ္ေလာက္ထိေကာင္းမြန္ေစလဲဆိုရင္


Zawgyiျဖင့္ဖတ္ရန္

ခြင့္လႊတ္တတ္ဖို႔ိဆိုတာ တကယ္ေတာ့ လြယ္တဲ့အလုပ္မဟုတ္ပါဘူး။ လူေတြဟာ ခံရျပီဆို
ကိစၥတစ္ခုကို တႏံု႔ႏံု႔ေတြးတတ္ၾကတာ သဘာဝပါ။ ကိုယ့္အေပၚမေကာင္းတဲ့လူတစ္ေယာက္ကို
ခႊင့္လႊတ္ေပးဖို႔ဆို ပုိေတာင္ေဝးေသးတယ္။

ဒါေပမယ့္ ခြင့္လႊတ္ၾကည့္ပါတဲ့ ။ ခြင့္လႊတ္လိုက္တာ သူ႔ကိုလုပ္ခ်င္တာလုပ္ဖို႔ အခြင့္ေရးေပးလိုက္
တာမဟုတ္ပါဘူး။ ကိုယ့္စိတ္ကိုယ္ ျငိမ္းခ်မ္းသြားေစေအာင္ပါ။ တစ္ခ်ဳိ ႔လူေတြက ခြင့္လႊတ္မႈနဲ႔
မထိုက္တန္တဲ့အခါ လစ္လ်ဳ႐ႈလိုက္ပါ။

သူ႔ဘာသာ လုပ္ခ်င္တာလုပ္ ဘာၾကီးပဲျဖစ္ေနပါေစ မင္းဂ႐ုမစိုက္ ၊ စိတ္ထဲေတာင္မထားရင္
ေအးေဆးပဲေပါ့။ ခြင့္လြႊတ္တတ္တဲ့စိတ္ဟာ သင့္ရဲ႕က်န္းမာေရးကိုလည္း ေကာင္းေစသလို
အဓိကကေတာ့ လံုးဝစိတ္ခ်မ္းသာေစပါတယ္။

ခြင့္မလႊတ္ႏုိင္ပဲ စိတ္ထဲထားျပီး ျပန္စဥ္းစားေနျခင္းက သင့္ကိုဖိစီးေစ႐ံုမက အလုပ္ပ်က္ကုိင္
ပ်က္နဲ႔ ႐ုပ္ကိုပါအိုေစပါတယ္။ ခြင့္လႊတ္္ျခင္းကိုသာ လက္ကိုင္ထားပါ။ အရာရာကို အေကာင္းျမင္
တတ္တဲ့စိတ္ေလးဟာ အသက္႐ွည္က်န္းမာေစသလို အခ်ိန္ပိုေတြထြက္ကာ ခ်စ္တဲ့လူေတြကို
ဘယ္လို တန္ဖိုးထားရမလဲဆိုတာ သိျမင္လာပါလိမ့္မယ္။

Credit:Trend Myanmar

Unicodeဖြင့်ဖတ်ရန်

ခွင့်လွှတ်တတ်ခြင်းက သင့်ဘဝကို ဘယ်လောက်ထိကောင်းမွန်စေလဲဆိုရင်

ခွင့်လွှတ်တတ်ဖို့ိဆိုတာ တကယ်တော့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ လူတွေဟာ ခံရပြီဆို
ကိစ္စတစ်ခုကို တနုံ့နုံ့တွေးတတ်ကြတာ သဘာဝပါ။ ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်ကို
ခွှင့်လွှတ်ပေးဖို့ဆို ပိုတောင်ဝေးသေးတယ်။

ဒါပေမယ့် ခွင့်လွှတ်ကြည့်ပါတဲ့ ။ ခွင့်လွှတ်လိုက်တာ သူ့ကိုလုပ်ချင်တာလုပ်ဖို့ အခွင့်ရေးပေးလိုက်
တာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းသွားစေအောင်ပါ။ တစ်ချို့လူတွေက ခွင့်လွှတ်မှုနဲ့
မထိုက်တန်တဲ့အခါ လစ်လျုရှုလိုက်ပါ။

သူ့ဘာသာ လုပ်ချင်တာလုပ် ဘာကြီးပဲဖြစ်နေပါစေ မင်းဂရုမစိုက် ၊ စိတ်ထဲတောင်မထားရင်
အေးဆေးပဲပေါ့။ ခွင့်လွှတ်တတ်တဲ့စိတ်ဟာ သင့်ရဲ့ကျန်းမာရေးကိုလည်း ကောင်းစေသလို
အဓိကကတော့ လုံးဝစိတ်ချမ်းသာစေပါတယ်။

ခွင့်မလွှတ်နိုင်ပဲ စိတ်ထဲထားပြီး ပြန်စဉ်းစားနေခြင်းက သင့်ကိုဖိစီးစေရုံမက အလုပ်ပျက်ကိုင်
ပျက်နဲ့ ရုပ်ကိုပါအိုစေပါတယ်။ ခွင့်လွှတ်ခြင်းကိုသာ လက်ကိုင်ထားပါ။ အရာရာကို အကောင်းမြင်
တတ်တဲ့စိတ်လေးဟာ အသက်ရှည်ကျန်းမာစေသလို အချိန်ပိုတွေထွက်ကာ ချစ်တဲ့လူတွေကို
ဘယ်လို တန်ဖိုးထားရမလဲဆိုတာ သိမြင်လာပါလိမ့်မယ်။

Credit:Trend Myanmar

မှတ်ချက်များ