Dancing With The Star အစီအစဥ္မွ ထြက္ခြာခဲ့ရလို့ အျပန္အလွန္ ေတာင္းပန္ခဲ့ၾကတဲ့ မ်ိဳးကိုကိုစန္းနဲ့ Hii




Zawgyiျဖင့္ဖတ္ရန္

နိုင္ငံေက်ာ္ ဆယ္လီေတြနဲ့ အကပညာရွင္ေတြ ပူးေပါင္းတင္ဆက္ျပီး ယွဥ္ျပိဳင္ၾကတဲ့ Dancing With The Star အစီအစဥ္က လတ္တေလာမွာ ပရိသတ္ေတြရဲ့ စိတ္ဝင္စားမႈကို ရရိွေနတာ ျဖစ္ပါတယ္။ Dancing With The Star အစီအစဥ္ရဲ့ {1st Live Show} ပြဲကိုေတာ့ မေန့က နိုဝင္ဘာလ (၂၄) ရက္ေန့က က်င္းပျပုလုပ္ခဲ့တာျဖစ္ျပီး ရမွတ္အနည္းဆံုးျဖစ္တဲ့ မ်ိဳးကိုကိုစန္းနဲ့ Hii တို့ကေတာ့ ျပိဳင္ပြဲကေန နႈတ္ဆက္ထြက္ခြာသြားျပီပဲ ျဖစ္ပါတယ္။


{1st Live Show} မွာတင္ နႈတ္ဆက္ထြက္ခြာသြားရတဲ့အတြက္ မ်ိဳးကိုကိုစန္းနဲ့ Hii တို့က စိတ္မေကာင္းျခင္းမ်ားစြာနဲ့ သူတို့ရဲ့ ပရိသတ္ေတြအျပင္ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ေတာင္းပန္ခဲ့ၾကတာကို ေတြ့ရပါတယ္။


Dancer Hii ကလည္း “ကြၽန္ေတာ့္ရဲ႕ ပါတနာ အတြက္ေရာ၊ အားေပးၾကတဲ့သူငယ္ခ်င္း ပရိတ္သတ္ေတြအားလုံးအတြက္ေရာ၊ ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္ မလုပ္ေပးႏိုင္ခဲ့တဲ့အတြက္ ….ေတာင္းပန္ပါတယ္။” ဆိုျပီး သူ့ရဲ့ပါတနာ မ်ိဳးကိုကိုစန္းနဲ့ ပရိသတ္ေတြကို ေတာင္းပန္စကားဆိုထားပါတယ္။


မ်ိဳးကိုကိုစန္းကလည္း “ညီမကေတာင္းပန္ရမွာပါ။ အေကာင္းဆံုးမႀကိဳးစားခဲ့လို႔ တကယ္ေတာင္းပန္ပါတယ္။ ဒီထက္မက ျဖစ္ခ်င္ခဲ့တာေတြအတြက္😢” ဆိုုျပီး ျပန္လည္ေတာင္းပန္ထားပါတယ္။


မ်ိဳးကိုကိုစန္းနဲ့ Hii တို့ကေတာ့ ျပိဳင္ပြဲေလ့က်င့္စဥ္အခ်ိန္ေတြက အနည္းငယ္ ကေတာက္ကဆေတြရိွေပမယ့္ ေနာက္ပိုင္းမွာေတာ့ တစ္ေယာက္နဲ့တစ္ေယာက္ ညိွညိွနိႈင္းနိႈင္းနဲ့ ၾကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာနဲ့ ရမွတ္အနည္းဆံုးနဲ့ နႈတ္ဆက္ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်



နိုင်ငံကျော် ဆယ်လီတွေနဲ့ အကပညာရှင်တွေ ပူးပေါင်းတင်ဆက်ပြီး ယှဉ်ပြိုင်ကြတဲ့ Dancing With The Star အစီအစဉ်က လတ်တလောမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။ Dancing With The Star အစီအစဉ်ရဲ့ {1st Live Show} ပွဲကိုတော့ မနေ့က နိုဝင်ဘာလ (၂၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရမှတ်အနည်းဆုံးဖြစ်တဲ့ မျိုးကိုကိုစန်းနဲ့ Hii တို့ကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။


{1st Live Show} မှာတင် နှုတ်ဆက်ထွက်ခွာသွားရတဲ့အတွက် မျိုးကိုကိုစန်းနဲ့ Hii တို့က စိတ်မကောင်းခြင်းများစွာနဲ့ သူတို့ရဲ့ ပရိသတ်တွေအပြင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တောင်းပန်ခဲ့ကြတာကို တွေ့ရပါတယ်။


Dancer Hii ကလည်း “ကျွန်တော့်ရဲ့ ပါတနာ အတွက်ရော၊ အားပေးကြတဲ့သူငယ်ချင်း ပရိတ်သတ်တွေအားလုံးအတွက်ရော၊ ကျွန်တော် အကောင်းဆုံးဖြစ်အောင် မလုပ်ပေးနိုင်ခဲ့တဲ့အတွက် ….တောင်းပန်ပါတယ်။” ဆိုပြီး သူ့ရဲ့ပါတနာ မျိုးကိုကိုစန်းနဲ့ ပရိသတ်တွေကို တောင်းပန်စကားဆိုထားပါတယ်။


မျိုးကိုကိုစန်းကလည်း “ညီမကတောင်းပန်ရမှာပါ။ အကောင်းဆုံးမကြိုးစားခဲ့လို့ တကယ်တောင်းပန်ပါတယ်။ ဒီထက်မက ဖြစ်ချင်ခဲ့တာတွေအတွက်😢” ဆိုပြီး ပြန်လည်တောင်းပန်ထားပါတယ်။


မျိုးကိုကိုစန်းနဲ့ Hii တို့ကတော့ ပြိုင်ပွဲလေ့ကျင့်စဉ်အချိန်တွေက အနည်းငယ် ကတောက်ကဆတွေရှိပေမယ့် နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ ရမှတ်အနည်းဆုံးနဲ့ နှုတ်ဆက်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

Credit: San Kyi Par 

မှတ်ချက်များ