Zawgyi ျဖင့္ဖတ္ရန္
တစ္စစီျဖဳတ္ထားေသာ လွ်ပ္စစ္ေပါင္းအိုးအား ေခါင္းစားစရာမလိုဘဲ အလြယ္ျပန္တပ္ဆင္နည္းလွ်ပ္စစ္ေပါင္းအိုးျပဳျပင္ရာတြင္ သူ႔နဂိုအေနအထားအတိုင္းကိုမွ ျပစ္ခ်က္ရွာေဖြျပဳျပင္ရတာ သိပ္ခက္ခဲမႈမရွိေသာ္လည္း
တစ္ခါတစ္ရံံ ျပဳျပင္သူမွ ျပင္ဆင္ရလြယ္ကူ ေစရန္ တစ္စစီျဖဳတ္လာေပးတတ္ေသာအခါဝယ္ wiring connection ျပန္လည္တပ္ဆင္ဖို႔ မ်က္စိလည္ေခါင္းရႈပ္ရတတ္ၿပီး အျခားတပ္ဆင္ၿပီးသားေပါင္းအိုးတစ္လုံးအားကိုးကားရတတ္ပါသည္
ကိုယ့္မွာလည္း အဆင္သင့္ေနာက္ထပ္တစ္အိုး ကိုးကားရန္မရွိေသာအခါဝယ္ ေပါင္းအိုးခ်က္ျပဳတ္ရန္ မီးပိုင္းတပ္ဆင္ၿပီးေနေသာ္လည္း အခ်က္ျပမီးပိုင္း ႐ြာလည္ေနတတ္ပါသည္ျပစ္ခ်က္ျပဳျပင္နည္းကိုေျပာခ်င္တာမဟုတ္ပါ ဝါယာႀကိဳးမ်ားျပန္လည္တပ္ဆင္နည္းကိုသာေျပာလိုျခင္း ျဖစ္ပါသည္
ႀကိဳးတစ္ခုခုျပဳတ္ေနေသာအခါမ်ိဳးတြင္လည္းအသုံးတည့္ႏိုင္ေစမွာပါ
ပါဝင္ေသာပစၥည္းမ်ားႏွင့္္ ႀကိဳးစမ်ား
(၁) အခ်က္ျပမီးသီးႀကိဳး ၃ႀကိဳး
(၂) အေႏြးကြိဳင္ျပား ၂ ႀကိဳး
(၃) မီးအဝင္အထိုင္မွထြက္လာေသာ AC ၂ႀကိဳ
(၄) အပူကြိဳင္ ငုတ္ ၂ငုတ္
ပထမဆုံး အခ်က္ျပမီးႀကိဳး ၃ခုတြင္ ဘုံႀကိဳးကို သိေအာင္အရင္ျပဳလုပ္ပါေရွ႕ပိုင္းအခ်က္ျပမီးသီးတပ္ဆင္ရာ ေကာ္ခုံအတြင္းရွိ ဆားကစ္ကိုျမင္ရရင္ေတာ့ နားလည္သူဆို အျမင္နဲ႔တင္ခြဲႏိုင္ပါတယ္ဒါေပမယ့္ အခ်ိန္ကုန္မခံခ်င္လို႔ ဘာမွမျဖဳတ္ဘဲ လက္ရွိႀကိဳး၃ခုကိုပဲ အစေတြခြဲခ်င္ရင္ေတာ့ မ်က္စိလည္တတ္ပါတယ္
ဘုံံႀကိဳးစခြဲနည္း
ႀကိဳက္ရာႀကိဳး၂ေခ်ာင္းကိုပဲ AC မီးေကြၽးစမ္းၾကည့္ပါ ႀကိဳး၃ေခ်ာင္းျဖစ္သည့္အတြက္ ပတ္လည္ ၂ႀကိဳးစီ စမ္းရင္ ၃ႀကိမ္ျဖစ္ႏိုင္သည္မီးသီးတစ္လုံးတည္းလင္းေနတာ ႀကဳံရမည္ ျဖစ္သလို မီးသီးႏွစ္လုံးစလုံးလင္းေနတာလည္းႀကဳံရမည္
ႀကိဳး ၂ႀကိဳးကို AC မီးေကြၽးစမ္းၾကည့္လို႔ိ မီးသီး ၂လုံး လင္းေနသည့္အေျခအေနတြင္ က်န္ေနသည့္ႀကိဳးစသည္ ဘုံႀကိဳးစျဖစ္သည္ ဘုံံဟုသတ္မွတ္သည္ အဲဒီဘုံႀကိဳးကို မွတ္ထားပါAC မီးႀကိဳးဝင္ရာအထိုင္မွ ထြက္လာေသာ မီးႀကိဳး၂ ႀကိဳးမွ ႀကိဳက္ရာတစ္ႀကိဳးကို အပူကြိဳင္၏ႀကိဳက္ရာတစ္ငုတ္ကို တိုက္႐ိုက္ေသာ္၎ ဖ်ဴးစ္ျဖင့္ေသာ္၎ တပ္ဆင္ပါ
ႀကိဳက္တဲ့ႀကိဳး ႀကိဳက္တဲ့ငုတ္ တပ္လို႔ေျပာတာ ဘာမွမွတ္စရာမလိုေသးဘူး ဒါဆို အပူကြိဳင္ငုတ္ တစ္ငုတ္မက်န္ေနဘူးလားအဲ့ငုတ္မွာ ေစာေစာကခြဲထားတဲ့ အခ်က္ျပမီးဘုံႀကိဳးကို တပ္ရပါမည္ ဒီအခ်က္ကို မသိ၍သာ တိုင္ပတ္ေနတတ္ျခင္းျဖစ္ပါသည္
သေဘာက AC မီးႀကိဳးတစ္စ တိုက္႐ိုက္ဝင္ထားေသာ အပူကြိဳင္ငုတ္ကိုဖယ္၍ က်န္ေသာငုတ္တြင္သာ အခ်က္ျပမီးသီး ဘုံႀကိဳးကို တပ္ရပါမည္AC မီးအဝင္ အထိုင္မွထြက္လာေသာ က်န္ႀကိဳးတစ္ေခ်ာင္းကို အျဖတ္အေတာက္လုပ္ေပးေသာ ခလုတ္အေပၚစ ေအာက္စ ၂စမွာ ႀကိဳက္တဲ့အစတပ္
ဥပမာ ခလုတ္အေပၚစ မီးႀကိဳးတစ္စတပ္ရင္ ခလုတ္ေအာက္စကို ေစာေစာက က်န္ေနတဲ့ အပူကြိဳင္ငုတ္ကို ဆက္သြယ္ေပးရမည္ဒီအထိလည္း မွတ္စရာသီးသန႔္မလိုေသးဘူးေနာ္ ဒီအဆင့္ကိုေတာ့ စက္ဆရာတိုင္းအလြယ္သိျမင္တပ္ဆင္ႏိုင္ၾကပါတယ္
ဒါဆိုရင္ ေပါင္းအိုးခလုတ္ႏွိပ္လိုက္ရင္ ကြိဳင္ပူေနေသာ ခ်က္ျပဳတ္ရန္အသင့္အေနအထား ရၿပီျဖစ္သည္ အခ်က္ျပမီး တပ္ဆင္ဖို႔ပဲ က်န္ေတာ့မည္အခ်က္ျပမီးသီး မတပ္ဆင္ခင္ အေႏြးကြိဳင္ျပား ႀကိဳး ၂ေခ်ာင္းကို ခလုတ္ အေပၚစ ေအာက္စ ႀကိဳက္သလို(မွတ္စရာမလို) ခြတပ္ေပးလိုက္ပါ
ဒါဆို ေနာက္ဆုံး တပ္စရာ အခ်က္ျပမီးသီး ႀကိဳး ၂ ေခ်ာင္းပဲ က်န္ေတာ့တာေပါ့ အဲဒီ ၂ႀကိဳးကိုလည္း ဘာမွစဥ္းစားေနစရာ မွတ္ေနစရာမလိုAC မီးႀကိဳးအဝင္ အထိုင္မွ ထြက္လာေသာ ႀကိဳး၂ေခ်ာင္းတပ္ဆင္ထားရာမွာသာ ႀကိဳက္သလိုတပ္ေပးလိုက္ပါ
ေပါင္းအိုးကို ခလုတ္မႏွိပ္ေသးဘဲ မီးထိုးၾကည့္လိုက္တာနဲ႔ အဝါမီး မလင္းဘဲ အနီမီးလင္းေနရင္ ေစာေစာက တပ္လိုက္တဲ့ႀကိဳးႏွစ္ေခ်ာင္းကိုဘယ္ညာျပန္ေျပာင္းတပ္ေပးလိုက္ပါ အားလုံး OK သြားပါလိမ့္မည္
ဒီလိုၿပီးဆုံးသည္အထိ ဘယ္ႀကိဳးဘယ္မွာ တပ္ရမယ္လို႔ တကူးတကမွတ္ထားစရာ မလိုဘဲ လြဲလို႔မရတာက ဘုံႀကိဳးတပ္သည့္ေနရာေလးတစ္ခုပဲ အေသမွတ္ရမွာျဖစ္ပါတယ္ အဲဒါလြဲရင္ေတာ့ အနည္းငယ္ေခါင္းရႈပ္ အခ်ိန္ကုန္ရပါတယ္
ႀကိဳးတပ္နည္းေျပာရင္းနဲ႔ ေပါင္းအိုး မီးထိုးလိုက္တာနဲ႔ မီးသီး ၂လုံးစလုံးလင္းေနတဲ့ျပစ္ခ်က္ကို ေျပာၿပီးသြားျဖစ္သြားပါၿပီ ဘုံံႀကိဳး အရင္းက မသိမသာျပတ္ျပတ္ေနတတ္ပါတယ္အဲလိုျဖစ္ရင္ အပူကြိဳင္ငုတ္မွာ မီးႀကိဳးတစ္ႀကိဳးတိုက္႐ိုက္ဝင္တဲ့အစ မဟုတ္တဲ့အပူကြိဳင္ငုတ္ရဲ႕အခ်က္ျပမီးႀကိဳးအရင္းကိုစစ္ၾကည့္ပါ
အလြယ္မွတ္နည္း
အဝါမီးသီးလင္းတဲ့ အခ်က္ျပမီးသီးႀကိဳး ၂ႀကိဳးသည္ အေႏြးကြိဳင္ကိုခြတပ္
အနီမီးသီးလင္းတဲ့ အခ်က္ျပမီးသီးႀကိဳး ၂ႀကိဳးသည္ အပူကြိဳင္ငုတ္၂ငုတ္ကိုခြတပ္
အေႏြးကြိဳင္သည္ ခလုတ္ ၂စကို ခြတပ္ဘုံႀကိဳးစမွလြဲ၍ အခ်က္ျပမီးသီးႀကိဳး ၂စသည္ အဝင္ေအစီႀကိဳး ၂စကို ခြတပ္စက္ျပင္ဆရာမ်ားအတြက္ အကူအညီတစ္စုံတစ္ရာ ရေစရန္ ရည္႐ြယ္ျခင္းျဖစ္ၿပီး ဝါသနာရွင္မ်ား လိုက္မလုပ္ၾကေစရန္ ေျပာၾကားလိုပါသည္
မွားယြင္းတပ္ဆင္မိပါက အိမ္၏မိန္းဖ်ဴးစ္မ်ား ျပတ္ေတာက္ short ျဖစ္ျခင္း မီးတိုက္႐ိုက္ဝင္သည့္ ပစၥည္းမ်ားျဖစ္၍ ဓာတ္လိုက္ေသာ အႏၲရယ္ျဖင့္လည္း ႀကဳံေတြ႕ေစႏိုင္ပါသည္စက္ဆရာမ်ား ေခါင္းစားသက္သာၿပီး ႀကိဳးလြဲျခင္း ကင္းရွင္းႏိုင္ၾကပါေစ
Credit:ေနဝင္းအီလက္ထေရာနစ္
Unicode ဖြင့်ဖတ်ရန်
ထမင်းပေါင်းအိုးပြင်လျှင် စိတ်မရှုပ်ဖို့ အလွယ်မှတ်သားနည်း
တစ်စစီဖြုတ်ထားသော လျှပ်စစ်ပေါင်းအိုးအား ခေါင်းစားစရာမလိုဘဲ အလွယ်ပြန်တပ်ဆင်နည်းလျှပ်စစ်ပေါင်းအိုးပြုပြင်ရာတွင် သူ့နဂိုအနေအထားအတိုင်းကိုမှ ပြစ်ချက်ရှာဖွေပြုပြင်ရတာ သိပ်ခက်ခဲမှုမရှိသော်လည်း
တစ်ခါတစ်ရံံ ပြုပြင်သူမှ ပြင်ဆင်ရလွယ်ကူ စေရန် တစ်စစီဖြုတ်လာပေးတတ်သောအခါဝယ် wiring connection ပြန်လည်တပ်ဆင်ဖို့ မျက်စိလည်ခေါင်းရှုပ်ရတတ်ပြီး အခြားတပ်ဆင်ပြီးသားပေါင်းအိုးတစ်လုံးအားကိုးကားရတတ်ပါသည်
ကိုယ့်မှာလည်း အဆင်သင့်နောက်ထပ်တစ်အိုး ကိုးကားရန်မရှိသောအခါဝယ် ပေါင်းအိုးချက်ပြုတ်ရန် မီးပိုင်းတပ်ဆင်ပြီးနေသော်လည်း အချက်ပြမီးပိုင်း ရွာလည်နေတတ်ပါသည်ပြစ်ချက်ပြုပြင်နည်းကိုပြောချင်တာမဟုတ်ပါ ဝါယာကြိုးများပြန်လည်တပ်ဆင်နည်းကိုသာပြောလိုခြင်း ဖြစ်ပါသည်
ကြိုးတစ်ခုခုပြုတ်နေသောအခါမျိုးတွင်လည်းအသုံးတည့်နိုင်စေမှာပါ
ပါဝင်သောပစ္စည်းများနှင့် ကြိုးစများ
(၁) အချက်ပြမီးသီးကြိုး ၃ကြိုး
(၂) အနွေးကွိုင်ပြား ၂ ကြိုး
(၃) မီးအဝင်အထိုင်မှထွက်လာသော AC ၂ကြို
(၄) အပူကွိုင် ငုတ် ၂ငုတ်
ပထမဆုံး အချက်ပြမီးကြိုး ၃ခုတွင် ဘုံကြိုးကို သိအောင်အရင်ပြုလုပ်ပါရှေ့ပိုင်းအချက်ပြမီးသီးတပ်ဆင်ရာ ကော်ခုံအတွင်းရှိ ဆားကစ်ကိုမြင်ရရင်တော့ နားလည်သူဆို အမြင်နဲ့တင်ခွဲနိုင်ပါတယ်ဒါပေမယ့် အချိန်ကုန်မခံချင်လို့ ဘာမှမဖြုတ်ဘဲ လက်ရှိကြိုး၃ခုကိုပဲ အစတွေခွဲချင်ရင်တော့ မျက်စိလည်တတ်ပါတယ်
ဘုံံကြိုးစခွဲနည်း
ကြိုက်ရာကြိုး၂ချောင်းကိုပဲ AC မီးကျွေးစမ်းကြည့်ပါ ကြိုး၃ချောင်းဖြစ်သည့်အတွက် ပတ်လည် ၂ကြိုးစီ စမ်းရင် ၃ကြိမ်ဖြစ်နိုင်သည်မီးသီးတစ်လုံးတည်းလင်းနေတာ ကြုံရမည် ဖြစ်သလို မီးသီးနှစ်လုံးစလုံးလင်းနေတာလည်းကြုံရမည်
ကြိုး ၂ကြိုးကို AC မီးကျွေးစမ်းကြည့်လို့ိ မီးသီး ၂လုံး လင်းနေသည့်အခြေအနေတွင် ကျန်နေသည့်ကြိုးစသည် ဘုံကြိုးစဖြစ်သည် ဘုံံဟုသတ်မှတ်သည် အဲဒီဘုံကြိုးကို မှတ်ထားပါAC မီးကြိုးဝင်ရာအထိုင်မှ ထွက်လာသော မီးကြိုး၂ ကြိုးမှ ကြိုက်ရာတစ်ကြိုးကို အပူကွိုင်၏ကြိုက်ရာတစ်ငုတ်ကို တိုက်ရိုက်သော်၎င်း ဖျူးစ်ဖြင့်သော်၎င်း တပ်ဆင်ပါ
ကြိုက်တဲ့ကြိုး ကြိုက်တဲ့ငုတ် တပ်လို့ပြောတာ ဘာမှမှတ်စရာမလိုသေးဘူး ဒါဆို အပူကွိုင်ငုတ် တစ်ငုတ်မကျန်နေဘူးလားအဲ့ငုတ်မှာ စောစောကခွဲထားတဲ့ အချက်ပြမီးဘုံကြိုးကို တပ်ရပါမည် ဒီအချက်ကို မသိ၍သာ တိုင်ပတ်နေတတ်ခြင်းဖြစ်ပါသည်
သဘောက AC မီးကြိုးတစ်စ တိုက်ရိုက်ဝင်ထားသော အပူကွိုင်ငုတ်ကိုဖယ်၍ ကျန်သောငုတ်တွင်သာ အချက်ပြမီးသီး ဘုံကြိုးကို တပ်ရပါမည်AC မီးအဝင် အထိုင်မှထွက်လာသော ကျန်ကြိုးတစ်ချောင်းကို အဖြတ်အတောက်လုပ်ပေးသော ခလုတ်အပေါ်စ အောက်စ ၂စမှာ ကြိုက်တဲ့အစတပ်
ဥပမာ ခလုတ်အပေါ်စ မီးကြိုးတစ်စတပ်ရင် ခလုတ်အောက်စကို စောစောက ကျန်နေတဲ့ အပူကွိုင်ငုတ်ကို ဆက်သွယ်ပေးရမည်ဒီအထိလည်း မှတ်စရာသီးသန့်မလိုသေးဘူးနော် ဒီအဆင့်ကိုတော့ စက်ဆရာတိုင်းအလွယ်သိမြင်တပ်ဆင်နိုင်ကြပါတယ်
ဒါဆိုရင် ပေါင်းအိုးခလုတ်နှိပ်လိုက်ရင် ကွိုင်ပူနေသော ချက်ပြုတ်ရန်အသင့်အနေအထား ရပြီဖြစ်သည် အချက်ပြမီး တပ်ဆင်ဖို့ပဲ ကျန်တော့မည်အချက်ပြမီးသီး မတပ်ဆင်ခင် အနွေးကွိုင်ပြား ကြိုး ၂ချောင်းကို ခလုတ် အပေါ်စ အောက်စ ကြိုက်သလို(မှတ်စရာမလို) ခွတပ်ပေးလိုက်ပါ
ဒါဆို နောက်ဆုံး တပ်စရာ အချက်ပြမီးသီး ကြိုး ၂ ချောင်းပဲ ကျန်တော့တာပေါ့ အဲဒီ ၂ကြိုးကိုလည်း ဘာမှစဉ်းစားနေစရာ မှတ်နေစရာမလိုAC မီးကြိုးအဝင် အထိုင်မှ ထွက်လာသော ကြိုး၂ချောင်းတပ်ဆင်ထားရာမှာသာ ကြိုက်သလိုတပ်ပေးလိုက်ပါ
ပေါင်းအိုးကို ခလုတ်မနှိပ်သေးဘဲ မီးထိုးကြည့်လိုက်တာနဲ့ အဝါမီး မလင်းဘဲ အနီမီးလင်းနေရင် စောစောက တပ်လိုက်တဲ့ကြိုးနှစ်ချောင်းကိုဘယ်ညာပြန်ပြောင်းတပ်ပေးလိုက်ပါ အားလုံး OK သွားပါလိမ့်မည်
ဒီလိုပြီးဆုံးသည်အထိ ဘယ်ကြိုးဘယ်မှာ တပ်ရမယ်လို့ တကူးတကမှတ်ထားစရာ မလိုဘဲ လွဲလို့မရတာက ဘုံကြိုးတပ်သည့်နေရာလေးတစ်ခုပဲ အသေမှတ်ရမှာဖြစ်ပါတယ် အဲဒါလွဲရင်တော့ အနည်းငယ်ခေါင်းရှုပ် အချိန်ကုန်ရပါတယ်
ကြိုးတပ်နည်းပြောရင်းနဲ့ ပေါင်းအိုး မီးထိုးလိုက်တာနဲ့ မီးသီး ၂လုံးစလုံးလင်းနေတဲ့ပြစ်ချက်ကို ပြောပြီးသွားဖြစ်သွားပါပြီ ဘုံံကြိုး အရင်းက မသိမသာပြတ်ပြတ်နေတတ်ပါတယ်အဲလိုဖြစ်ရင် အပူကွိုင်ငုတ်မှာ မီးကြိုးတစ်ကြိုးတိုက်ရိုက်ဝင်တဲ့အစ မဟုတ်တဲ့အပူကွိုင်ငုတ်ရဲ့အချက်ပြမီးကြိုးအရင်းကိုစစ်ကြည့်ပါ
အလွယ်မှတ်နည်း
အဝါမီးသီးလင်းတဲ့ အချက်ပြမီးသီးကြိုး ၂ကြိုးသည် အနွေးကွိုင်ကိုခွတပ်
အနီမီးသီးလင်းတဲ့ အချက်ပြမီးသီးကြိုး ၂ကြိုးသည် အပူကွိုင်ငုတ်၂ငုတ်ကိုခွတပ်
အနွေးကွိုင်သည် ခလုတ် ၂စကို ခွတပ်ဘုံကြိုးစမှလွဲ၍ အချက်ပြမီးသီးကြိုး ၂စသည် အဝင်အေစီကြိုး ၂စကို ခွတပ်စက်ပြင်ဆရာများအတွက် အကူအညီတစ်စုံတစ်ရာ ရစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဝါသနာရှင်များ လိုက်မလုပ်ကြစေရန် ပြောကြားလိုပါသည်
မှားယွင်းတပ်ဆင်မိပါက အိမ်၏မိန်းဖျူးစ်များ ပြတ်တောက် short ဖြစ်ခြင်း မီးတိုက်ရိုက်ဝင်သည့် ပစ္စည်းများဖြစ်၍ ဓာတ်လိုက်သော အန္တရယ်ဖြင့်လည်း ကြုံတွေ့စေနိုင်ပါသည်စက်ဆရာများ ခေါင်းစားသက်သာပြီး ကြိုးလွဲခြင်း ကင်းရှင်းနိုင်ကြပါစေ
Credit:နေဝင်းအီလက်ထရောနစ်






မှတ်ချက်များ