မိုးေလဝသပညာရွင္ဦးထြန္းလြင္အတြက္ ပုပၸါးေတာင္ေျခတြင္အမွတ္တရသစ္ပင္စိုက္





Zawgyiျဖင့္ဖတ္ရန္

ျမန္မာအစိမ္းေရာင္ကြန္ရက္ ပညာရွင္အဖြဲ႕၀င္ျဖစ္တဲ့ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္ ကြယ္လြန္ျခင္းအမွတ္ တရအျဖစ္ ႏို၀င္ဘာ ၂၄ ရက္ညေနက ပုပၸါးေတာင္‌ေျခ Geo Park မွာကြန္ရက္အဖြဲ႕၀င္ေတြနဲ႔သဘာ၀ပတ္၀န္းက်င္ခ်စ္ခင္သူေတြစုေပါင္းၿပီး သစ္ပင္စိုက္ပ်ိဳးခဲ့ပါတယ္။မိုးေလ၀သပညာရွင္ဦးထြန္းလြင္အထိမ္းအမွတ္သစ္ပင္စိုက္ပ်ိဳးဖို႔ ျမသားလြင္ျပင္ ဦးၾကည္၀င္းက အလႉေငြ က်ပ္တစ္သိန္းလႉဒါန္းခဲ့တာပါ။


မိုးေလ၀သပညာရွင္ဦးထြန္းလြင္အတြက္ သစ္ပင္စိုက္ပ်ိဳးခဲ့တဲ့ေနရာမွာ ကြယ္လြန္သြားတဲ့ သစ္ေတာပညာရွင္ ဆရာႀကီး ဦးအုန္းအထိမ္းအမွတ္အျဖစ္သစ္ပင္ေတြ စိုက္ပ်ိဳးထားတဲ့ ေနရာလည္း ျဖစ္တယ္။ပိေတာက္၊ကရမက္၊အင္ၾကင္းစတဲ့ သစ္ပင္ ၁၂ ပင္ကို ကနဦးစိုက္ပ်ိဳးခဲ့တဲ့အျပင္ ေ႐ႊနဒီပရဟိတဘုန္းေတာ္ႀကီးကလည္း ဦးထြန္းလြင္အတြက္ ရည္စူးအမွ်ေပးတရားေဟာခဲ့ပါတယ္။


Unicode ဖြင့်ဖတ်ရန်


မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ဝင်ဖြစ်တဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်ခြင်းအမှတ် တရအဖြစ် နိုဝင်ဘာ ၂၄ ရက်ညနေက ပုပ္ပါးတောင်‌ခြေ Geo Park မှာကွန်ရက်အဖွဲ့ဝင်တွေနဲ့သဘာဝပတ်ဝန်းကျင်ချစ်ခင်သူတွေစုပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ပါတယ်။မိုးလေဝသပညာရှင်ဦးထွန်းလွင်အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးဖို့ မြသားလွင်ပြင် ဦးကြည်ဝင်းက အလှူငွေ ကျပ်တစ်သိန်းလှူဒါန်းခဲ့တာပါ။


မိုးလေဝသပညာရှင်ဦးထွန်းလွင်အတွက် သစ်ပင်စိုက်ပျိုးခဲ့တဲ့နေရာမှာ ကွယ်လွန်သွားတဲ့ သစ်တောပညာရှင် ဆရာကြီး ဦးအုန်းအထိမ်းအမှတ်အဖြစ်သစ်ပင်တွေ စိုက်ပျိုးထားတဲ့ နေရာလည်း ဖြစ်တယ်။ပိတောက်၊ကရမက်၊အင်ကြင်းစတဲ့ သစ်ပင် ၁၂ ပင်ကို ကနဦးစိုက်ပျိုးခဲ့တဲ့အပြင် ရွှေနဒီပရဟိတဘုန်းတော်ကြီးကလည်း ဦးထွန်းလွင်အတွက် ရည်စူးအမျှပေးတရားဟောခဲ့ပါတယ်။


Credit: Burmese Asia 


မှတ်ချက်များ