ျမန္မာအသင္းကို အားေပးဖို႔ပရိတ္သတ္ကို စည္း႐ုံးလိုက္တဲ့ စိုင္းစိုင္းရဲ႕ ထိထိမိမိ စာတစ္ေၾကာင္း






Zawgyi ျဖင့္ဖတ္ရန္

လတ္တ‌ေလာ ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပျပဳလုပ္ေနတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားဆိုရာ Seagame 2019 မွာ ျမန္မာ ႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ အားကစားသမားမ်ား ကိုယ္စီ သြားေရာက္ယွဥ္ၿပိဳင္ေနၾကၿပီပဲျဖစ္ပါတယ္။ ေဘာလုံးဟာဆိုရင္ လူႀကိဳက္မ်ားတဲ့ အားကစားတစ္ခုျဖစ္ၿပီး ျမန္မာပရိတ္သတ္ေတြ ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔ ေစာင့္ေမွ်ာ္ၾကည့္ရႈတတ္တဲ့ အားကစားတစ္မ်ိဳးပဲျဖစ္ပါတယ္။



ႏိုင္ငံေက်ာ္ အဆိုေတာ္ သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္က သူကိုယ္တိုင္ ေဘာလုံးဝါသနာရွင္ တစ္ေယာက္အေနနဲ႔ ျမန္မာ ပရိတ္သတ္ေတြ ျမန္မာအသင္းကို ေသာင္းေသာင္းျဖျဖအားေပးၾကဖို႔ လူမႈကြန္ယက္မွာ စာတစ္ေၾကာင္းေရးသားၿပီး တင္ခဲ့ပါတယ္။



စိုင္းစိုင္းက “စာေမးပြဲ က်က်ေအာင္ေအာင္ ကိုယ့္သားသမီးကိုယ္ အားေပးရမွာပဲ ကိုယ့္ေမာင္ႏွမဘက္က ကိုယ္ရပ္ရမွာပဲ ေဘာပြဲႏိုင္ႏိုင္ရႈံးရႈံး ကိုယ့္အသင္းကိုယ္ အားေပးရမွာပဲ ကိုယ့္ညီေတြဘက္က ကိုယ္ရပ္တည္ရမွာပဲ အစြမ္းကုန္ ညႇစ္ထုတ္ ကစားၾကမယ္လို႔ ယုံၾကည္တယ္ အျပည့္အဝအားေပးၾကမယ္ ဒါဘဲ” ဆိုၿပီး ျမန္မာအသင္းကို အားရွိသြားေစမယ့္ စာသား ေရးသားလာပါတယ္။





စိုင္းစိုင္းဟာ သူကိုယ္တိုင္က ေဘာလုံးဝါသနာရွင္ တစ္ဦးပီပီ ျမန္မာအသင္းကို အျပတ္အသတ္အားေပးေနေတာ့တာပါပဲ။



စိုင္းစိုင္းေပးတဲ့ ခြန္အား၊ တစ္ႏိုင္ငံလုံးက အားေပးေနတဲ့ ခြန္အားေတြနဲ႔အတူ ျမန္မာ ယူ-၂၂ နဲ႔ ျမန္မာ အမ်ိဳးသမီး လက္ေ႐ြးစင္ ေဘာလုံးအသင္းတို႔ ၿပိဳင္ပြဲမွာ ထိခိုက္ဒဏ္ရာမရွိဘဲ အႏိုင္ရရွိေအာင္ ေဆာ့ကစားႏိုင္ပါေစလို႔ ပိုပိုေလးမွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Credit: popolay 



Unicode ဖြင့်ဖတ်ရန်

 မြန်မာအသင်းကို အားပေးဖို့ပရိတ်သတ်ကို စည်းရုံးလိုက်တဲ့ စိုင်းစိုင်းရဲ့ ထိထိမိမိ စာတစ်ကြောင်း


လတ်တ‌လော ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုရာ Seagame 2019 မှာ မြန်မာ နိုင်ငံ ကိုယ်စားပြုအနေနဲ့ အားကစားသမားများ ကိုယ်စီ သွားရောက်ယှဉ်ပြိုင်နေကြပြီပဲဖြစ်ပါတယ်။ ဘောလုံးဟာဆိုရင် လူကြိုက်များတဲ့ အားကစားတစ်ခုဖြစ်ပြီး မြန်မာပရိတ်သတ်တွေ မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်မျှော်ကြည့်ရှုတတ်တဲ့ အားကစားတစ်မျိုးပဲဖြစ်ပါတယ်။



နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က သူကိုယ်တိုင် ဘောလုံးဝါသနာရှင် တစ်ယောက်အနေနဲ့ မြန်မာ ပရိတ်သတ်တွေ မြန်မာအသင်းကို သောင်းသောင်းဖြဖြအားပေးကြဖို့ လူမှုကွန်ယက်မှာ စာတစ်ကြောင်းရေးသားပြီး တင်ခဲ့ပါတယ်။



စိုင်းစိုင်းက “စာမေးပွဲ ကျကျအောင်အောင် ကိုယ့်သားသမီးကိုယ် အားပေးရမှာပဲ ကိုယ့်မောင်နှမဘက်က ကိုယ်ရပ်ရမှာပဲ ဘောပွဲနိုင်နိုင်ရှုံးရှုံး ကိုယ့်အသင်းကိုယ် အားပေးရမှာပဲ ကိုယ့်ညီတွေဘက်က ကိုယ်ရပ်တည်ရမှာပဲ အစွမ်းကုန် ညှစ်ထုတ် ကစားကြမယ်လို့ ယုံကြည်တယ် အပြည့်အဝအားပေးကြမယ် ဒါဘဲ” ဆိုပြီး မြန်မာအသင်းကို အားရှိသွားစေမယ့် စာသား ရေးသားလာပါတယ်။



စိုင်းစိုင်းဟာ သူကိုယ်တိုင်က ဘောလုံးဝါသနာရှင် တစ်ဦးပီပီ မြန်မာအသင်းကို အပြတ်အသတ်အားပေးနေတော့တာပါပဲ။



စိုင်းစိုင်းပေးတဲ့ ခွန်အား၊ တစ်နိုင်ငံလုံးက အားပေးနေတဲ့ ခွန်အားတွေနဲ့အတူ မြန်မာ ယူ-၂၂ နဲ့ မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းတို့ ပြိုင်ပွဲမှာ ထိခိုက်ဒဏ်ရာမရှိဘဲ အနိုင်ရရှိအောင် ဆော့ကစားနိုင်ပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit: popolay 


မှတ်ချက်များ