ဖန္ေတြအားလုံး ဂယက္႐ိုက္ေစခဲ့တဲ့ The Model Academy ဖိုင္နယ္ၿပိဳင္ပြဲႀကီး





Zawgyiျဖင့္ဖတ္ရန္

ပရိသတ္ၾကီးေရ.. ပရိသတ္ေတြအစဥ္မျပတ္ေစာင့္ၾကည္႕ခဲ့တဲ့ The Model Academy ျပိဳင္ပြဲၾကီးရဲ႕ Grand Final ပြဲၾကီးကေတာ့ ေအာင္ျမင္စြာျပီးဆံုးသြားခဲ့ပါျပီ ။ Winner ဆုၾကီးကိုလည္း ျငိမ္းခ်မ္းက ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိသြားသလို ဒီး ကေတာ့ 1st Runner Up ရရွိခဲ့တာပါ ။ ျပိဳင္ပြဲတစ္ေလွ်ာက္ အရမ္းကိုၾကိဳးစားခဲ့တဲ့ ရလဒ္အေနနဲ႔ ျငိမ္းခ်မ္းတစ္ေယာက္ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသလို Winner ဆုကိုရရွိခဲ့တာပဲျဖစ္ပါတယ္ ။



ျငိမ္းခ်မ္းတစ္ေယာက္ Winner ဆုၾကီးကိုရရွိခဲ့တာနဲ႔ပတ္သက္ျပီး We Love ဖန္ေတြၾကားမွာ ဂယက္ရိုက္မႈေလးအနည္းငယ္ေတာ့ရွိခဲ့ပါတယ္ ။ ျပိဳင္ပြဲအျပီး ဆုခ်ီးျမွင့္ျပီးတဲ့အခ်ိန္မွာေတာ့ ျငိမ္းခ်မ္းကို ဂုဏ္ျပဳရမယ့္အစား ဒီးဆီကို အားလံုးေျပးျပီး ေပြ႕ဖက္ခဲ့ၾကတဲ့အတြက္ ျငိမ္းခ်မ္းရဲ႕ ဖန္ေတြက မေက်မနပ္ျဖစ္ေနခဲ့ၾကတာပါ ။ ဆုရတာ ဒီး လား လို႕ေတာင္ထင္ေယာင္ထင္မွားျဖစ္ရတဲ့ ထိ ဒီးကို အားလံုးက ေပြ့ဖက္ခုန္ေပါက္ျပီး ဂုဏ္ျပဳေနၾကတဲ့အတြက္ ဖန္အခ်င္းခ်င္း အခ်င္းမ်ားစရာေတြျဖစ္ခဲ့တာပါ ။ ျငိမး္ခ်မ္းရဲ႕ဖန္ေတြကလည္း သူတို႕ idol ဘက္က စိတ္တိုၾကသလို ဒီးနဲ႕ဘုန္းျပည္႕တို႕ရဲ႕ဖန္ေတြကလည္း ျပန္လည္ေခ်ပ ေျပာဆိုတဲ့အတြက္ ဖန္အခ်င္းခ်င္းအဆင္မေျပမႈေလးေတြ အနညး္ငယ္ျဖစ္ခဲ့ပါတယ္ ။



Idol ေတြကိုခ်စ္တဲ့စိတ္နဲ႔ ဖန္အခ်င္းခ်င္း ကေတာက္ကဆ ျဖစ္ခဲ့ေပမယ့္ Idol ေတြကေတာ့ အခ်င္းခ်င္း ခ်စ္ခ်စ္ ခင္ခင္ရွိေနဆဲပါ ။ ဘယ္သူပဲ Winner ရရ အားေပးတဲ့ဖန္ကိုယ္စီနဲ႔ အနုပညာလမ္းကိုဆက္ေလွ်ာက္ဖို႕ အားအင္ေတြရွိေနျပီျဖစ္လုိ႕ ပရိသတ္ေတြကဆက္လက္ခ်စ္ခင္ေပးရင္း အားအင္ေတြေပးလုိက္ၾကရေအာင္ေနာ္ ။

Unicode ဖြင့်ဖတ်ရန်



ပရိသတ်ကြီးရေ.. ပရိသတ်တွေအစဉ်မပြတ်စောင့်ကြည့်ခဲ့တဲ့ The Model Academy ပြိုင်ပွဲကြီးရဲ့ Grand Final ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ ။ Winner ဆုကြီးကိုလည်း ငြိမ်းချမ်းက ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားသလို ဒီး ကတော့ 1st Runner Up ရရှိခဲ့တာပါ ။ ပြိုင်ပွဲတစ်လျှောက် အရမ်းကိုကြိုးစားခဲ့တဲ့ ရလဒ်အနေနဲ့ ငြိမ်းချမ်းတစ်ယောက် ပရိသတ်တွေ မျှော်လင့်ထားသလို Winner ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ် ။



ငြိမ်းချမ်းတစ်ယောက် Winner ဆုကြီးကိုရရှိခဲ့တာနဲ့ပတ်သက်ပြီး We Love ဖန်တွေကြားမှာ ဂယက်ရိုက်မှုလေးအနည်းငယ်တော့ရှိခဲ့ပါတယ် ။ ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပြီးတဲ့အချိန်မှာတော့ ငြိမ်းချမ်းကို ဂုဏ်ပြုရမယ့်အစား ဒီးဆီကို အားလုံးပြေးပြီး ပွေ့ဖက်ခဲ့ကြတဲ့အတွက် ငြိမ်းချမ်းရဲ့ ဖန်တွေက မကျေမနပ်ဖြစ်နေခဲ့ကြတာပါ ။ ဆုရတာ ဒီး လား လို့တောင်ထင်ယောင်ထင်မှားဖြစ်ရတဲ့ ထိ ဒီးကို အားလုံးက ပွေ့ဖက်ခုန်ပေါက်ပြီး ဂုဏ်ပြုနေကြတဲ့အတွက် ဖန်အချင်းချင်း အချင်းများစရာတွေဖြစ်ခဲ့တာပါ ။ ငြိမ်းချမ်းရဲ့ဖန်တွေကလည်း သူတို့ idol ဘက်က စိတ်တိုကြသလို ဒီးနဲ့ဘုန်းပြည့်တို့ရဲ့ဖန်တွေကလည်း ပြန်လည်ချေပ ပြောဆိုတဲ့အတွက် ဖန်အချင်းချင်းအဆင်မပြေမှုလေးတွေ အနည်းငယ်ဖြစ်ခဲ့ပါတယ် ။



Idol တွေကိုချစ်တဲ့စိတ်နဲ့ ဖန်အချင်းချင်း ကတောက်ကဆ ဖြစ်ခဲ့ပေမယ့် Idol တွေကတော့ အချင်းချင်း ချစ်ချစ် ခင်ခင်ရှိနေဆဲပါ ။ ဘယ်သူပဲ Winner ရရ အားပေးတဲ့ဖန်ကိုယ်စီနဲ့ အနုပညာလမ်းကိုဆက်လျှောက်ဖို့ အားအင်တွေရှိနေပြီဖြစ်လို့ ပရိသတ်တွေကဆက်လက်ချစ်ခင်ပေးရင်း အားအင်တွေပေးလိုက်ကြရအောင်နော် ။


Credit: Burmese  Asia 


မှတ်ချက်များ