ထိုင္းမာဆက္တစ္ခုမွာ အႏွိပ္ခံခဲ့တဲ့ အမ်ိဳးသား၊ အေၾကာမွားႏွိပ္ခံရၿပီး ေသဆုံး

Zawgyiျဖင့္ဖတ္ရန္
ထုိင္းႏုိ္င္ငံမွာ အမ်ိဳးသားတစ္ဦးဟာ မာဆက္ကုိ ဝင္ေရာက္အႏွိပ္ခံစဥ္မွာ အေၾကာမွာ ႏွိပ္မိၿပီး ႐ုတ္တရက္ အသက္႐ွဴရပ္တန္႔ကာ ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဒီလုိ ျဖစ္ရျခင္းဟာ ျဖစ္ခ်ိန္တန္လုိ႔ ျဖစ္တာျဖစ္ၿပီး၊ ဒီမတုိင္ခင္ကတည္းက အဲဒီအမ်ိဳးသားဟာ ဒဏ္ရာရရွိထားသူလုိ႔ ေျပာေနၾကပါတယ္။
ေသဆုံးသူရဲ႕ ညီ Tom က သူ႕အစ္ဟာ မၾကာခင္ရက္ပုိင္းက သူငယ္ခ်င္းေတြနဲ႔အတူ အေပ်ာ္တမ္း ေဘာလုံးကစားခဲ့ေၾကာင္း ဆုိပါတယ္။ အစ္ကုိျဖစ္သူ Sanook ဟာ ေဘာလုံးကစားစဥ္မွာ ေျခက်င္းဝတ္ အစစ္လည္ဒဏ္ရာ ရရွိခဲ့ၿပီး ေဒါက္တာနဲ႔ျပသခဲ့ေပမယ့္ မသက္သာခဲ့ေၾကာင္း သိရပါတယ္။
ဒီလုိနဲ႔ ေနာက္တစ္ပတ္ေလာက္ အၾကာမွာ ညီအစ္ကိုေတြ၊ သူငယ္ခ်င္းေတြ ေရေပၚေစ်းပြဲ သြားခဲ့ၾကပါတယ္။ အဲဒီေစ်းပြဲမွာ Sanook ဟာ ေျခေထာက္ဒဏ္ရာ အေတာ္မသက္မသာ ျဖစ္လာခဲ့လုိ႔ နီးစပ္ရာမာဆက္တစ္ခုခုမွာ သြားေရာက္ အႏွိပ္ခံဖုိ႔ သူငယ္ခ်င္းေတြကုိ တုိင္ပင္ခဲ့ပါတယ္။
သူငယ္ခ်င္းေတြကလည္း သူ႕ သေဘာအတုိင္း လုိက္ပုိ႔ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေရာက္ၿပီး ဆယ္မိနစ္အၾကာမွာ Sanook တစ္ေယာက္ အသက္ မရွဴႏုိင္မကယ္ႏုိင္ ျဖစ္လာခဲ့ပါတယ္။ အေရးေပၚသူနာျပဳအဖြဲ႕ကို ေခၚယူခဲ့ေပမယ့္ သူနာျပဳအဖြဲ႕မေရာက္ခင္မွာ အသက္ေသဆုံးသြားပါတယ္။
ဆရာဝန္ေတြကေတာ့ သူဟာ ေသြးေၾကာပိတ္ၿပီး ေသဆုံးသြားခဲ့တာလုိ႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ Sanook ရဲ႕ ဇနီးသည္ကေတာ့ ဆုိင္ကုိလည္း တရားစြဲမွာမဟုတ္ေၾကာင္း၊ ဗုဒၶတရားေတာ္အရ အေၾကာင္းရွိလုိ႔ အက်ိဳးျဖစ္လာရတာမုိ႔ သူမ တရားနဲ႔ ေျဖႏုိင္ပါတယ္လုိ႔ ေျပာပါတယ္။ မာဆက္ကလည္း သူမကို ေထာက္ပံ့ေၾကး (၄)ေသာင္း ေထာက္ပံ့ေၾကး ေပးခဲ့ပါတယ္။ ျမန္မာေငြနဲ႔ဆုိရင္ေတာ့ သိန္း(၂၀)ေလာက္ ရခဲ့တာျဖစ္ပါတယ္။
source : lovepattayathailand.com
Unicodeဖြင့်ဖတ်ရန်
 ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ မာဆက်ကို ဝင်ရောက်အနှိပ်ခံစဉ်မှာ အကြောမှာ နှိပ်မိပြီး ရုတ်တရက် အသက်ရှူရပ်တန့်ကာ သေဆုံးခဲ့ရကြောင်း သိရပါတယ်။ တစ်ချို့ကတော့ ဒီလို ဖြစ်ရခြင်းဟာ ဖြစ်ချိန်တန်လို့ ဖြစ်တာဖြစ်ပြီး၊ ဒီမတိုင်ခင်ကတည်းက အဲဒီအမျိုးသားဟာ ဒဏ်ရာရရှိထားသူလို့ ပြောနေကြပါတယ်။
သေဆုံးသူရဲ့ ညီ Tom က သူ့အစ်ဟာ မကြာခင်ရက်ပိုင်းက သူငယ်ချင်းတွေနဲ့အတူ အပျော်တမ်း ဘောလုံးကစားခဲ့ကြောင်း ဆိုပါတယ်။ အစ်ကိုဖြစ်သူ Sanook ဟာ ဘောလုံးကစားစဉ်မှာ ခြေကျင်းဝတ် အစစ်လည်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါက်တာနဲ့ပြသခဲ့ပေမယ့် မသက်သာခဲ့ကြောင်း သိရပါတယ်။
ဒီလိုနဲ့ နောက်တစ်ပတ်လောက် အကြာမှာ ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေ ရေပေါ်ဈေးပွဲ သွားခဲ့ကြပါတယ်။ အဲဒီဈေးပွဲမှာ Sanook ဟာ ခြေထောက်ဒဏ်ရာ အတော်မသက်မသာ ဖြစ်လာခဲ့လို့ နီးစပ်ရာမာဆက်တစ်ခုခုမှာ သွားရောက် အနှိပ်ခံဖို့ သူငယ်ချင်းတွေကို တိုင်ပင်ခဲ့ပါတယ်။
သူငယ်ချင်းတွေကလည်း သူ့ သဘောအတိုင်း လိုက်ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် ရောက်ပြီး ဆယ်မိနစ်အကြာမှာ Sanook တစ်ယောက် အသက် မရှူနိုင်မကယ်နိုင် ဖြစ်လာခဲ့ပါတယ်။ အရေးပေါ်သူနာပြုအဖွဲ့ကို ခေါ်ယူခဲ့ပေမယ့် သူနာပြုအဖွဲ့မရောက်ခင်မှာ အသက်သေဆုံးသွားပါတယ်။
ဆရာဝန်တွေကတော့ သူဟာ သွေးကြောပိတ်ပြီး သေဆုံးသွားခဲ့တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။ Sanook ရဲ့ ဇနီးသည်ကတော့ ဆိုင်ကိုလည်း တရားစွဲမှာမဟုတ်ကြောင်း၊ ဗုဒ္ဓတရားတော်အရ အကြောင်းရှိလို့ အကျိုးဖြစ်လာရတာမို့ သူမ တရားနဲ့ ဖြေနိုင်ပါတယ်လို့ ပြောပါတယ်။ မာဆက်ကလည်း သူမကို ထောက်ပံ့ကြေး (၄)သောင်း ထောက်ပံ့ကြေး ပေးခဲ့ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း(၂၀)လောက် ရခဲ့တာဖြစ်ပါတယ်။
Credit:နတ်စည်တော် (MyanmarNote)
source : lovepattayathailand.com

မှတ်ချက်များ