Zawgyiျဖင့္ဖတ္ရန္
ဇာတ္ပြဲမွာ လာေရာက္ေဖ်ာ္ေျဖႏိုင္ျခင္းမရွိတာေၾကာင့္ စြမ္းဇာနည္ကိုယ္တိုင္ ႏိုဝင္ဘာလ၂၅ရက္ေန႔ မနက္ပိုင္းက လာေရာက္ေတာင္းပန္ခဲ့ၿပီး ေလ်ာ္ေၾကးေငြ သိန္း(၃၀၀)က်ပ္နဲ႔ ညႇိဳႏႈိင္းမႈေျပလည္ခဲ့တယ္လို႔ ဇာတ္ပြဲျဖစ္ေျမာက္ေရးေကာ္မတီကသိရပါတယ္။
အမရပူရၿမိဳ႕နယ္ နန္းေတာ္ရာစံျပရပ္ကြက္အတြင္းက ဇာတ္ပြဲမွာ ကျပေဖ်ာ္ေျဖဖို႔ပြဲငွားထားေပမယ့္ မကျပႏိုင္ခဲ့တဲ့အတြက္ ႏိုဝင္ဘာလ၁၀ရက္ေန႔က ၁၄ရက္အတြင္း စြမ္းဇာနည္ကိုယ္တိုင္ သိန္း(၅၀၀)နဲ႔ လာေရာက္ေျဖရွင္းဖို႔စာခ်ဳပ္ခ်ဳပ္ၿပီးသတိေပးထားတာျဖစ္ပါတယ္။“ဒီေန႔မနက္ ပြဲျဖစ္ေျမာက္ေရးေကာ္မတီကိုေရာ ဥကၠဌဆီကိုေရာ သူလာေတြ႕ၿပီး ေတာင္းပန္ခဲ့တယ္။
သိန္း(၃၀၀)ေလ်ာ္ေၾကးေပးဖို႔လည္း သေဘာတူတယ္။ သူနဲ႔အတူ သူ႔ဆရာဝန္လည္းပါတယ္။ မႏၲေလးတိုင္းဇာတ္သဘင္အသင္းကအတြင္းေရးမႈးလည္းပါတယ္။ ပြဲမလာႏိုင္တာကိုေတာ့ သူ႔မိသားစုကိစၥေၾကာင့္လို႔ေျပာတယ္”လို႔ ပြဲျဖစ္ေျမာက္ေရးေကာ္မတီတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။ဇာတ္ပြဲမွာ ေခါင္းေဆာင္မင္းသားမလာႏိုင္တာေၾကာင့္ ပြဲပ်က္ခဲ့ၿပီး ကား၃စီးနဲ႔ ဇာတ္ပစၥည္းေတြက ဇာတ္ပြဲျဖစ္ေျမာက္ေရးေကာ္မတီထံ က်န္ရွိေနခဲ့တာပါ။
လက္ရွိမွာ ေျပလည္သြားၿပီျဖစ္တာေၾကာင့္ ေလ်ာ္ေၾကးေငြေပးၿပီးပစၥည္းေတြျပန္ယူႏိုင္ၿပီျဖစ္တယ္လို႔လည္းေျပာပါတယ္။ ေလ်ာ္ေၾကးေငြေပးဖို႔ရက္ကိုေတာ့ သတ္မွတ္ထားျခင္းမရွိပဲ အဆင္ေျပတဲ့ရက္ကို လာေပးႏိုင္တယ္လို႔ေျပာပါတယ္။စြမ္းဇာနည္ဦးေဆာင္တဲ့ စြမ္းသဘင္ဇာတ္ပြဲပ်က္ခဲ့တာေၾကာင္ ဟန္ဇာမိုးဝင္းဇာတ္ကို အစားထိုးငွားရမ္းထားၿပီး လျပည္ေက်ာ္(၂)ရက္(၃)ရက္ေန႔ေတြမွာ ႐ုံဝင္ေၾကးအခမဲ့နဲ႔ က်င္းပခဲ့ရပါတယ္။
Unicode ဖြင့်ဖတ်ရန်
ဇာတ်ပွဲမှာ လာရောက်ဖျော်ဖြေနိုင်ခြင်းမရှိတာကြောင့် စွမ်းဇာနည်ကိုယ်တိုင် နိုဝင်ဘာလ၂၅ရက်နေ့ မနက်ပိုင်းက လာရောက်တောင်းပန်ခဲ့ပြီး လျော်ကြေးငွေ သိန်း(၃၀၀)ကျပ်နဲ့ ညှိုနှိုင်းမှုပြေလည်ခဲ့တယ်လို့ ဇာတ်ပွဲဖြစ်မြောက်ရေးကော်မတီကသိရပါတယ်။
အမရပူရမြို့နယ် နန်းတော်ရာစံပြရပ်ကွက်အတွင်းက ဇာတ်ပွဲမှာ ကပြဖျော်ဖြေဖို့ပွဲငှားထားပေမယ့် မကပြနိုင်ခဲ့တဲ့အတွက် နိုဝင်ဘာလ၁၀ရက်နေ့က ၁၄ရက်အတွင်း စွမ်းဇာနည်ကိုယ်တိုင် သိန်း(၅၀၀)နဲ့ လာရောက်ဖြေရှင်းဖို့စာချုပ်ချုပ်ပြီးသတိပေးထားတာဖြစ်ပါတယ်။“ဒီနေ့မနက် ပွဲဖြစ်မြောက်ရေးကော်မတီကိုရော ဥက္ကဌဆီကိုရော သူလာတွေ့ပြီး တောင်းပန်ခဲ့တယ်။
သိန်း(၃၀၀)လျော်ကြေးပေးဖို့လည်း သဘောတူတယ်။ သူနဲ့အတူ သူ့ဆရာဝန်လည်းပါတယ်။ မန္တလေးတိုင်းဇာတ်သဘင်အသင်းကအတွင်းရေးမှုးလည်းပါတယ်။ ပွဲမလာနိုင်တာကိုတော့ သူ့မိသားစုကိစ္စကြောင့်လို့ပြောတယ်”လို့ ပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဇာတ်ပွဲမှာ ခေါင်းဆောင်မင်းသားမလာနိုင်တာကြောင့် ပွဲပျက်ခဲ့ပြီး ကား၃စီးနဲ့ ဇာတ်ပစ္စည်းတွေက ဇာတ်ပွဲဖြစ်မြောက်ရေးကော်မတီထံ ကျန်ရှိနေခဲ့တာပါ။
လက်ရှိမှာ ပြေလည်သွားပြီဖြစ်တာကြောင့် လျော်ကြေးငွေပေးပြီးပစ္စည်းတွေပြန်ယူနိုင်ပြီဖြစ်တယ်လို့လည်းပြောပါတယ်။ လျော်ကြေးငွေပေးဖို့ရက်ကိုတော့ သတ်မှတ်ထားခြင်းမရှိပဲ အဆင်ပြေတဲ့ရက်ကို လာပေးနိုင်တယ်လို့ပြောပါတယ်။စွမ်းဇာနည်ဦးဆောင်တဲ့ စွမ်းသဘင်ဇာတ်ပွဲပျက်ခဲ့တာကြောင် ဟန်ဇာမိုးဝင်းဇာတ်ကို အစားထိုးငှားရမ်းထားပြီး လပြည်ကျော်(၂)ရက်(၃)ရက်နေ့တွေမှာ ရုံဝင်ကြေးအခမဲ့နဲ့ ကျင်းပခဲ့ရပါတယ်။
Creidt: Burmese Asia


မှတ်ချက်များ