” မဂၤလာေဆာင္ဓာတ္ပံုေဟာင္းကို ျပကာ အႏုပညာေမာင္ႏွမေတြကို ေဆးအႀကီးႀကီးထိုးလိုက္တဲ့ ေခ်ာရတနာ “
Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ႀကီးေရ ေခ်ာရတနာကေတာ့ မဂၤလာေဆာင္ခဲ့တဲ့အခ်ိန္က ပံုေဟာင္းေလးေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန မွ်ေဝၿပီး အႏုပညာရွင္ ေမာင္ႏွမေတြက္ိုေဆးထိုးလိုက္တာပါ။သူမရဲ႕ မဂၤလာပန္းစည္းကို ပစ္ေပးဖို႕ျပင္ေနတဲ့အခ်ိန္ အႏုပညာရွင္ ေမာင္နွမေတြကလည္ ပန္းစည္းကို ဖမ္းဖို႕ ျပဳလုပ္ေနၾကတဲ့ ဓာတ္ပံုေလးပဲ ျဖစ္ပါတယ္။ျပည္သူခ်စ္အႏုပညာရွင္ေတြမ်ားစြာပါဝင္တဲ့ဓာတ္ပံုေလး ျဖစ္တာေၾကာင့္ ပရိသတ္ေတြကလည္း သေဘာက်တဲ့မွတ္ခ်က္ေလးေတြေပးခဲ့ၾကတာျဖစ္ၿပီး ပံုထဲမွာပါဝင္ခဲ့တဲ့သူေတြထဲမွ မေအးေသာင္းနဲ႕ ညီညီေမာင္ (စမ္းေခ်ာင္း) တို႕ကလည္း မွတ္ခ်က္ေလးေတြေပးခဲ့ၾကပါေသးတယ္။
ေခ်ာရတနာကေတာ့ ဆယ္စုႏွစ္တစ္ခုအၾကာထဲက အႏုပညာေလာကမွာေအာင္ျမင္လာတဲ့ မင္းသမီးတစ္လက္လို႔ဆိုရမွာပါ။ ကာရာအိုေက ေခတ္ထဲက ေတးစီးရီးေတြမွာ သ႐ုပ္ေဆာင္အေနနဲ႔ ပရိသတ္ေတြသတိထားမိလာၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း က်ရာဇာတ္႐ုပ္ကို ပိုင္ပိုင္ႏိုင္ႏိုင္သ႐ုပ္ေဆာင္တတ္တဲ့ မင္းသမီးတစ္လက္လို႔လည္း ဆိုရမွာပါ။ ဇာတ္ေဆာင္ကာ႐ိုက္တာေတြမွာသာမက ဇာတ္ပို႔ေနရာေတြမွာလည္း ပီပီျပင္ျပင္ သ႐ုပ္ေဆာင္တတတ္တဲ့သူမကေတာ့ ” ဥ ” ဇာတ္ကားမွာ စိတ္မႏွံ႔တဲ့ ဇာတ္ပို႔ေနရာကေန အကယ္ဒမီဆုကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
အခူခ်ိန္မွာေတာ့ အိမ္ေထာင္က်ကာ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကိုရရွိထားကာ သားေလးတစ္ေယာက္ သမီးေလးတစ္ေယာက္ ကိုပိုင္ဆိုင္ထားတာပါ။ သားသားမီးမီးေလးေတြကိုအခ်ိန္ပိုေပးေနတဲ့ ေမေမေခ်ာရတနာကေတာ့ အႏုပညာေျခလွမ္းေတြႀကဲကာ အႏုပညာအလုပ္ေတြကို ရပ္နားလုနီးပါးေတြ႕ရတာပဲ ျဖစ္ပါတယ္။ အႏုပညာေျခလွမ္းေတြက်ဲေနေပမယ့္ သူမရဲ႕ညီမျဖစ္သူ သႏၲာဗိုလ္နဲ႔ TikTok အမိုက္စားေလးေတြဖန္တီးကာ ပရိသတ္ေတြကို ရံဖန္ရံခါ ခ်ျပေလ့ရွိပါတယ္
Unicode ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ချောရတနာကတော့ မင်္ဂလာဆောင်ခဲ့တဲ့အချိန်က ပုံဟောင်းလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပြီး အနုပညာရှင် မောင်နှမတွေကိုဆေးထိုးလိုက်တာပါ။သူမရဲ့ မင်္ဂလာပန်းစည်းကို ပစ်ပေးဖို့ပြင်နေတဲ့အချိန် အနုပညာရှင် မောင်နှမတွေကလည် ပန်းစည်းကို ဖမ်းဖို့ ပြုလုပ်နေကြတဲ့ ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။ပြည်သူချစ်အနုပညာရှင်တွေများစွာပါဝင်တဲ့ဓာတ်ပုံလေး ဖြစ်တာကြောင့် ပရိသတ်တွေကလည်း သဘောကျတဲ့မှတ်ချက်လေးတွေပေးခဲ့ကြတာဖြစ်ပြီး ပုံထဲမှာပါဝင်ခဲ့တဲ့သူတွေထဲမှ မအေးသောင်းနဲ့ ညီညီမောင် (စမ်းချောင်း) တို့ကလည်း မှတ်ချက်လေးတွေပေးခဲ့ကြပါသေးတယ်။
ချောရတနာကတော့ ဆယ်စုနှစ်တစ်ခုအကြာထဲက အနုပညာလောကမှာအောင်မြင်လာတဲ့ မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ ကာရာအိုကေ ခေတ်ထဲက တေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်လို့လည်း ဆိုရမှာပါ။ ဇာတ်ဆောင်ကာရိုက်တာတွေမှာသာမက ဇာတ်ပို့နေရာတွေမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်တတတ်တဲ့သူမကတော့ ” ဥ ” ဇာတ်ကားမှာ စိတ်မနှံ့တဲ့ ဇာတ်ပို့နေရာကနေ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အခူချိန်မှာတော့ အိမ်ထောင်ကျကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုရရှိထားကာ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ကိုပိုင်ဆိုင်ထားတာပါ။ သားသားမီးမီးလေးတွေကိုအချိန်ပိုပေးနေတဲ့ မေမေချောရတနာကတော့ အနုပညာခြေလှမ်းတွေကြဲကာ အနုပညာအလုပ်တွေကို ရပ်နားလုနီးပါးတွေ့ရတာပဲ ဖြစ်ပါတယ်။ အနုပညာခြေလှမ်းတွေကျဲနေပေမယ့် သူမရဲ့ညီမဖြစ်သူ သန္တာဗိုလ်နဲ့ TikTok အမိုက်စားလေးတွေဖန်တီးကာ ပရိသတ်တွေကို ရံဖန်ရံခါ ချပြလေ့ရှိပါတယ်
Credit: Burmese Asia


မှတ်ချက်များ