NASAက လူသန္းနဲ႔ခ်ီ ေသဆုံးႏိုင္တဲ့ ကမာၻဖ်က္ၿဂိဳဟ္သိမ္ဝင္တိုက္ႏိုင္မယ့္ ျဖစ္ႏိုင္ဖြယ္ ေန႔ရက္မ်ားကိုထုတ္ျပန္


Zawgyiျဖင့္ဖတ္ရန္

NASA သိပၸံပညာရွင္ေတြသာမက၊ အလြန္တက္ကၽြမ္းနားလည္တဲ့ အာကသပညာရွင္ေတြဟာ ကမာၻေျမဆီကို ဝင္တုိက္ႏုိင္ေျခရွိတဲ့ ၿဂဳိဟ္သိမ္ႀကီးတစ္လုံးေၾကာင့္ အေတာ္ေလး စိတ္ပူေနၾကတယ္လုိ႔ ဆုိပါတယ္။ အဲဒီၿဂိဳဟ္သိမ္ရဲ႕နာမည္ကေတာ့ Apophis ျဖစ္ပါတယ္။

DailyStar သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ အဆုိပါ ၿဂိဳဟ္သိမ္ဟာ အာကသထဲကေန အရွိန္ျပင္းစြာနဲ႔ လြင့္ပ်ံလာေနၿပီး၊ ကမာၻအတြက္ေတာ့ ေကာင္းတဲ့ သက္ေရာက္မႈေတြ ယူေဆာင္လာမွာ မဟုတ္ပါဘူးတဲ့။ ကမာၻကို အဲဒီၿဂိဳဟ္သိမ္သာ ဝင္တုိက္မယ္ဆုိ လူ သန္းနဲ႔ခ်ီ အခ်ိန္အနည္းငယ္အတြင္း ေသဆုံးမွာပါ။

NASA ရဲ႕ ကနဦးတြက္ခ်က္မႈေတြအရ ဒီၿဂိဳဟ္နဲ႔ ကမာၻတုိ႔ လြဲေခ်ာ္ဖုိ႔ အလြန္က်ဥ္းေျမာင္းတဲ့ အခြင့္အေရးသာရွိၿပီး၊ ကမာၻကို ဝင္တုိက္ႏုိင္ဖြယ္ရွိတဲ့ ေန႔ရက္နဲ႔ ခုႏွစ္ေတြကို NASA က အသိေပးထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ Apophis ၿဂိဳဟ္သိမ္ဟာ (၁၂၁၄)အက်ယ္ရွိပါတယ္။

ကမာၻကို ဝင္တုိက္မယ့္အရွိန္နဲ႔ တြက္ခ်က္ၾကည့္ရင္ေတာ့ ကမာၻေပၚကို တန္ေပါင္း (၁၂၀၀)မီဂါတန္ရွိတဲ့ ေက်ာက္ခဲႀကီးတစ္လုံးနဲ႔ ထုလုိက္သလုိျဖစ္ေစမယ္လုိ႔ ဆုိပါတယ္။ သုိ႔မဟုတ္ (၁.၂)သန္း ကီလုိတန္ရွိတဲ့ Kinetic Energy (KE)နဲ႔ ညီမွ်တယ္လုိ႔ တြက္ခ်က္ထားပါတယ္။

အဆုိပါ Apophis ဟာ ၿပီးခဲ့တဲ့ ေအာက္တုိဘာ(၃၁)မွ ႏုိဝဘၤာ(၁၃)အတြင္း ကမာၻနဲ႔အနီးဆုံး မုိင္(၁၉၀၀၀)အကြာကို ေရာက္လာခဲ့ၿပီး၊ ဒီအကြာအေဝးဟာ အာကာသယာဥ္တစ္ခ်ိဳ႕ ကမာၻကို လွည့္ပတ္ေနတဲ့ ေျမျပင္အကြာအေဝးနဲ႔ တူညီေနပါတယ္။ (၂၀၂၉)မွာ Apophis ဟာ ကမာၻကို ပုိၿပီး နီးကပ္စြာ ျဖတ္သန္းမွာပါ။

ဒီအႀကိမ္မွာ ကမာၻကို မတုိက္ေသးဘူးဆုိရင္ေတာင္ တုိက္ႏုိင္ဖြယ္ရွိတဲ့ ေန႔ရက္ေတြကို NASA က အခုလုိ ထုတ္ျပန္ထားပါတယ္။ ယင္းေန႔ရက္ေတြကေတာ့ (၂၀၆၀)ခု ဧၿပီလ (၁၂)ရက္၊ (၂၀၆၅)ခု ဧၿပီလ(၁၁)ရက္၊ (၂၀၆၈)ခု ဧၿပီ(၁၂)ရက္၊ ယင္းႏွစ္ ေအာက္တုိဘာ (၁၀)ရက္

(၂၀၇၆) ခုႏွစ္ ဧၿပီ(၁၃)ရက္၊ (၂၀၇၇)ခုႏွစ္ ဧၿပီ(၁၃)ရက္၊ (၂၀၇၈) ခုႏွစ္ ဧၿပီ(၁၃)ရက္၊ (၂၀၈၉)ခုႏွစ္ ေအာက္တုိဘာ (၁၀)ရက္၊ (၂၀၉၁)ခုႏွစ္ ဧၿပီလ(၁၃)ရက္၊ (၂၁၀၃)ခုႏွစ္ ဧၿပီလ (၁၄)ရက္တုိ႔ျဖစ္ေၾကာင္း သိရပါတယ္။ ကမာၻကို ဝင္တုိက္ခဲ့မယ္ဆုိရင္ ဟီ႐ုိရွီးမားကိုက်ဲခ်တဲ့ အႏုျမဴဗုံးထက္ (၁၅)ဆ ပုိၿပီး ျပင္းထန္မယ္လုိ႔ သိရပါတယ္။

Credit:mmsportmyanmar

Unicodeဖြင့်ဖတ်ရန်

NASAက လူသန်းနဲ့ချီ သေဆုံးနိုင်တဲ့ ကမ္ဘာဖျက်ဂြိုဟ်သိမ်ဝင်တိုက်နိုင်မယ့် ဖြစ်နိုင်ဖွယ် နေ့ရက်များကိုထုတ်ပြန်

NASA သိပ္ပံပညာရှင်တွေသာမက၊ အလွန်တက်ကျွမ်းနားလည်တဲ့ အာကသပညာရှင်တွေဟာ ကမ္ဘာမြေဆီကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဂြိုဟ်သိမ်ကြီးတစ်လုံးကြောင့် အတော်လေး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ အဲဒီဂြိုဟ်သိမ်ရဲ့နာမည်ကတော့ Apophis ဖြစ်ပါတယ်။

DailyStar သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါ ဂြိုဟ်သိမ်ဟာ အာကသထဲကနေ အရှိန်ပြင်းစွာနဲ့ လွင့်ပျံလာနေပြီး၊ ကမ္ဘာအတွက်တော့ ကောင်းတဲ့ သက်ရောက်မှုတွေ ယူဆောင်လာမှာ မဟုတ်ပါဘူးတဲ့။ ကမ္ဘာကို အဲဒီဂြိုဟ်သိမ်သာ ဝင်တိုက်မယ်ဆို လူ သန်းနဲ့ချီ အချိန်အနည်းငယ်အတွင်း သေဆုံးမှာပါ။

NASA ရဲ့ ကနဦးတွက်ချက်မှုတွေအရ ဒီဂြိုဟ်နဲ့ ကမ္ဘာတို့ လွဲချော်ဖို့ အလွန်ကျဉ်းမြောင်းတဲ့ အခွင့်အရေးသာရှိပြီး၊ ကမ္ဘာကို ဝင်တိုက်နိုင်ဖွယ်ရှိတဲ့ နေ့ရက်နဲ့ ခုနှစ်တွေကို NASA က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ Apophis ဂြိုဟ်သိမ်ဟာ (၁၂၁၄)အကျယ်ရှိပါတယ်။

ကမ္ဘာကို ဝင်တိုက်မယ့်အရှိန်နဲ့ တွက်ချက်ကြည့်ရင်တော့ ကမ္ဘာပေါ်ကို တန်ပေါင်း (၁၂၀၀)မီဂါတန်ရှိတဲ့ ကျောက်ခဲကြီးတစ်လုံးနဲ့ ထုလိုက်သလိုဖြစ်စေမယ်လို့ ဆိုပါတယ်။ သို့မဟုတ် (၁.၂)သန်း ကီလိုတန်ရှိတဲ့ Kinetic Energy (KE)နဲ့ ညီမျှတယ်လို့ တွက်ချက်ထားပါတယ်။



အဆိုပါ Apophis ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁)မှ နိုဝင်္ဘာ(၁၃)အတွင်း ကမ္ဘာနဲ့အနီးဆုံး မိုင်(၁၉၀၀၀)အကွာကို ရောက်လာခဲ့ပြီး၊ ဒီအကွာအဝေးဟာ အာကာသယာဉ်တစ်ချို့ ကမ္ဘာကို လှည့်ပတ်နေတဲ့ မြေပြင်အကွာအဝေးနဲ့ တူညီနေပါတယ်။ (၂၀၂၉)မှာ Apophis ဟာ ကမ္ဘာကို ပိုပြီး နီးကပ်စွာ ဖြတ်သန်းမှာပါ။

ဒီအကြိမ်မှာ ကမ္ဘာကို မတိုက်သေးဘူးဆိုရင်တောင် တိုက်နိုင်ဖွယ်ရှိတဲ့ နေ့ရက်တွေကို NASA က အခုလို ထုတ်ပြန်ထားပါတယ်။ ယင်းနေ့ရက်တွေကတော့ (၂၀၆၀)ခု ဧပြီလ (၁၂)ရက်၊ (၂၀၆၅)ခု ဧပြီလ(၁၁)ရက်၊ (၂၀၆၈)ခု ဧပြီ(၁၂)ရက်၊ ယင်းနှစ် အောက်တိုဘာ (၁၀)ရက်

(၂၀၇၆) ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၇၇)ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၇၈) ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၈၉)ခုနှစ် အောက်တိုဘာ (၁၀)ရက်၊ (၂၀၉၁)ခုနှစ် ဧပြီလ(၁၃)ရက်၊ (၂၁၀၃)ခုနှစ် ဧပြီလ (၁၄)ရက်တို့ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာကို ဝင်တိုက်ခဲ့မယ်ဆိုရင် ဟီရိုရှီးမားကိုကျဲချတဲ့ အနုမြူဗုံးထက် (၁၅)ဆ ပိုပြီး ပြင်းထန်မယ်လို့ သိရပါတယ်။

Credit:mmsportmyanmar

မှတ်ချက်များ