ခႏၶာကိုယ္မွာ အေရျပားၾကမ္းေထာ္တဲ့ Cellulite အဆီျပင္မ်ားကို ေခ်ဖ်က္ေပးနိုင္တဲ့ နည္းလမ္း




Zawgyi ျဖင့္ဖတ္ရန္


အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတြရဲ႕ တင္ပါး၊ ေပါင္ နဲ႔ ေျခသလံုးတို႔မွာ ဒီလို ၾကမ္းေထာ္တဲ့ cellulite အဆီေတြ ရွိတတ္တယ္။ ရွိ၊ မရွိ သိခ်င္လွ်င္ေတာ့ ကိုယ့္ရဲ႕ ေပါင္၊ ေျခသလံုးတို႔ကို လက္ျဖင့္ ညွစ္ၾကည္ပါ။ အထစ္အထစ္ေတြ ျဖစ္ေနလွ်င္ေတာ့ ရွိတာ ေသခ်ာပါတယ္။

Related image

ေျပာခ်င္တာက ဒီအဆီေတြဟာ အႏၱရာယ္မရွိေသာ္ျငားလည္း အရုပ္ဆိုး၊ အက်ဥ္းတန္တာေတာ့ က်ိန္းေသပါတယ္။ အထူးသျဖင့္ အတိုအျပတ္ေတြဝတ္တဲ့အခါ ဒါေတြရွိေနလွ်င္ သင့္ကို အလွပ်က္ေစမွာပါ။

ဒီအဆီျပင္ေတြ ျဖစ္ရတဲ့ အေၾကာင္းအရင္းကေတာ့ မ်ိဳးရိုးဗီဇ၊ ေဟာ္မုန္းအေျပာင္းအလဲ၊ ေနထိုင္စားေသာက္မႈပံုစံနွင့္ တင္းက်ပ္လြန္းေသာ အဝတ္အစားမ်ားဝတ္ဆင္ျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။ အေရးၾကီးဆံုးကေတာ့ ေနထိုင္စားေသာက္မႈ ပံုစံပါပဲ။

ကစီဓါတ္၊ အမွ်င္ဓါတ္နည္းေသာအစားအစာ နွင္ ့အဆီမ်ားေသာအစားအစာေတြဟာ cellulite အဆီျပင္ေတြ ျဖစ္မႈကို အားေပးရာ ေရာက္ပါတယ္။ အဆီျပင္ေတြကို သက္သာေစဖို႔အတြက္ဆိုလွ်င္ တာရွည္ခံေအာင္ ျပဳျပင္ထားေသာ အစားအစာမ်ား၊ ဆီုဒီယမ္မ်ားေသာ အစားအစာမ်ား၊ အငန္စာမ်ား၊ သၾကားမ်ား စားသုးံျခင္းကို ျဖတ္နိုင္သမွ်ျဖတ္ေတာက္ျပီး အသီးအရြက္၊ သစ္သီးဝလံ၊ ငါး၊ အေစ့အဆန္မ်ား၊ ၾကက္သား မ်ားကိုသာ စားသံုးေပးမယ္ဆိုလွ်င္ တေျဖးေျဖးနွင္ ့cellulite အဆီျပင္မ်ား ေလ်ာ့နည္းသြားမွာပါ။

ေနာက္တစ္ခုကေတာ့ ေရခ်ိဳးတဲ့အခါ ေခ်းတြန္းတဲ့ ေရျမွဳပ္ျဖင့္ ပြတ္တိုက္ေပးျခင္းကလည္း ဆဲလ္ေသေတြကို ကင္းေပ်ာက္ေစျပီး ေသြးလည္ပတ္မႈကို ေကာင္းေစလို႔ အသားအေရကို ၾကည္လင္ေစပါတယ္။ ညွင္သာေသာ brush ျဖင့္လည္း ေရမခ်ိဳးခင္မွာ ပြတ္တိုက္ေပးျခင္းကလည္း သင့္အေရျပား အဆီျပင္မ်ားကို ေလ်ာ့က်ေစနိုင္ပါတယ္။ ေရခ်ိဳးျပီးတိုင္းမွာလည္း တင္ပါးနွင့္ ေပါင္ကို လိုးရွင္း (သို႔) အစိုဓါတ္ထိန္းသိမ္းေပးတဲ့ ခရင္မ္တစ္မ်ိဳးမ်ိုဳးကို လိမ္းေပးပါ။


Credit: CHAN (ေရႊအင္းေလး)


Unicode ဖြင့်ဖတ်ရန်


ခန္ဓာကိုယ်မှာ အရေပြားကြမ်းထော်တဲ့ Cellulite အဆီပြင်များကို ချေဖျက်ပေးနိုင်တဲ့ နည်းလမ်း




အများအားဖြင့်တော့ အမျိုးသမီးတွေရဲ့ တင်ပါး၊ ပေါင် နဲ့ ခြေသလုံးတို့မှာ ဒီလို ကြမ်းထော်တဲ့ cellulite အဆီတွေ ရှိတတ်တယ်။ ရှိ၊ မရှိ သိချင်လျှင်တော့ ကိုယ့်ရဲ့ ပေါင်၊ ခြေသလုံးတို့ကို လက်ဖြင့် ညှစ်ကြည်ပါ။ အထစ်အထစ်တွေ ဖြစ်နေလျှင်တော့ ရှိတာ သေချာပါတယ်။



ပြောချင်တာက ဒီအဆီတွေဟာ အန္တရာယ်မရှိသော်ငြားလည်း အရုပ်ဆိုး၊ အကျဉ်းတန်တာတော့ ကျိန်းသေပါတယ်။ အထူးသဖြင့် အတိုအပြတ်တွေဝတ်တဲ့အခါ ဒါတွေရှိနေလျှင် သင့်ကို အလှပျက်စေမှာပါ။

ဒီအဆီပြင်တွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ မျိုးရိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ၊ နေထိုင်စားသောက်မှုပုံစံနှင့် တင်းကျပ်လွန်းသော အဝတ်အစားများဝတ်ဆင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ နေထိုင်စားသောက်မှု ပုံစံပါပဲ။

ကစီဓါတ်၊ အမျှင်ဓါတ်နည်းသောအစားအစာ နှင့်အဆီများသောအစားအစာတွေဟာ cellulite အဆီပြင်တွေ ဖြစ်မှုကို အားပေးရာ ရောက်ပါတယ်။ အဆီပြင်တွေကို သက်သာစေဖို့အတွက်ဆိုလျှင် တာရှည်ခံအောင် ပြုပြင်ထားသော အစားအစာများ၊ ဆီုဒီယမ်များသော အစားအစာများ၊ အငန်စာများ၊ သကြားများ စားသုးံခြင်းကို ဖြတ်နိုင်သမျှဖြတ်တောက်ပြီး အသီးအရွက်၊ သစ်သီးဝလံ၊ ငါး၊ အစေ့အဆန်များ၊ ကြက်သား များကိုသာ စားသုံးပေးမယ်ဆိုလျှင် တဖြေးဖြေးနှင့်cellulite အဆီပြင်များ လျော့နည်းသွားမှာပါ။

နောက်တစ်ခုကတော့ ရေချိုးတဲ့အခါ ချေးတွန်းတဲ့ ရေမြှုပ်ဖြင့် ပွတ်တိုက်ပေးခြင်းကလည်း ဆဲလ်သေတွေကို ကင်းပျောက်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေလို့ အသားအရေကို ကြည်လင်စေပါတယ်။ ညှင်သာသော brush ဖြင့်လည်း ရေမချိုးခင်မှာ ပွတ်တိုက်ပေးခြင်းကလည်း သင့်အရေပြား အဆီပြင်များကို လျော့ကျစေနိုင်ပါတယ်။ ရေချိုးပြီးတိုင်းမှာလည်း တင်ပါးနှင့် ပေါင်ကို လိုးရှင်း (သို့) အစိုဓါတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်မျိုးမျိုုးကို လိမ်းပေးပါ။


Credit: CHAN (ရွှေအင်းလေး)


မှတ်ချက်များ