Zawgyiျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံကအိမ္ေတာ္ေတာ္မ်ားမ်ားဟာ အဲကြန္းကို အသုံးျပဳၾကပါတယ္ေနာ္။ အခုေနာက္ပိုင္းမွာ အိမ္တိုင္းအတြက္ အဲကြန္းဟာ အေဆာင္အေယာင္တစ္ခုလိုပါ ေနရာယူေနခဲ့ပါတယ္။ အထူးသျဖင့္ ရာသီဥတုကလည္း တအားပူတတ္ေတာ့ သက္ႀကီး႐ြယ္အိုနဲ႔ ကေလး ရွိတဲ့ အိမ္တိုင္းမွာေတာ့ အဲကြန္းကို မျဖစ္မေန ဝယ္ထားတတ္ၾကပါတယ္။အခုလည္း ေဆာင္းဝင္ေနၿပီဆိုေပမယ့္ ေန႔လည္ဘက္နဲ႔ ညဦးပိုင္းေတြမွာေတာ့ ပူေနတုန္းပါပဲေနာ္။ ဒါေၾကာင့္ အဲကြန္းဖြင့္ၾကမယ္ဆိုရင္ သတိထားစရာ အျဖစ္အပ်က္ေလးတစ္ခုကို ကိုယ္တိုင္ႀကဳံေတြ႕ရသူ တစ္ဦးက မွ်ေဝေပးထားတာေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ည ၁၁ နာရီ ၄ မိနစ္ကြၽန္ေတာ္ တို႔ အိပ္ခန္းထဲ ကAir Con စဖြင့္ ၿပီး ၁ မိနစ္ေလာက္ အၾကာ မွာ ဖုန္း ဒိုင္းဆိုတဲ့ အသံ အက်ယ္ႀကီး နဲ႔ေပါက္ကြဲ သံ စၾကား ရၿပီးမီးေလာင္ေတာ့ အခန္းထဲမွာသမီးက တစ္ေယာက္ထဲ ကေလးေဆာ့ တဲ့ အသံမည္ Laptop နဲ႔ သီခ်င္းေတြ ဖြင့္ ေနေတာ့ AirCon ေပါက္ကြဲ မီးေလာင္သံ ကို သူ႔ရဲ႕ laptopသီခ်င္းသံ လို႔ ထင္မိ ေသးတာ ကြၽန္ေတာ္ က ထမင္းစား ခန္းထဲ မွာ ေရေႏြးေသာက္ ေနတာပါ၅ စကၠန႔္ ေလာက္ ေနေတာ့ ကြၽန္ေတာ္ ရိပ္မိ လာတယ္အသံမည္ ပုံက ပုံမွန္ မဟုတ္တာကိုအခန္းထဲ ေျပးသြားၿပီး ၾကည့္ေတာ့ AirCon က မီးေလာင္ၿပီး မီးခိုးေတြ အင္မတန္ ထြက္ေနၿပီသမီးက သူ႔ ရဲ႕ ကစားစရာ laptop ကေန မ်က္ႏွာ မခြာ ႏိုင္ေအာင္ စိတ္ဝင္စား ေနတယ္ မီးေတာက္ က သူ႔ ေခါင္းေပၚ မွာ သူ မသိဘူး
ကြၽန္ေတာ္ တို႔ မိသားစု ကံေကာင္းတာ က 5 years guarantee 2 KG မီးသတ္ ေဆးဘူး ဝယ္ေဆာင္ထားၿပီးမီးေလာင္ရင္ အဲဒီ ေဆးဘူး ကို ဘယ္လို အသုံးျပဳ ရသလဲဆိုတာ အိမ္သူ အိမ္သား အားလုံး ကို ၃ ၄ ခါ သင္ၾကားျပသ ေပးထါးတာရယ္အိပ္ခန္းရဲ႕ မ်က္ႏွာက်က္ ကိုေက်ာက္ျပား AC Sheet နဲ႔မိုးထားမိတာပါအိပ္ခန္း က လြဲလို႔ တစ္အိမ္လုံး Ceiling Sheet installation ကို Aluminum composite ျပားေတြနဲ႔ မိုးထားမိတာပါအိပ္ခန္း သာ AC Sheet မမိုးထားမိရင္ကြၽန္ေတာ္ တို႔ မိသားစု ၃ ေယာက္စလုံး အိပ္ေပ်ာ္ ေနခ်ိန္ က်မွ မီးေလာင္ ခဲ့ရင္အသက္ အႏၲရာယ္မ်ား လြန္းၿပီး ႏိုးလို႔ ၿငိမ္း လို႔ မႏိုင္ လို႔လူလြတ္ေအာင္ ေျပးရရင္အိမ္ဆုံးရႈံးၿပီးအိမ္ေထာင္ဦးစီး ကြၽန္ေတာ္ က ေထာင္နန္းစံ ရမွာပါဒီလို AirCon မီးမေလာင္ခင္၃ ရက္ေလာက္က အဲကြန္းက အနံ႔ဆိုး ေတြ ထြက္ေသးတယ္
ဒါေပမဲ့ ကြၽန္ေတာ္ က gasoline generator တစ္ေနကုန္ ႏႈိးထားၿပီး အလုပ္ လုပ္လို႔ အဲဒီ ဓာတ္ဆီ မီးစက္ က ထြက္တဲ့ ကာဗြန္မိုေနာ့ဆိုက္ အေငြ႕အသက္ေတြကို AirCon ရဲ႕ outdoor unit က တေနကုန္ စုပ္ယူ ထားလို႔သာ indoor unit က အနံ႔ဆိုးေတြ ထြက္တယ္ ထင္ၿပီးAirCon services ကို ေခၚမျပမိဘူး
ဘာရယ္ မဟုတ္ဘူးေဆြမ်ိဳး ေတြနဲ႔ မိတ္ေဆြ အေပါင္းတို႔ ကို႔ ကြၽန္ေတာ္ တို႔အိမ္ ရဲ႕ AirCon မီးေလာင္မႈအား သင္ခန္းစာ သတိျပဳဆင္ျခင္ႏိုင္ ပါရန္အားလုံး အက်ိဳးရွိေစမယ္ထင္လို႔မွ်ေဝပါ တယ္ ခင္ဗ်ာဒီေန႔ ည အဖို႔ ေတာ့ AirConေအးေအး ေလးနဲ႔ အိပ္ လိုက္ပါ ဦးမည္ ။
အိပ္ခန္းထဲ လည္း မီးသတ္ ေဆးဘူး ထဲက powder မႈန္႔ေတြ ပြထၿပီး အလြန္ေမြးပ်ံ႕ ေနေလရဲ႕ဒါေပမယ့္ မနက္ျဖန္ မီးသတ္ေဆးဘူး ၃ ဘူး ထပ္ဝယ္ၿပီးေဆာင္ထားမွ အင္းစိန္ေထာင္နဲ႔ ေဝးပါမည္။အားလုံး ပဲမဂၤလာ ညခ်မ္းပါ
ကဲ ပရိသတ္ႀကီးေရ ။ အခုလို မ်ိဳး အဲကြန္းကေနတစ္ဆင့္ မသိလိုက္မိပဲနဲ႔ မီးေလာင္သြားတာေတြ မ်ားစြာျဖစ္တတ္ပါတယ္။ အထူးသျဖင့္ လူအသက္အႏၲရာယ္ေတြပါရွိႏိုင္တာမို႔လို႔ အထူးသတိထား သုံးစြဲႏိုင္ၾကဖို႔အတြက္ တစ္ဆင့္ျပန္လည္မွ်ေဝေပးလိုက္ပါ
တယ္ေနာ္။

Unicode ဖြင့်ဖတ်ရန်
မြန်မာနိုင်ငံကအိမ်တော်တော်များများဟာ အဲကွန်းကို အသုံးပြုကြပါတယ်နော်။ အခုနောက်ပိုင်းမှာ အိမ်တိုင်းအတွက် အဲကွန်းဟာ အဆောင်အယောင်တစ်ခုလိုပါ နေရာယူနေခဲ့ပါတယ်။ အထူးသဖြင့် ရာသီဥတုကလည်း တအားပူတတ်တော့ သက်ကြီးရွယ်အိုနဲ့ ကလေး ရှိတဲ့ အိမ်တိုင်းမှာတော့ အဲကွန်းကို မဖြစ်မနေ ဝယ်ထားတတ်ကြပါတယ်။အခုလည်း ဆောင်းဝင်နေပြီဆိုပေမယ့် နေ့လည်ဘက်နဲ့ ညဦးပိုင်းတွေမှာတော့ ပူနေတုန်းပါပဲနော်။ ဒါကြောင့် အဲကွန်းဖွင့်ကြမယ်ဆိုရင် သတိထားစရာ အဖြစ်အပျက်လေးတစ်ခုကို ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက မျှဝေပေးထားတာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
ည ၁၁ နာရီ ၄ မိနစ်ကျွန်တော် တို့ အိပ်ခန်းထဲ ကAir Con စဖွင့် ပြီး ၁ မိနစ်လောက် အကြာ မှာ ဖုန်း ဒိုင်းဆိုတဲ့ အသံ အကျယ်ကြီး နဲ့ပေါက်ကွဲ သံ စကြား ရပြီးမီးလောင်တော့ အခန်းထဲမှာသမီးက တစ်ယောက်ထဲ ကလေးဆော့ တဲ့ အသံမည် Laptop နဲ့ သီချင်းတွေ ဖွင့် နေတော့ AirCon ပေါက်ကွဲ မီးလောင်သံ ကို သူ့ရဲ့ laptopသီချင်းသံ လို့ ထင်မိ သေးတာ ကျွန်တော် က ထမင်းစား ခန်းထဲ မှာ ရေနွေးသောက် နေတာပါ၅ စက္ကန့် လောက် နေတော့ ကျွန်တော် ရိပ်မိ လာတယ်အသံမည် ပုံက ပုံမှန် မဟုတ်တာကိုအခန်းထဲ ပြေးသွားပြီး ကြည့်တော့ AirCon က မီးလောင်ပြီး မီးခိုးတွေ အင်မတန် ထွက်နေပြီသမီးက သူ့ ရဲ့ ကစားစရာ laptop ကနေ မျက်နှာ မခွာ နိုင်အောင် စိတ်ဝင်စား နေတယ် မီးတောက် က သူ့ ခေါင်းပေါ် မှာ သူ မသိဘူး
ကျွန်တော် တို့ မိသားစု ကံကောင်းတာ က 5 years guarantee 2 KG မီးသတ် ဆေးဘူး ဝယ်ဆောင်ထားပြီးမီးလောင်ရင် အဲဒီ ဆေးဘူး ကို ဘယ်လို အသုံးပြု ရသလဲဆိုတာ အိမ်သူ အိမ်သား အားလုံး ကို ၃ ၄ ခါ သင်ကြားပြသ ပေးထါးတာရယ်အိပ်ခန်းရဲ့ မျက်နှာကျက် ကိုကျောက်ပြား AC Sheet နဲ့မိုးထားမိတာပါအိပ်ခန်း က လွဲလို့ တစ်အိမ်လုံး Ceiling Sheet installation ကို Aluminum composite ပြားတွေနဲ့ မိုးထားမိတာပါအိပ်ခန်း သာ AC Sheet မမိုးထားမိရင်ကျွန်တော် တို့ မိသားစု ၃ ယောက်စလုံး အိပ်ပျော် နေချိန် ကျမှ မီးလောင် ခဲ့ရင်အသက် အန္တရာယ်များ လွန်းပြီး နိုးလို့ ငြိမ်း လို့ မနိုင် လို့လူလွတ်အောင် ပြေးရရင်အိမ်ဆုံးရှုံးပြီးအိမ်ထောင်ဦးစီး ကျွန်တော် က ထောင်နန်းစံ ရမှာပါဒီလို AirCon မီးမလောင်ခင်၃ ရက်လောက်က အဲကွန်းက အနံ့ဆိုး တွေ ထွက်သေးတယ်
ဒါပေမဲ့ ကျွန်တော် က gasoline generator တစ်နေကုန် နှိုးထားပြီး အလုပ် လုပ်လို့ အဲဒီ ဓာတ်ဆီ မီးစက် က ထွက်တဲ့ ကာဗွန်မိုနော့ဆိုက် အငွေ့အသက်တွေကို AirCon ရဲ့ outdoor unit က တနေကုန် စုပ်ယူ ထားလို့သာ indoor unit က အနံ့ဆိုးတွေ ထွက်တယ် ထင်ပြီးAirCon services ကို ခေါ်မပြမိဘူး
ဘာရယ် မဟုတ်ဘူးဆွေမျိုး တွေနဲ့ မိတ်ဆွေ အပေါင်းတို့ ကို့ ကျွန်တော် တို့အိမ် ရဲ့ AirCon မီးလောင်မှုအား သင်ခန်းစာ သတိပြုဆင်ခြင်နိုင် ပါရန်အားလုံး အကျိုးရှိစေမယ်ထင်လို့မျှဝေပါ တယ် ခင်ဗျာဒီနေ့ ည အဖို့ တော့ AirConအေးအေး လေးနဲ့ အိပ် လိုက်ပါ ဦးမည် ။
အိပ်ခန်းထဲ လည်း မီးသတ် ဆေးဘူး ထဲက powder မှုန့်တွေ ပွထပြီး အလွန်မွေးပျံ့ နေလေရဲ့ဒါပေမယ့် မနက်ဖြန် မီးသတ်ဆေးဘူး ၃ ဘူး ထပ်ဝယ်ပြီးဆောင်ထားမှ အင်းစိန်ထောင်နဲ့ ဝေးပါမည်။အားလုံး ပဲမင်္ဂလာ ညချမ်းပါ
ကဲ ပရိသတ်ကြီးရေ ။ အခုလို မျိုး အဲကွန်းကနေတစ်ဆင့် မသိလိုက်မိပဲနဲ့ မီးလောင်သွားတာတွေ များစွာဖြစ်တတ်ပါတယ်။ အထူးသဖြင့် လူအသက်အန္တရာယ်တွေပါရှိနိုင်တာမို့လို့ အထူးသတိထား သုံးစွဲနိုင်ကြဖို့အတွက် တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါ
တယ်နော်။
Writer- SMT(Shwe Yaung Lan)
source-Naung Naung Kyaw

မှတ်ချက်များ