ပရိတ္သတ္ေတြကို သူ႔လို မျဖစ္ေအာင္ သတိထားဖို႔ ေျပာလိုက္တဲ့ အဆိုေတာ္ ဟန္ထူးဈာန္






Zawgyiျဖင့္ဖတ္ရန္

ဂီတနယ္ပယ္မွာ ေအာင္ျမင္မႈအထိုက္အေလ်ာက္ရလာတဲ့ အဆိုေတာ္ ဟန္ထူးဈာန္ဟာဆိုရင္ မၾကာခင္ပင္ နန္းလို႔ အမည္ရတဲ့ ေတးစီးရီးကို ထြက္ရွိထားသူလည္းျဖစ္ပါတယ္။သူ႔ရဲဂီတလမ္းေၾကာင္းကေတာ့ အိမ္မက္ဆုံရာကေန ပရိသတ္ရင္ထဲေရာက္ရွိလာသူလည္းျဖစ္ပါတယ္။ သူဟာ ေတးစီးရီးအေခြအသစ္အတြက္ ပ႐ိုမိုရွင္းေတြလုပ္ရင္းနဲ႔ အလုပ္ေတြမ်ားေနခဲ့သူပါ။


လက္ရွိမွာေတာ့ ဂီတလုပ္ငန္းေတြကို တစိုက္မတ္မတ္လုပ္ေဆာင္ေနၿပီးေတာ့ ညီမျဖစ္သူ ဈာဈာန္ဟန္သာကိုပါ ပရိတ္သတ္ကထပ္တူႀကိဳဆိုလက္ခံၾကပါတယ္။ အခုေတးစီးရီးအေခြအသစ္အတြက္ အလုပ္ေတြလုပ္ရင္းက မေျပာျဖစ္ခဲ့တဲ့ အေၾကာင္းေလးကိုေျပာျပလာပါတယ္။ ဒါကေတာ့ သူ႔လိုမျဖစ္ေစၾကဖို႔လို႔ ဆိုၿပီးေတာ့ အခုလိုပဲေျပာျပလာပါတယ္။





“အားလုံးပဲကြၽန္ေတာ့္လိုမျဖစ္ေအာင္ သတိထားၾကဖို႔ပါ ခင္ဗ်ာ…အရင္က ကြၽန္ေတာ့္အားေဆးေတြ စိတ္ပူမွာဆိုးလို႔မေျပာခဲ့တာပါ…အခုက Promotion ပြဲေတြအားလုံးလည္း ေအာင္ျမင္စြာၿပီးခဲ့ၿပီမလို႔ေျပာျပတာပါ…ေမာ္လၿမိဳင္ promotion အၿပီးအိမ္ျပန္ေရာက္ေတာ့ live လႊင့္ၿပီး မွတ္မွတ္ရရ ႀကဳံခဲ့ရတဲ့ သရဲ အေၾကာင္းေတြေျပာျပတဲ့ည ကအိပ္ၿပီး မနက္အိပ္ယာႏိုးလာေတာ့ လည္ပင္းကအရမ္းစပ္ၿပီးနာေနလို႔ မွန္သြားၾကည့္လိုက္ေတာ့ အဲ့လို ျဖစ္ေနတာပါ….ဖုန္းကိုအားသြင္းၿပီး အိပ္မိေတာ့ မသိတဲ့အခ်ိန္ ဖုန္းကိုဖိမ်ားအိပ္မိၿပီး ၾကာလို႔ အပူေလာင္တယ္ထင္ၿပီး ဆရာခို လိမ္းလိုက္ေသးတယ္…ညေနေလာက္ေရာက္ေတာ့ ခ်က္ခ်င္းပိုႀကီးလာတယ္ဗ်…





ကူးစက္ေရာဂါလိုပဲ ထိုင္ေနရင္းကို ပိုပိုႀကီးၿပီးပိုပိုစပ္နာလာတာပါ… အဲ့ဒါနဲ႔ဘာမွန္းမသိလို႔ ေဆးခန္းသြားေတာ့ #မီးပိုးေကာင္ ကိုက္တာ ျဖစ္ဖို႔မ်ားတယ္တဲ့ ခင္ဗ်ာ..အခု နယ္ေတြမွာလည္း အဲ့အေကာင္ေတြထြက္ၿပီး အကိုက္ခံေနရတယ္ဆိုလို႔ သတိေပးလိုက္တာပါ.. အေကာင္ကိုက္တာပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ေတာ္ေတာ္ကို မခံႏိူင္ေအာင္နာတာပါ… အရမ္းလည္းစပ္ပါတယ္…အခုအနာရွိန္နဲ႔ဖ်ားခ်င္ေနလို႔ ကြၽန္ေတာ္လို႔မျဖစ္ေအာင္ သတိတရေရးေပးလိုက္တာပါ…အားလုံး ဂ႐ုစိုက္ၾကပါခင္ဗ်ာ”လို႔ သူ႔ရဲ႕လူမႈကြန္ရက္ကေန ဓာတ္ပုံေတြနဲ႔တကြ မွ်ေဝအသိေပးလာပါတယ္။



အခုလို မိုးအကုန္ေဆာင္းအကူး ကာလျဖစ္တာေၾကာင့္ ပိုးေကာင္ေလးေတြထြက္တတ္ၿပီးေတာ့ မီးပိုးေကာင္လို႔ ေခၚတဲ့ အေကာင္ေလးေတြလည္းထြက္တတ္ပါတယ္။ မၾကာခင္ကလည္း သ႐ုပ္ေဆာင္ေျပတီဦးတစ္ေယာက္ အဆိပ္ရွိတဲ့အေကာင္ အကိုက္ခံရတယ္လို႔ သူ႔ဇနီးအိျဒၵာေက်ာ္ဇင္က ေျပာျပခဲ့ပါတယ္။

Unicode ဖြင့်ဖတ်ရန်



ဂီတနယ်ပယ်မှာ အောင်မြင်မှုအထိုက်အလျောက်ရလာတဲ့ အဆိုတော် ဟန်ထူးဈာန်ဟာဆိုရင် မကြာခင်ပင် နန်းလို့ အမည်ရတဲ့ တေးစီးရီးကို ထွက်ရှိထားသူလည်းဖြစ်ပါတယ်။သူ့ရဲဂီတလမ်းကြောင်းကတော့ အိမ်မက်ဆုံရာကနေ ပရိသတ်ရင်ထဲရောက်ရှိလာသူ
လည်းဖြစ်ပါတယ်။ သူဟာ တေးစီးရီးအခွေအသစ်အတွက် ပရိုမိုရှင်းတွေလုပ်ရင်းနဲ့ အလုပ်တွေများနေခဲ့သူပါ။


လက်ရှိမှာတော့ ဂီတလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်နေပြီးတော့ ညီမဖြစ်သူ ဈာဈာန်ဟန်သာကိုပါ ပရိတ်သတ်ကထပ်တူကြိုဆိုလက်ခံကြပါတယ်။ အခုတေးစီးရီးအခွေအသစ်အတွက် အလုပ်တွေလုပ်ရင်းက မပြောဖြစ်ခဲ့တဲ့ အကြောင်းလေးကိုပြောပြလာပါတယ်။ ဒါကတော့ သူ့လိုမဖြစ်စေကြဖို့လို့ ဆိုပြီးတော့ အခုလိုပဲပြောပြလာပါတယ်။





“အားလုံးပဲကျွန်တော့်လိုမဖြစ်အောင် သတိထားကြဖို့ပါ ခင်ဗျာ…အရင်က ကျွန်တော့်အားဆေးတွေ စိတ်ပူမှာဆိုးလို့မပြောခဲ့တာပါ…အခုက Promotion ပွဲတွေအားလုံးလည်း အောင်မြင်စွာပြီးခဲ့ပြီမလို့ပြောပြတာပါ…မော်လမြိုင် promotion အပြီးအိမ်ပြန်ရောက်တော့ live လွှင့်ပြီး မှတ်မှတ်ရရ ကြုံခဲ့ရတဲ့ သရဲ အကြောင်းတွေပြောပြတဲ့ည ကအိပ်ပြီး မနက်အိပ်ယာနိုးလာတော့ လည်ပင်းကအရမ်းစပ်ပြီးနာနေလို့ မှန်သွားကြည့်လိုက်တော့ အဲ့လို ဖြစ်နေတာပါ….ဖုန်းကိုအားသွင်းပြီး အိပ်မိတော့ မသိတဲ့အချိန် ဖုန်းကိုဖိများအိပ်မိပြီး ကြာလို့ အပူလောင်တယ်ထင်ပြီး ဆရာခို လိမ်းလိုက်သေးတယ်…ညနေလောက်ရောက်တော့ ချက်ချင်းပိုကြီးလာတယ်ဗျ…





ကူးစက်ရောဂါလိုပဲ ထိုင်နေရင်းကို ပိုပိုကြီးပြီးပိုပိုစပ်နာလာတာပါ… အဲ့ဒါနဲ့ဘာမှန်းမသိလို့ ဆေးခန်းသွားတော့ #မီးပိုးကောင် ကိုက်တာ ဖြစ်ဖို့များတယ်တဲ့ ခင်ဗျာ..အခု နယ်တွေမှာလည်း အဲ့အကောင်တွေထွက်ပြီး အကိုက်ခံနေရတယ်ဆိုလို့ သတိပေးလိုက်တာပါ.. အကောင်ကိုက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တော်တော်ကို မခံနိူင်အောင်နာတာပါ… အရမ်းလည်းစပ်ပါတယ်…အခုအနာရှိန်နဲ့ဖျားချင်နေလို့ ကျွန်တော်လို့မဖြစ်အောင် သတိတရရေးပေးလိုက်တာပါ…အားလုံး ဂရုစိုက်ကြပါခင်ဗျာ”လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ဓာတ်ပုံတွေနဲ့တကွ မျှဝေအသိပေးလာပါတယ်။



အခုလို မိုးအကုန်ဆောင်းအကူး ကာလဖြစ်တာကြောင့် ပိုးကောင်လေးတွေထွက်တတ်ပြီးတော့ မီးပိုးကောင်လို့ ခေါ်တဲ့ အကောင်လေးတွေလည်းထွက်တတ်ပါတယ်။ မကြာခင်ကလည်း သရုပ်ဆောင်ပြေတီဦးတစ်ယောက် အဆိပ်ရှိတဲ့အကောင် အကိုက်ခံရတယ်လို့ သူ့ဇနီးအိဒ္ဒြာကျော်ဇင်က ပြောပြခဲ့ပါတယ်။

Writer- SMT(Shwe Yaung Lan)



မှတ်ချက်များ