Zawgyiျဖင့္ဖတ္ရန္
ဘဝမွာ အခက္အခဲဆုံးအရာေတြထဲကမွ သူငယ္ခ်င္းေတြနဲ႔ ခရီးအတူတူသြားဖို႔ဆိုတာကလည္း တစ္အခုအပါအဝင္ပါပဲေနာ္။ ငယ္႐ြယ္တုန္းကေလးဘဝကေတာ့ ျဖစ္ႏိုင္ေပမယ့္ အသက္ေတြရလာၿပီးေတာ့ ကိုယ္စီအလုပ္အကိုင္ေတြနဲ႔ ဘဝကိုက်င္လည္ေနရတဲ့အခါမွာေတာ့ ရက္ညႇိလို႔မရတာနဲ႔ ၊ အလုပ္ေပၚလာတာနဲ႔ ၊ ေနမေကာင္းတာနဲ႔ မ်ိဳးစုံေသာ အေၾကာင္းအရာေတြနဲ႔ မသြားျဖစ္ၾကတာကို ကိုယ္တိုင္လည္းႀကဳံဖူးၾကမွာပါ။
ဒါဟာ သူငယ္ခ်င္းမိတ္ေဆြရွိသူတိုင္းမွာ ႀကဳံေလ့ရွိေနတဲ့အရာပါပဲ။ ဒီအေပၚမွာေတာ့ ေတာင္ကိုရီးယားက အမ်ိဳးသမီးငယ္ေလး ဆိုယြန္းကေတာ့ သူ႔စိတ္ကူးတစ္ခုေၾကာင့္ ေတာင္ကိုရီးယား တစ္ႏိုင္ငံလုံးက သေဘာအက်ႀကီးက်ေနခဲ့ပါတယ္။ ဒါကေတာ့ ခရီးသြားဖို႔ ညႇိႏႈိင္းတိုင္ပင္ၿပီးမွ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူငယ္ခ်င္းေတြ မလိုက္ေတာ့တာေၾကာင့္ သူက ပညာသားပါပါ ခရီးသြားခဲ့တာပဲျဖစ္ပါတယ္။ အစကေတာ့ သူငယ္ခ်င္းေတြဟာ အားတက္သေရာရွိေနၿပီးေတာ့ သြားခါနီးရက္က်မွ မလိုက္ျဖစ္ၾကေတာ့တာျဖစ္ပါတယ္။
ဒါေပမယ့္ သူမဟာ သူငယ္ခ်င္းေတြနဲ႔ သြားဖို႔စိတ္ကူးယဥ္ထားတာေၾကာင့္ မျဖစ္ျဖစ္ေအာင္ ခရီးသြားခဲ့တာပါပဲ။ ဒါကေတာ့ သူငယ္ခ်င္းေတြရဲ႕ ဆယ္ဖီလ္ပုံေတြကို ဓာတ္ပုံထုတ္ၿပီးယူသြားခဲ့တာပါ။ ေလယာဥ္စီးတာကအစ ၊ အိပ္ယာအဆုံး ၊ စားစရာေတြအလယ္မွာ အားလုံး ကို သူငယ္ခ်င္းေတြနဲ႔အတူ ရွိေနတယ္ဆိုတဲ့ ခံစားခ်က္ျဖစ္ေအာင္လို႔လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ သူငယ္ခ်င္းေတြေရွ႕မွာလည္း စားစရာေတြ ခ်ေပးထားခဲ့တာပါ။
သူမရဲ႕လုပ္ေဆာင္မႈဟာ ႐ူးေၾကာင္ေၾကာင္ႏိုင္တယ္လို႔ ဆိုၾကေပမယ့္ သူမရဲ႕ သူငယ္ခ်င္းေတြအေပၚခ်စ္ခင္စိတ္ကိုေတာ့ အားလုံးက ေလးစားေနၾကပါတယ္။
Unicode ဖြင့်ဖတ်ရန်

ဘဝမှာ အခက်အခဲဆုံးအရာတွေထဲကမှ သူငယ်ချင်းတွေနဲ့ ခရီးအတူတူသွားဖို့ဆိုတာကလည်း တစ်အခုအပါအဝင်ပါပဲနော်။ ငယ်ရွယ်တုန်းကလေးဘဝကတော့ ဖြစ်နိုင်ပေမယ့် အသက်တွေရလာပြီးတော့ ကိုယ်စီအလုပ်အကိုင်တွေနဲ့ ဘဝကိုကျင်လည်နေရတဲ့အခါမှာတော့ ရက်ညှိလို့မရတာနဲ့ ၊ အလုပ်ပေါ်လာတာနဲ့ ၊ နေမကောင်းတာနဲ့ မျိုးစုံသော အကြောင်းအရာတွေနဲ့ မသွားဖြစ်ကြတာကို ကိုယ်တိုင်လည်းကြုံဖူးကြမှာပါ။
ဒါဟာ သူငယ်ချင်းမိတ်ဆွေရှိသူတိုင်းမှာ ကြုံလေ့ရှိနေတဲ့အရာပါပဲ။ ဒီအပေါ်မှာတော့ တောင်ကိုရီးယားက အမျိုးသမီးငယ်လေး ဆိုယွန်းကတော့ သူ့စိတ်ကူးတစ်ခုကြောင့် တောင်ကိုရီးယား တစ်နိုင်ငံလုံးက သဘောအကျကြီးကျနေခဲ့ပါတယ်။ ဒါကတော့ ခရီးသွားဖို့ ညှိနှိုင်းတိုင်ပင်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ မလိုက်တော့တာကြောင့် သူက ပညာသားပါပါ ခရီးသွားခဲ့တာပဲဖြစ်ပါတယ်။ အစကတော့ သူငယ်ချင်းတွေဟာ အားတက်သရောရှိနေပြီးတော့ သွားခါနီးရက်ကျမှ မလိုက်ဖြစ်ကြတော့တာဖြစ်ပါတယ်။
ဒါပေမယ့် သူမဟာ သူငယ်ချင်းတွေနဲ့ သွားဖို့စိတ်ကူးယဉ်ထားတာကြောင့် မဖြစ်ဖြစ်အောင် ခရီးသွားခဲ့တာပါပဲ။ ဒါကတော့ သူငယ်ချင်းတွေရဲ့ ဆယ်ဖီလ်ပုံတွေကို ဓာတ်ပုံထုတ်ပြီးယူသွားခဲ့တာပါ။ လေယာဉ်စီးတာကအစ ၊ အိပ်ယာအဆုံး ၊ စားစရာတွေအလယ်မှာ အားလုံး ကို သူငယ်ချင်းတွေနဲ့အတူ ရှိနေတယ်ဆိုတဲ့ ခံစားချက်ဖြစ်အောင်လို့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းတွေရှေ့မှာလည်း စားစရာတွေ ချပေးထားခဲ့တာပါ။
သူမရဲ့လုပ်ဆောင်မှုဟာ ရူးကြောင်ကြောင်နိုင်တယ်လို့ ဆိုကြပေမယ့် သူမရဲ့ သူငယ်ချင်းတွေအပေါ်ချစ်ခင်စိတ်ကိုတော့ အားလုံးက လေးစားနေကြပါတယ်။
Writer – SMT( Shwe Yaung Lan)

မှတ်ချက်များ