သက္ငယ္မုဒိန္း သီခ်င္းနဲ႕ ပတ္သတ္ၿပီး ေစာလားေထာ္ဝါးကို ေတာင္းပန္လိုက္ရတဲ့ တန္ခြန္ေက်ာ္







Zawgyiျဖင့္ဖတ္ရန္

လူအမ်ားစိတ္ဝင္တစားၾကည့္ရႈေနၾကတဲ့ ျမန္မာအိုင္ေဒါ Season 4 ရဲ႕ ေလးပါတ္ေျမာက္ ၿပိဳင္ပြဲဝင္စာရင္းထြက္လာခ်ိန္မွာေတာ့ ပရိသတ္ေတြ အေတာ္ေလး ပြဲဆူေစခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုေကာင္းၾကတဲ့ ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ တန္ခြန္ေက်ာ္ထြက္လိုက္ရသလို ၊ ေအးျမျဖဴ ၊ အက္စတာေဒါ့ခ်င္ဆုန္ တို႔လည္း Bottom 3 ကို ထိုင္လိုက္ရတာေၾကာင့္ျဖစ္ပါတယ္။



အခုလို သတင္းဆိုးနဲ႔ ပတ္သတ္ၿပီးေတာ့ တန္ခြန္ေက်ာ္ရဲ႕ ပရိသတ္ေတြဟာ မေမွ်ာ္လင့္ထားၾကတာေၾကာင့္ ငိုယိုသူေတြေတာင္ ရွိခဲ့ပါတယ္။ အတည္မျပဳႏိုင္တဲ့သတင္းေတြအရလည္း တန္ခြန္ေက်ာ္ဟာ Myanmar Idol က မန္ေနဂ်ာနဲ႔ အဆင္မေျပမႈေတြျဖစ္ခဲ့တာေၾကာင့္ သူ႔ကိုျဖဳတ္မယ္ဆိုတာကို သိေနခဲ့တယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ သူရဲ႕ေနာက္ဆုံး ႏႈတ္ဆက္သီခ်င္းနဲ႔ ပတ္သတ္ၿပီးေတာ့လည္း အနည္းငယ္ျပႆနာရွိခဲ့ပါတယ္။



ဒါကေတာ့ သီခ်င္းကို သူကိုယ္တိုင္ေ႐ြးထားတာပါလို႔ ေျပာခ်င္ခဲ့ေပမယ့္ ဝမ္းနည္းမႈ ၊အံ့ၾသသင့္မႈ ၊ ရႈံးနိမ့္မႈေတြေၾကာင့္ စကားမွားခဲ့ၿပီးေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ေရးထားတာပါလို႔ ေျပာဆိုမိခဲ့တာပါ။ ဒီအတြက္လည္း သူကိုယ္တိုင္ လူမႈကြန္ရက္မွာ ျပန္ေတာင္းပန္ထားပါတယ္။ မူလအဆိုရွင္ျဖစ္တဲ့ ေစာလားေထာ္ဝါး ၊ ေတးေရး – ခ်မ္းဘိုတို႔ကိုလည္းသူ႔စကားအမွားအတြက္ ေတာင္းပန္လိုက္ရတာကို ေတြ႕ရပါတယ္။



ပရိသတ္ေတြကလည္း သူ႔ကို နားလည္ေပးၾကပါတယ္။ ျမန္မာအိုင္ေဒါက ထြက္သြားရေပမယ့္ ပရိတ္သတ္ေတြအတြက္ ဂီတကို ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ ခြန္အားတစ္ခုကိုစုစည္းၿပီး ႐ုန္းကန္ၿပီး စင္ေပၚမွာ ဆက္လက္ရွင္သန္သြားဦးမယ္လို႔လည္း တန္ခြန္ေက်ာ္က ပရိသတ္ေတြကို ကတိစကားဆိုလိုက္ပါေသးတယ္။


Unicode ဖြင့်ဖတ်ရန်


လူအများစိတ်ဝင်တစားကြည့်ရှုနေကြတဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ လေးပါတ်မြောက် ပြိုင်ပွဲဝင်စာရင်းထွက်လာချိန်မှာတော့ ပရိသတ်တွေ အတော်လေး ပွဲဆူစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုကောင်းကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့ တန်ခွန်ကျော်ထွက်လိုက်ရသလို ၊ အေးမြဖြူ ၊ အက်စတာဒေါ့ချင်ဆုန် တို့လည်း Bottom 3 ကို ထိုင်လိုက်ရတာကြောင့်ဖြစ်ပါတယ်။



အခုလို သတင်းဆိုးနဲ့ ပတ်သတ်ပြီးတော့ တန်ခွန်ကျော်ရဲ့ ပရိသတ်တွေဟာ မမျှော်လင့်ထားကြတာကြောင့် ငိုယိုသူတွေတောင် ရှိခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရလည်း တန်ခွန်ကျော်ဟာ Myanmar Idol က မန်နေဂျာနဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့တာကြောင့် သူ့ကိုဖြုတ်မယ်ဆိုတာကို သိနေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူရဲ့နောက်ဆုံး နှုတ်ဆက်သီချင်းနဲ့ ပတ်သတ်ပြီးတော့လည်း အနည်းငယ်ပြဿနာရှိခဲ့ပါတယ်။



ဒါကတော့ သီချင်းကို သူကိုယ်တိုင်ရွေးထားတာပါလို့ ပြောချင်ခဲ့ပေမယ့် ဝမ်းနည်းမှု ၊အံ့သြသင့်မှု ၊ ရှုံးနိမ့်မှုတွေကြောင့် စကားမှားခဲ့ပြီးတော့ ကျွန်တော်ကိုယ်တိုင်ရေးထားတာပါလို့ ပြောဆိုမိခဲ့တာပါ။ ဒီအတွက်လည်း သူကိုယ်တိုင် လူမှုကွန်ရက်မှာ ပြန်တောင်းပန်ထားပါတယ်။ မူလအဆိုရှင်ဖြစ်တဲ့ စောလားထော်ဝါး ၊ တေးရေး – ချမ်းဘိုတို့ကိုလည်းသူ့စကားအမှားအတွက် တောင်းပန်လိုက်ရတာကို တွေ့ရပါတယ်။



ပရိသတ်တွေကလည်း သူ့ကို နားလည်ပေးကြပါတယ်။ မြန်မာအိုင်ဒေါက ထွက်သွားရပေမယ့် ပရိတ်သတ်တွေအတွက် ဂီတကို ဆက်လက်လုပ်ဆောင်ဖို့အတွက် ခွန်အားတစ်ခုကိုစုစည်းပြီး ရုန်းကန်ပြီး စင်ပေါ်မှာ ဆက်လက်ရှင်သန်သွားဦးမယ်လို့လည်း တန်ခွန်ကျော်က ပရိသတ်တွေကို ကတိစကားဆိုလိုက်ပါသေးတယ်။




Credit: Burmese Asia 


မှတ်ချက်များ