Goo Hara ဈာပနကို ပရိတ္သတ္ေတြလာေရာက္ ၾကည့္ရႈလို႔ရေအာင္ စီစဥ္သြားမည္





Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၄ ရက္ေန႔မွာ အသက္ (၂၅) ႏွစ္အ႐ြယ္ သ႐ုပ္ေဆာင္ ဂူဟားရားတစ္ေယာက္ ေနအိမ္မွာ ေသဆုံးေနခဲ့တာကို ရဲဌာနမွ အတည္ျပဳေၾကညာခဲ့ပါတယ္။



ေသဆုံးသြားၿပီးျဖစ္တဲ့ ဂူဟားရားအေလာင္းကို အသုဘခ်ၿပီးေနာက္ ပရိတ္သတ္ေတြ ဈာပနပြဲကို လာေရာက္ၾကည့္ရႈႏိုင္ဖို႔ မိသားစုသေဘာတူညီခ်က္နဲ႔အတူ စီစဥ္ထားၿပီးျဖစ္ေၾကာင္း ေအဂ်င္စီက ထုတ္ျပန္ေၾကညာလာပါတယ္။



“မိသားစု အေနနဲ႔ ဂူဟားရား ေသဆုံးတာ သိၿပီးတဲ့အခ်ိန္ ယမန္ေန႔ည ၈ နာရီကတည္းက Yonsei ေဆး႐ုံ ဈာပနခန္းမကို ေရာက္ရွိေနခဲ့တာပဲျဖစ္ပါတယ္။ ဂူဟားရားရဲ႕ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ ဆႏၵအရ ပရိတ္သတ္ေတြ သူမကို လာေရာက္ႏႈတ္ဆက္ႏိုင္ဖို႔ ေအဂ်င္စီကေနၿပီး စီစဥ္ေပးထားပါတယ္။ ဈာပန အခမ္းအနား က်င္းပသြားမယ့္ ေနရာကေတာ့ St.Mary ဈာပနခန္းမ ျဖစ္ၿပီး ဒီေန႔ကစလို႔ ႏိုဝင္ဘာ ၂၇ ထိ ျပဳလုပ္သြားမွာပါ။” ဆိုၿပီး ေၾကညာခ်က္ ထုတ္ျပန္လာပါတယ္။




အရင္လတုန္းကမွ Sulli ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားခဲ့တာေၾကာင့္ ပရိတ္သတ္ ယူက်ဴံးမရ ျဖစ္ေနတာမွ မၾကာေသး Sulli သူငယ္ခ်င္း ဂူဟားရားကပါ ႐ုတ္တရက္ေသဆုံးသြားတာေၾကာင့္ ကိုးရီးယား ပရိတ္သတ္ေတြေရာ ကမာၻတစ္ဝွမ္းက ပရိတ္သတ္ေတြပါ ေၾကကြဲ ဝမ္းနည္းလ်က္ရွိၾကပါတယ္။ သိပ္ခ်စ္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ တမလြန္မွာ ျပန္လည္ဆုံေတြ႕ႏိုင္ၾကပါေစလို႔ ပိုပိုေလးမွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။


Credit: popolay 


Unicode ဖြင့်ဖတ်ရန်

 Goo Hara ဈာပနကို ပရိတ်သတ်တွေလာရောက် ကြည့်ရှုလို့ရအောင် စီစဉ်သွားမည်


ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အသက် (၂၅) နှစ်အရွယ် သရုပ်ဆောင် ဂူဟားရားတစ်ယောက် နေအိမ်မှာ သေဆုံးနေခဲ့တာကို ရဲဌာနမှ အတည်ပြုကြေညာခဲ့ပါတယ်။



သေဆုံးသွားပြီးဖြစ်တဲ့ ဂူဟားရားအလောင်းကို အသုဘချပြီးနောက် ပရိတ်သတ်တွေ ဈာပနပွဲကို လာရောက်ကြည့်ရှုနိုင်ဖို့ မိသားစုသဘောတူညီချက်နဲ့အတူ စီစဉ်ထားပြီးဖြစ်ကြောင်း အေဂျင်စီက ထုတ်ပြန်ကြေညာလာပါတယ်။



“မိသားစု အနေနဲ့ ဂူဟားရား သေဆုံးတာ သိပြီးတဲ့အချိန် ယမန်နေ့ည ၈ နာရီကတည်းက Yonsei ဆေးရုံ ဈာပနခန်းမကို ရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဂူဟားရားရဲ့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဆန္ဒအရ ပရိတ်သတ်တွေ သူမကို လာရောက်နှုတ်ဆက်နိုင်ဖို့ အေဂျင်စီကနေပြီး စီစဉ်ပေးထားပါတယ်။ ဈာပန အခမ်းအနား ကျင်းပသွားမယ့် နေရာကတော့ St.Mary ဈာပနခန်းမ ဖြစ်ပြီး ဒီနေ့ကစလို့ နိုဝင်ဘာ ၂၇ ထိ ပြုလုပ်သွားမှာပါ။” ဆိုပြီး ကြေညာချက် ထုတ်ပြန်လာပါတယ်။



အရင်လတုန်းကမှ Sulli ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာကြောင့် ပရိတ်သတ် ယူကျူံးမရ ဖြစ်နေတာမှ မကြာသေး Sulli သူငယ်ချင်း ဂူဟားရားကပါ ရုတ်တရက်သေဆုံးသွားတာကြောင့် ကိုးရီးယား ပရိတ်သတ်တွေရော ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေပါ ကြေကွဲ ဝမ်းနည်းလျက်ရှိကြပါတယ်။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် တမလွန်မှာ ပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Credit: popolay 

မှတ်ချက်များ