Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြအားလုံးရဲ့ အာ႐ုံကိုဖမ္းစားထားတဲ့ The Mask Singe Myanmar ပရိုဂရမ္ကေတာ့ ပေဟဠိေတြနဲ႔ ျပည့္ႏွက္ၿပီး ပရိသတ္ေတြကို အေတြးေပါင္းစုံေပးထားတဲ့ အစီစဥ္တစ္ခုပဲျဖစ္ပါတယ္။ ပရိသတ္ေတြတင္မကပါဘူး ဆယ္လီစုံေထာက္ေတြပါ မူးေနာက္ေနေအာင္စဥ္းစားေနရတဲ့ အစီစဥ္တစ္ခုပါ ။ မ်က္ႏွာဖုံးေနာက္ကြယ္က ဆယ္လီေတြက ဘယ္သူျဖစ္မလဲဆိုတာကို အသံတစ္ခုထဲ နားေထာင္ၿပီး စုံစမ္းရတာ တကယ္ကိုရင္ခုန္စရာေကာင္းလြန္းပါတယ္ ေနာ္ ။
ဆယ္လီစုံေထာက္ေတြတင္မကဘဲ ပရိသတ္ေတြကပါ ပေဟဠိအေျဖညႇိၿပီး ထင္ေၾကးေပးေနၾကတာလည္း တကယ္ကိုေပ်ာ္စရာေကာင္းလြန္းပါတယ္ေနာ္ ။ လတ္တေလာမွာေတာ့ ၿဂိဳလ္သား ၊ နဂါးနဲ႔ က်ား သုံးေယာက္ အဖြဲ႕ထဲက က်ားကေတာ့ ပိုင္တံခြန္ျဖစ္တယ္ဆိုတာ ပရိသတ္ေတြအားလုံးသိၿပီးတဲ့ေနာက္မွာေတာ့ အျမဲ စင္ေပၚမွာခုန္ေပါက္ ျမဴးထူးေနတဲ့ အျဖဴေရာင္ ၿဂိဳလ္သားေလးက ဘယ္သူျဖစ္မလဲလို႔ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါၿပီ ။ အျဖဴေရာင္ ၿဂိဳလ္သားေလးက ေတးသံရွင္ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ေလး အုပ္စိုးခန႔္ဆိုၿပီး တစ္နိုင္ငံလုံးက ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါတယ္ ။
တကယ္ပဲ ၿဂိဳလ္သားေလးက အုပ္စိုးခန႔္ဟုတ္မဟုတ္ဆိုတာကိုေတာ့ ေနာက္တစ္ပတ္ အစီစဥ္ေတြကို ရင္ခုန္စြာေစာင့္ေမၽွာ္ရဦးမွာပဲ ျဖစ္ပါတယ္ ။ ပရိသတ္ႀကီးကေရာ အုပ္စိုးခန႔္ကို ၿဂိဳလ္သားေလးလို႔ထင္လားမွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။
Unicode ဖြင့်ဖတ်ရန်
ပရိသတ်တွေအားလုံးရဲ့ အာရုံကိုဖမ်းစားထားတဲ့ The Mask Singe Myanmar ပရိုဂရမ်ကတော့ ပဟေဠိတွေနဲ့ ပြည့်နှက်ပြီး ပရိသတ်တွေကို အတွေးပေါင်းစုံပေးထားတဲ့ အစီစဉ်တစ်ခုပဲဖြစ်ပါတယ်။ ပရိသတ်တွေတင်မကပါဘူး ဆယ်လီစုံထောက်တွေပါ မူးနောက်နေအောင်စဉ်းစားနေရတဲ့ အစီစဉ်တစ်ခုပါ ။ မျက်နှာဖုံးနောက်ကွယ်က ဆယ်လီတွေက ဘယ်သူဖြစ်မလဲဆိုတာကို အသံတစ်ခုထဲ နားထောင်ပြီး စုံစမ်းရတာ တကယ်ကိုရင်ခုန်စရာကောင်းလွန်းပါတယ် နော် ။

ဆယ်လီစုံထောက်တွေတင်မကဘဲ ပရိသတ်တွေကပါ ပဟေဠိအဖြေညှိပြီး ထင်ကြေးပေးနေကြတာလည်း တကယ်ကိုပျော်စရာကောင်းလွန်းပါတယ်နော် ။ လတ်တလောမှာတော့ ဂြိုလ်သား ၊ နဂါးနဲ့ ကျား သုံးယောက် အဖွဲ့ထဲက ကျားကတော့ ပိုင်တံခွန်ဖြစ်တယ်ဆိုတာ ပရိသတ်တွေအားလုံးသိပြီးတဲ့နောက်မှာတော့ အမြဲ စင်ပေါ်မှာခုန်ပေါက် မြူးထူးနေတဲ့ အဖြူရောင် ဂြိုလ်သားလေးက ဘယ်သူဖြစ်မလဲလို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါပြီ ။ အဖြူရောင် ဂြိုလ်သားလေးက တေးသံရှင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး အုပ်စိုးခန့်ဆိုပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ် ။
တကယ်ပဲ ဂြိုလ်သားလေးက အုပ်စိုးခန့်ဟုတ်မဟုတ်ဆိုတာကိုတော့ နောက်တစ်ပတ် အစီစဉ်တွေကို ရင်ခုန်စွာစောင့်မျှော်ရဦးမှာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးကရော အုပ်စိုးခန့်ကို ဂြိုလ်သားလေးလို့ထင်လားမှတ်ချက်ပေးခဲ့ပါဦးနော် ။
Credit: Burmese Asia

မှတ်ချက်များ