သမီးေလး Ivy ကို အဓိပၸါယ္ရိွတဲ့ ျမန္မာနာမည္လွလွေလးေပးလိုက္ျပီျဖစ္တဲ့ ေအသင္ခ်ိဳေဆြ


Zawgyiျဖင့္ဖတ္ရန္

ပရိသတ္ေတြ ခ်စ္ၾကတဲ့ အဆိုေတာ္ ေအသင္ခ်ိဳေဆြက ဆယ္ေက်ာ္သက္အရြယ္ကတည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ရိွန္ထိုးရရိွထားသူေလးပါ။ ေအသင္ခ်ိဳေဆြက single mother တစ္ေယာက္အေနနဲ႔ ဘဝကို ရဲရဲရင့္ရင့္ ျဖတ္သန္းေနတဲ့ စိတ္ဓာတ္ၾကံ့ခိုင္တဲ့ အမ်ိဳးသမီး တစ္ဦးျဖစ္တာေၾကာင့္ သူမရဲ့ အနုပညာကိုသာမက သူမရဲ့ ဘဝေနထိုင္မႈပံုစံကိုပါ ပရိသတ္ေတြက သေဘာက်ၾကတာ ျဖစ္ပါတယ္။

ေအသင္ခ်ိဳေဆြရဲ့ သမီးေလး IVY က ျပီးခဲ့တဲ့ ၾသဂုတ္လက အသက္ (၂) နွစ္ျပည့္သြားျပီ ျဖစ္ျပီး တစ္ေန့ထက္တစ္ေန့ ခ်စ္စရာေကာင္းလာတာေၾကာင့္ ပရိသတ္ေတြရဲ့အခ်စ္ေတြကို ပိုင္ဆိုင္ရရိွထားတာ ျဖစ္ပါတယ္။

IVY လို့ ပရိသတ္ေတြ သိၾကတဲ့ ေအသင္ခ်ိဳေဆြရဲ့ သမီးေလးကို ဒီေန့မွာေတာ့ ေမေမ ေအသင္ခ်ိဳေဆြက ခ်စ္စရာေကာင္းျပီး အဓိပၸာယ္ရိွတဲ့ ျမန္မာနာမည္လွလွေလးတစ္ခုကို သက္မွတ္ေပးခဲ့ျပီျဖစ္ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

"သင္တို႔ျမတ္ႏိုးရတဲ့ သူေလးမို႔လို႔ 💖 သင္ျမတ္ႏိုး 💖လို႔ပဲ ျမန္မာနာမည္ေပးလိုက္ေတာ့မယ္ေနာ္။ 💖 သင္ျမတ္ႏိုး @ Ivy 💖" ဆိုျပီး Ivy ေလးကိုိ သင္ျမတ္နုိး ဆိုျပီး နာမည္လွလွေလးေပးခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့ သမီးေလး Ivy ကေတာ့ သင္ျမတ္နိုး ဆိုတဲ့ နာမည္လွလွေလးကို ပိုင္ဆိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သမီးေလး သင္ျမတ္နိုး ရဲ့ နာမည္အသစ္ေလးကို ၾကိဳက္နွစ္သက္ၾကမယ္ ထင္ပါတယ္ေနာ္။

Rowena

Source: Athen Cho Swe's fb

Credit:momolay

Unicodeဖြင့်ဖတ်ရန်

သမီးလေး Ivy ကို အဓိပ္ပါယ်ရှိတဲ့ မြန်မာနာမည်လှလှလေးပေးလိုက်ပြီဖြစ်တဲ့ အေသင်ချိုဆွေ

ပရိသတ်တွေ ချစ်ကြတဲ့ အဆိုတော် အေသင်ချိုဆွေက ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ရှိန်ထိုးရရှိထားသူလေးပါ။ အေသင်ချိုဆွေက single mother တစ်ယောက်အနေနဲ့ ဘဝကို ရဲရဲရင့်ရင့် ဖြတ်သန်းနေတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီး တစ်ဦးဖြစ်တာကြောင့် သူမရဲ့ အနုပညာကိုသာမက သူမရဲ့ ဘဝနေထိုင်မှုပုံစံကိုပါ ပရိသတ်တွေက သဘောကျကြတာ ဖြစ်ပါတယ်။

အေသင်ချိုဆွေရဲ့ သမီးလေး IVY က ပြီးခဲ့တဲ့ သြဂုတ်လက အသက် (၂) နှစ်ပြည့်သွားပြီ ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ချစ်စရာကောင်းလာတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

IVY လို့ ပရိသတ်တွေ သိကြတဲ့ အေသင်ချိုဆွေရဲ့ သမီးလေးကို ဒီနေ့မှာတော့ မေမေ အေသင်ချိုဆွေက ချစ်စရာကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ မြန်မာနာမည်လှလှလေးတစ်ခုကို သက်မှတ်ပေးခဲ့ပြီဖြစ်ကြောင်း အခုလိုပဲ ပြောလာပါတယ်။

"သင်တို့မြတ်နိုးရတဲ့ သူလေးမို့လို့ 💖 သင်မြတ်နိုး 💖လို့ပဲ မြန်မာနာမည်ပေးလိုက်တော့မယ်နော်။ 💖 သင်မြတ်နိုး @ Ivy 💖" ဆိုပြီး Ivy လေးကို သင်မြတ်နိုး ဆိုပြီး နာမည်လှလှလေးပေးခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကတော့ သင်မြတ်နိုး ဆိုတဲ့ နာမည်လှလှလေးကို ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သမီးလေး သင်မြတ်နိုး ရဲ့ နာမည်အသစ်လေးကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်နော်။

Rowena

Source: Athen Cho Swe's fb

Credit:momolay

မှတ်ချက်များ