Song Joong Ki နဲ႔ ခြဲမရေအာင္တူတယ္လို႔ေဝဖန္ခံေနရတဲ့ ၿခိမ့္ေကကိုရဲ႕ ဗီဒီယို




Zawgyi ျဖင့္ဖတ္ရန္

ၿခိမ့္္ေကကိုနဲ႔ ေက်ာ္ေက်ာ္နႏၵဟာ လူေတြေတာ္ေတာ္မ်ားမ်ားရဲ႕ေဝဖန္မႉေတြကို ဂ႐ုမစိုက္ပဲ သူတို႔႐ူးသြပ္တဲ့အႏုပညာကိုတစိုက္မတ္မတ္ႀကိဳးစားတဲ့ အႏုပညာရွင္ေတြျဖစ္ပါတယ္။ ၿခိမ့္ေကကိုဟာ ျမန္မာအိုင္ေဒါလ္ၿပိဳင္ပြဲမွာ ျမန္မာျပည္သိန္းတန္ ငွက္ေပ်ာသီးေကြၽးလိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ပရိသတ္သတိထားမိလာသူျဖစ္ၿပီး လက္ရွိခ်ိန္မွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ား ရွိေနၿပီ ျဖစ္ပါတယ္။ ၿခိမ့္ေကကိုနဲ ေက်ာ္ေက်ာ္နႏၵႏွစ္ဦးလုံးက သူတို႔ရိသတ္ေတြနဲ႔ အၿမဲတမ္းလိုလို ရင္းရင္းႏွီးႏွီးရွိၾကၿပီး လူမႉကြန္ယက္ေပၚမွာ အႏုပညာလႉပ္ရွားမႉေတြ video ေလးေတြတင္ေပးေနၾကျဖစ္သလို အႏုပညာအလုပ္ေတြလည္းဆက္လက္လုပ္ကိုင္ေနဆဲပါ။



လက္ရွိအခ်ိန္မွာဆိုရင္သူတို႔ကို ခ်စ္ခင္တဲ့ပရိသတ္ေတြက မ်ားစြာရွိေနၿပီျဖစ္ၿပီး အရင္က ေဝဖန္ခဲ့ၾကသူေတြလည္း နည္းပါးသြားခဲ့ၿပီျဖစ္ပါတယ္။ ပရိသတ္ေတြကသူတို႔ႏွစ္ဦးကိုခ်စ္ခင္စြာစေနာက္မႉေတြလည္းရွိလာၾကၿပီး မၾကာေသးမီက ၿခိမ့္ေကကိုကို ကမာၻေက်ာ္မင္းသား Leonardo ရဲ႕မ်က္ႏွာေနရာမွာ edit လုပ္ထားတဲ့ video ေလးကလည္း ပရိသတ္ေတြအႀကိဳက္ေတြ႕ၿပီး လူမႉကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါေသးတယ္။

အခုတေလာ ပရိသတ္ေတြၾကားထဲထပ္မံပ်ံ႕ႏွံ႔ေနျပန္တဲ့ Video ေလးကေတာ့ ၿခိမ့္ေကကိုနဲ႔ ေက်ာ္ေက်ာ္နႏၵရဲ႕ အရမ္းမိုက္တဲ့ Video ေလးပဲျဖစ္ပါတယ္။ အဲဒီ Video ေလးကေတာ့ ေက်ာ္ေက်ာ္နႏၵနဲ႔ ၿခိမ့္ေကကိုကို ကိုရီးယားမင္းသားမင္းသမီးေတြရဲ႕မ်က္ႏွာေနရာမွာထည့္ၿပီးedit လုပ္ထားတဲ့ Video ေလးပါ။ အဲဒီ video ထဲက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ၿခိမ့္ေကကိုကို Song Joong Ki ေနရာက ထည့္ၿပီး edit ထားသလို ေက်ာ္ေက်ာ္နႏၵကိုေတာ့ Song Hye Kyo ေနရာက ထည့္ၿပီး edit ထားတာေတြပါဝင္ပါတယ္။





ဒီ video ေလးကိုၾကည့္လိုက္ရတဲ့ သူေတာ္ေတာ္မ်ားမ်ားက ၿခိမ့္ေကကိုကို Song Joong Ki နဲ႔ အရမ္းတူတယ္လို႔ေဝဖန္ေနၾကၿပီးအဲဒီ video ေလးက ပရိသတ္ေတြၾကားထဲမွာေရပန္းစားေနသလို ပရိသတ္မ်ားစြာရဲ႕ ျပန္လည္မွ်ေဝျခင္းကိုလည္းခံေနရတာပါ။ အဲ့ဒီ Video ေလးက ခဏတြင္းခ်င္းမွာပဲ view ေပါင္းသုံးသိန္းနီးပါးရရွိသြားခဲ့ၿပီး like တစ္ေသာင္းေက်ာ္ရရွိသြားတာေတြ႕ရပါတယ္။

share from ;/burmese.asia


Unicode ဖြင့်ဖတ်ရန်

Song Joong Ki နဲ့ ခွဲမရအောင်တူတယ်လို့ဝေဖန်ခံနေရတဲ့ ခြိမ့်ကေကိုရဲ့ ဗီဒီယို




ခြိမ့်ကေကိုနဲ့ ကျော်ကျော်နန္ဒဟာ လူတွေတော်တော်များများရဲ့ဝေဖန်မှူတွေကို ဂရုမစိုက်ပဲ သူတို့ရူးသွပ်တဲ့အနုပညာကိုတစိုက်မတ်မတ်ကြိုးစားတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ခြိမ့်ကေကိုဟာ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲမှာ မြန်မာပြည်သိန်းတန် ငှက်ပျောသီးကျွေးလိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ပရိသတ်သတိထားမိလာသူဖြစ်ပြီး လက်ရှိချိန်မှာ ပရိသတ်တော်တော်များများ ရှိနေပြီ ဖြစ်ပါတယ်။ ခြိမ့်ကေကိုနဲ ကျော်ကျော်နန္ဒနှစ်ဦးလုံးက သူတို့ရိသတ်တွေနဲ့ အမြဲတမ်းလိုလို ရင်းရင်းနှီးနှီးရှိကြပြီး လူမှူကွန်ယက်ပေါ်မှာ အနုပညာလှူပ်ရှားမှူတွေ video လေးတွေတင်ပေးနေကြဖြစ်သလို အနုပညာအလုပ်တွေလည်းဆက်လက်လုပ်ကိုင်နေဆဲပါ။



လက်ရှိအချိန်မှာဆိုရင်သူတို့ကို ချစ်ခင်တဲ့ပရိသတ်တွေက များစွာရှိနေပြီဖြစ်ပြီး အရင်က ဝေဖန်ခဲ့ကြသူတွေလည်း နည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေကသူတို့နှစ်ဦးကိုချစ်ခင်စွာစနောက်မှူတွေလည်းရှိလာကြပြီး မကြာသေးမီက ခြိမ့်ကေကိုကို ကမ္ဘာကျော်မင်းသား Leonardo ရဲ့မျက်နှာနေရာမှာ edit လုပ်ထားတဲ့ video လေးကလည်း ပရိသတ်တွေအကြိုက်တွေ့ပြီး လူမှူကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါသေးတယ်။

အခုတလော ပရိသတ်တွေကြားထဲထပ်မံပျံ့နှံ့နေပြန်တဲ့ Video လေးကတော့ ခြိမ့်ကေကိုနဲ့ ကျော်ကျော်နန္ဒရဲ့ အရမ်းမိုက်တဲ့ Video လေးပဲဖြစ်ပါတယ်။ အဲဒီ Video လေးကတော့ ကျော်ကျော်နန္ဒနဲ့ ခြိမ့်ကေကိုကို ကိုရီးယားမင်းသားမင်းသမီးတွေရဲ့မျက်နှာနေရာမှာထည့်ပြီးedit လုပ်ထားတဲ့ Video လေးပါ။ အဲဒီ video ထဲက နေရာတော်တော်များများမှာ ခြိမ့်ကေကိုကို Song Joong Ki နေရာက ထည့်ပြီး edit ထားသလို ကျော်ကျော်နန္ဒကိုတော့ Song Hye Kyo နေရာက ထည့်ပြီး edit ထားတာတွေပါဝင်ပါတယ်။



ဒီ video လေးကိုကြည့်လိုက်ရတဲ့ သူတော်တော်များများက ခြိမ့်ကေကိုကို Song Joong Ki နဲ့ အရမ်းတူတယ်လို့ဝေဖန်နေကြပြီးအဲဒီ video လေးက ပရိသတ်တွေကြားထဲမှာရေပန်းစားနေသလို ပရိသတ်များစွာရဲ့ ပြန်လည်မျှဝေခြင်းကိုလည်းခံနေရတာပါ။ အဲ့ဒီ Video လေးက ခဏတွင်းချင်းမှာပဲ view ပေါင်းသုံးသိန်းနီးပါးရရှိသွားခဲ့ပြီး like တစ်သောင်းကျော်ရရှိသွားတာတွေ့ရပါတယ်။

share from ;/burmese.asia



မှတ်ချက်များ