အီတလီလူမ်ိဳး ရဟန္းေတာ္ ဦးေလာကနာထ ဆိုတာ




Zawgyi ျဖင့္ဖတ္ရန္



အီတလီလူမ်ိဳး ရဟန္းေတာ္ ဦးေလာကနာထ ဆိုတာအရွင္ေလာကနာထ ကို အီတလီႏိုင္ငံ၊ ေနပယ္လ္ (Naples) ကမ္းေျခအနီး ထင္ရွားေသာ မိသားစု Cioffi မွ ၁၈၉၇ ခုႏွစ္တြင္ ေမြးဖြားခဲ့သည္။ Salvatore Cioffi ဟု အမည္ေပးခဲ့သည္။ အဓိပၸာယ္မွာ ကယ္တင္ရွင္ ဟူ၍ ျဖစ္သည္။ ပါရမီထူးကဲေသာ ယဥ္ေက်းမႈ နယ္ပယ္တြင္ ေနထိုင္ရင္း သူသည္ တေယာတီးခတ္ေသာ ပညာရွင္ တစ္ဦး ျဖစ္ခဲ့သည္။ ၁၉၂၂ တြင္ ဓာတုေဗဒ ဘာသာရပ္ျဖင့္ B.Sc ဘြဲ႕ကို The Cooper Union for the Advancement of Science and Art ေက်ာင္းမွ ရရွိခဲ့သည္။

အခ်ဳပ္အားျဖင့္ ေျပာရလွ်င္ Columbia University Medical School ေက်ာင္းတြင္ မတက္ေရာက္မီ The Crucible Steel Co. ႏွင့္ Procter & Gamble အလုပ္တြင္ ဓာတုေဗဒ သ႐ုပ္ခြဲသူ တစ္ေယာက္ အျဖစ္ အလုပ္လုပ္ခဲ့သည္။ ထိုအလုပ္သည္ သူ႔ကို ဗုဒၶဘာသာ ျဖစ္လာေစရန္ လက္ေတြ႕က်ေသာ စိတ္ဓာတ္ ခြန္အားကို ျဖစ္ေစခဲ့သည္။ ဘြဲ႕ရရွိၿပီး သိပ္မၾကာမီပင္ သူသည္ လက္ခံယုံၾကည္ခဲ့သည္။ မၾကာမီတြင္ သူသည္ ဗုဒၶဘာသာ၏ အထြတ္အျမတ္ ျဖစ္ေသာ မဇၩိမေဒသ ကို ဘုရားဖူး ထြက္ခဲ့ၿပီး၊ ၁၉၂၅ တြင္ ျမန္မာျပည္၌ ဗုဒၶသားေတာ္ ရဟန္းတစ္ပါးအျဖစ္ သာသနာ့ေဘာင္သို႔ ဝင္ေရာက္ခဲ့ေတာ့သည္။ ထိုေနာက္ သူသည္ ကမာၻတစ္ဝွမ္းလုံးသို႔ ဗုဒၶတရားေတာ္မ်ားကို ျပန႔္ပြားေအာင္ သာသနာျပဳရန္ ဆုံးျဖတ္ခဲ့ေတာ့သည္။



ေျခာက္လၾကာေအာင္ ဝိနည္းေတာ္မ်ားႏွင့္ ဗုဒၶတရားေတာ္မ်ားကို လက္ေတြ႕ က်င့္ႀကံပြားမ်ား အားထုတ္ခဲ့ၿပီး ၎၏ ေနရပ္ထံသို႔ ျပန္လာစဥ္ ဗုဒၶဘာသာ ရဟန္းတစ္ပါး ျဖစ္ေနေသာ ဆရာေတာ္အတြက္ အီတလီတြင္ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းမွ လက္ခံျခင္း၊ ေထာက္ခံအား မရွိေတာ့ေပ။ ဆရာေတာ္သည္ အိႏၵိယသို႔ ေျခက်င္ခရီးျဖင့္ ေတာင္ဥေရာပႏွင့္ အာရွေဒသႏိုင္ငံ အခ်ိဳ႕ကို ျဖတ္ေက်ာ္၍ ၁၉၂၈ တြင္ ျမန္မာျပည္သို႔ ျပန္လည္ ေရာက္ရွိလာခဲ့သည္။

တရားစာေပမ်ားႏွင့္ တရားအားထုတ္ျခင္းကို ငါးႏွစ္ၾကာေအာင္ ျပဳလုပ္ခဲ့သည္။ ထိုႏွစ္မ်ား အတြင္းတြင္ ဘုန္းႀကီးေက်ာင္းမ်ား၊ ဟိမဝန ၱာေတာင္တန္းမွ လိုဏ္ဂူမ်ားႏွင့္ ေတာၿမိဳင္ထဲတြင္သာ အခ်ိန္ကုန္ေစခဲ့သည္။ ဓုတင္ ၁၃ ပါးကိုလည္း အျပင္းအထန္ က်င့္ႀကံပြားမ်ားခဲ့သည္။ ၁၉၃၂ ခုႏွစ္ ေႏွာင္းပိုင္းတြင္ သီလ၊ သမာဓိ၊ ပညာမ်ား ရင့္သန္လာခဲ့သည္။ ၁၉၂၈ ခုႏွစ္မွ စ၍ ဆရာေတာ္၏ ဘဝတစ္ေလွ်ာက္လုံး မိမိကိုယ္ကို ထိန္းခ်ဳပ္ရင္း အိပ္သည့္ အေနအထားမွ ထိုင္လွ်က္ အေနအထားကို က်င့္ႀကံပြားမ်ားခဲ့သည္။ မေသ႐ုံတမယ္ ျဖစ္မွသာလွ်င္ ေက်ာခင္းအိပ္ခဲ့သည္။

၁၉၃၃၊ ၁၉၃၄ ႏွင့္ ၁၉၃၅ ခုႏွစ္မ်ားတြင္ အရွင္ေလာကနာထသည္ ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ သီရိလကၤာ ႏိုင္ငံတို႔မွ ဗုဒၶဘာသာ သာသနာျပဳအဖြဲ႕ သုံးဖြဲ႕ကို ျမတ္စြာဘုရား ေဗာဓိဉာဏ္ေတာ္ကို ရရွိခဲ့ေသာ အိႏၵိယႏိုင္ငံ ဗုဒၶဂယာ ေဒသတို႔ အသီးသီး စတင္ေစလြတ္သည္။ အရွင္ေလာကနာထသည္ အေနာက္ႏိုင္ငံမ်ား တြင္ ၎၏ သာသနာျပဳ ခရီးစဥ္ကို အသုံးျပဳရန္ ရႈေထာင့္ တစ္ခုျဖင့္ မ်ားစြာေသာ စာအုပ္မ်ားကို ေရးသားခဲ့ၿပီး ပုံႏွိပ္ ထုတ္ေဝခဲ့သည္။




အေရွ႕ႏိုင္ငံမ်ားတြင္ ဆရာေတာ္၏ သာသနာျပဳ လုပ္ငန္းမ်ားႏွင့္အတူ ျပဳလုပ္ႏိုင္စြမ္းခဲ့သည္။ ဥေရာပႏွင့္ အေမရိကန္ သာသနာျပဳ ခရီးစဥ္မ်ား အတြက္ ေနာက္ဆုံး အစီအစဥ္ ဆြဲေနစဥ္တြင္ ဒုတိယ ကမာၻစစ္ႀကီး စတင္ခဲ့ေတာ့သည္။ စစ္ပြဲအတြင္း ႏိုင္ငံေရး၊ စစ္ေရး မတည္ၿငိမ္မႈ အရ အရွင္ေလာကနာထ ကို အိႏၵိယႏိုင္ငံတြင္ ထိန္းသိမ္းထားစဥ္ သူ၏ စာေပလက္ရာမ်ား အားလုံးသည္ ေပ်ာက္ဆုံးခဲ့ရသည္။



ေအာက္တိုဘာလ၊ ၁၉၄၆ ခုႏွစ္တြင္ သူသည္ ျမန္မာျပည္သို႔ ျပန္ေရာက္စဥ္ မႏၲေလးၿမိဳ႕တြင္ ဖြဲ႕စည္း တည္ေထာင္ထားေသာ ဗုဒၶဘာသာ ျပည္ပသာသနာျပဳ အဖြဲ႕ ကို ေတြ႕ခဲ့သည္။ ထိုအဖြဲ႕မွ ကမကထ ျပဳၿပီး အေမရိကန္ တိုင္းျပည္ အဓိက ထား၍ မ်က္ေမွာက္ေခတ္ ကမာၻႀကီး၏ ဗုဒၶဘာသာ သာသနာျပဳ လုပ္ငန္းအတြက္ ၁၉၄၇ ခုႏွစ္တြင္ အရွင္ေလာကနာထကို အကူအညီေတာင္း ေလွ်ာက္ထားကာ သာသနာ ျပဳေစခဲ့သည္။ ၎သည္ ျမန္မာျပည္မွ ပထမဦးဆုံး သာသနာျပဳ ခရီးစဥ္ ျဖစ္ခဲ့သည္။ ၎သာသနာျပဳ အဖြဲ႕ႀကီး၏ ရလဒ္သည္ အမွန္တရားျဖင့္ ေလာကႀကီးကို လႊမ္းၿခဳံျခင္း ဟု ဆိုအပ္ေသာ သူ၏ အလုပ္ကို ျပည့္စုံေစခဲ့သည္။

စကၤာပူ၊ မေလးရွား၊ ေဟာင္ေကာင္၊ ရွန္ဟိုင္းႏွင့္ မနီလာ အစရွိသည့္ တိုင္းျပည္မ်ားတြင္ တရားမ်ား ေဟာေျပာရင္း ဟာဝါအီ တစ္ေလွ်ာက္ ပစိဖိတ္ကို ျဖတ္ၿပီး အေမရိက ကို ခရီး အျပင္းႏွင္ခဲ့သည္။ အေမရိကတြင္ သာသနာျပဳ ခရီး ေအာင္ျမင္ၿပီးသည့္ေနာက္ အဂၤလန္ႏိုင္ငံႏွင့္ ဥေရာပ ႏိုင္ငံမ်ားတြင္ တရားေဟာေျပာရင္း ၁၉၅၀ ခုႏွစ္တြင္ ဗုဒၶဘာသာဝင္မ်ား၏ ပထမဦးဆုံး ကမာၻ႔ညီလာခံ ကို တက္ေရာက္၍ တရားေဟာေျပာရန္ သီရိလကၤာ ႏိုင္ငံသို႔ ေရာက္ရွိခဲ့သည္။

၁၉၅၁ ခုႏွစ္ မတ္လတြင္ အရွင္ေလာကနာထ သည္ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့သည္။ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ဆရာေတာ္အတြက္ ႀကီးက်ယ္ေသာ အခမ္းအနားျဖင့္ ႀကိဳဆိုရန္ ေစာင့္ဆိုင္း ေနခဲ့ၾကသည္။ ၁၉၅၁ ခုႏွစ္၊ မတ္လ ၂၄ ရက္ေန႔တြင္ ျမန္မာျပည္၏ ပထမဦးဆုံး အတြက္ ကမာၻ႔ ဗုဒၶဘာသာ အလံေတာ္ကို အရွင္ေလာကနာထမွ မႏၲေလးၿမိဳ႕၌ လႊင့္တင္ေပးႏိုင္ခဲ့သည္။

၁၉၅၁ ခုႏွစ္ ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ၌ က်ယ္က်ယ္ျပန႔္ျပန႔္ တရားမ်ား ေဟာေျပာခဲ့သည္။ ျမန္မာ၊ အိႏၵိယႏွင့္ သီရိလကၤာ ႏိုင္ငံမ်ားသို႔လည္း ႂကြေရာက္ ေဟာေျပာခဲ့သည္။ ျမန္မာႏိုင္ငံတြင္ အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့သည္။ ၁၉၅၄ ခုႏွစ္တြင္ ရန္ကုန္၌ က်င္းပျပဳလုပ္ေသာ ကမာၻ႔ ဗုဒၶဘာသာဝင္မ်ား ညီလာခံကို တက္ေရာက္ခဲ့ၿပီး ေဟာေျပာခဲ့သည္။ ထို႔အျပင္ အရွင္ေလာကနာထ ကို ၁၉၅၆ ခုႏွစ္တြင္ ပါကစၥတန္၌ က်င္းပေသာ မဟာဇယနိ ၱ အခမ္းအနား၏ ဦးေဆာင္ဦးျပဳသူ အျဖစ္ ေ႐ြးခ်ယ္ခဲ့သည္။

၁၉၃၀ ႏွစ္ဦးပိုင္းမ်ား ေလာက္တြင္ အရွင္ေလာကနာထႏွင့္ အိႏၵိယႏိုင္ငံ ဇာတ္နိမ့္မ်ား ေခါင္းေဆာင္ B.R Ambedkar တို႔သည္ တစ္ဦးႏွင့္ တစ္ဦး ေတြ႕ဆုံခဲ့သည္။ သူတို႔ ႏွစ္ဦးၾကားတြင္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို ေဖာ္ထုတ္ခဲ့သည္။ Ambedkar သည္ ဗုဒၶဘာသာကို ယုံၾကည္ သက္ဝင္ ေနၿပီးျဖစ္ေသာ အရွင္ေလာကနာထအား ယုံၾကည္အားကိုးခဲ့သည္။ Ambedkar သည္ ၁၉၅၆ ခုႏွစ္တြင္ သူ၏ ေနာက္လိုက္မ်ားစြာ ႏွင့္အတူ ဗုဒၶဘာသာကို ကူးေျပာင္းခဲ့ၾကသည္။

ေလာက ဓမၼဒူတ ခရီးစဥ္မ်ားအတြက္ လႉဒါန္းမႈမ်ားသည္ ျမန္မာျပည္တြင္ အရွင္ေလာကနာထကို လြတ္လပ္စြာ လုပ္ကိုင္ႏိုင္ခဲ့သည္။ ၁၉၆၃-၁၉၆၅ ခုႏွစ္မ်ားတြင္ ကမာၻအႏွံ႔ တရားေဟာအစီအစဥ္ အတြက္ စီစဥ္ထားခဲ့သည္။ ထိုအစီအစဥ္မ်ားသည္ အေျခအေနအရ မျဖစ္ေျမာက္ခဲ့ေပ။ ၁၉၆၅ ခုႏွစ္ ေႏွာင္းပိုင္း တြင္ သူ၏ နဖူးတြင္ ရွိခဲ့ေသာ ဒဏ္ရာတစ္ခုသည္ ကင္ဆာေရာဂါ အျဖစ္သို႔ ကူးေျပာင္းသြားခဲ့သည္။



သင့္ေတာ္ေသာ ကုသမႈကို ခံယူရန္ အေမရိကန္သို႔ ႂကြေရာက္ရန္ စီစဥ္ေနစဥ္ ေဆးပညာရွင္မ်ား၏ အႀကံဉာဏ္မ်ားကို လက္မခံေတာ့ဘဲ ဘဝနတ္ထံ ပ်ံလြန္ေတာ္ မူခဲ့သည္။ ၁၉၆၆ ခုႏွစ္၊ ေမလ ၂၉ ရက္ေန႔တြင္ ေမၿမိဳ႕၌ က်န္ရစ္ခဲ့ေသာ ဥတုဇ ႐ုပ္ကလာပ္ေတာ္ကို တည္ၿငိမ္ေအးေဆးစြာ လွည့္လည္ အပူေဇာ္ခံၿပီး လူအမ်ား ပူေဇာ္ႏိုင္ရန္ ေ႐ႊစည္းဂုံ ဘုန္းႀကီးေက်ာင္းသို႔ ပင့္ေဆာင္ လာခဲ့သည္။

အရွင္ေလာကနာထသည္ သက္သတ္လြတ္ ဘုဥ္ေပးသူ တစ္ဦး ျဖစ္သည္။ ရန္ကုန္တြင္ ဆူးေလ ဓမၼာ႐ုံကို တည္ေဆာက္ရာတြင္ အလႉပါဝင္ ကူညီခဲ့သည္။ ဆရာေတာ္ကို ၾကည္ညိဳၾကသူမ်ားသည္ အဆင့္အတန္း အလႊာမ်ိဳးစုံက ျဖစ္သည္။ ပညာတတ္မ်ား၊ သိပၸံပညာရွင္မ်ားႏွင့္ တိုင္းျပည္ အမ်ိဳးမ်ိဳးမွ အစိုးရ အဖြဲ႕အစည္းမ်ားမွ လူမ်ား စသည္တို႔သည္ ဆည္းကပ္ ကိုးကြယ္ခဲ့ၾကသည္။ ေထရဝါဒကိုသာ သက္ဝင္ ယုံၾကည္ေသာ္လည္း အားလုံးေသာ အျမင္ရႈေထာင့္ အမ်ိဳးမ်ိဳးအတြက္ အရွင္ေလာကနာထသည္ သေဘာထားႀကီးစြာ က်င့္သုံးခဲ့သည္။

စကၤာပူႏိုင္ငံတြင္ အရွင္ေလာကနာထမွ ေဟာၾကားခဲ့ေသာ အမွန္တရား၏ အလင္းေရာင္ တရားေတာ္ကို မဟာေဗာဓိ ေက်ာင္း၏ ေက်ာင္းအုပ္ႀကီးမွ စာအုပ္တစ္အုပ္ျဖစ္ေအာင္ တည္းျဖတ္ခဲ့သည္။ ထိုစာအုပ္ကို ထုတ္ေဝခဲ့ေသာ ေက်ာင္းမ်ားမွာ

(၁) The Singapore Budhist Lodge
(၂) The Singapore Maha Budhi School
(၃) The Singapore Buddhist Institute (1947)တို႔ ျဖစ္ေပသည္။

A. Rawlinson ေရးသားေသာ The Book of Enlightened Masters စာအုပ္စာမ်က္ႏွာ၆၁၅-၆၁၆ကို အရွင္ဉာဏဒီပ (ဓမၼရတနာ)မွ ဘာသာျပန္ဆိုပါသည္။Dhamma Guardian



Unicode ဖြင့်ဖတ်ရန်

အီတလီလူမျိုး ရဟန်းတော် ဦးလောကနာထ ဆိုတာ

အီတလီလူမျိုး ရဟန်းတော် ဦးလောကနာထ ဆိုတာအရှင်လောကနာထ ကို အီတလီနိုင်ငံ၊ နေပယ်လ် (Naples) ကမ်းခြေအနီး ထင်ရှားသော မိသားစု Cioffi မှ ၁၈၉၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ Salvatore Cioffi ဟု အမည်ပေးခဲ့သည်။ အဓိပ္ပာယ်မှာ ကယ်တင်ရှင် ဟူ၍ ဖြစ်သည်။ ပါရမီထူးကဲသော ယဉ်ကျေးမှု နယ်ပယ်တွင် နေထိုင်ရင်း သူသည် တယောတီးခတ်သော ပညာရှင် တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၂၂ တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် B.Sc ဘွဲ့ကို The Cooper Union for the Advancement of Science and Art ကျောင်းမှ ရရှိခဲ့သည်။

အချုပ်အားဖြင့် ပြောရလျှင် Columbia University Medical School ကျောင်းတွင် မတက်ရောက်မီ The Crucible Steel Co. နှင့် Procter & Gamble အလုပ်တွင် ဓာတုဗေဒ သရုပ်ခွဲသူ တစ်ယောက် အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုအလုပ်သည် သူ့ကို ဗုဒ္ဓဘာသာ ဖြစ်လာစေရန် လက်တွေ့ကျသော စိတ်ဓာတ် ခွန်အားကို ဖြစ်စေခဲ့သည်။ ဘွဲ့ရရှိပြီး သိပ်မကြာမီပင် သူသည် လက်ခံယုံကြည်ခဲ့သည်။ မကြာမီတွင် သူသည် ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် ဖြစ်သော မဇ္ဈိမဒေသ ကို ဘုရားဖူး ထွက်ခဲ့ပြီး၊ ၁၉၂၅ တွင် မြန်မာပြည်၌ ဗုဒ္ဓသားတော် ရဟန်းတစ်ပါးအဖြစ် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့တော့သည်။ ထိုနောက် သူသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ဗုဒ္ဓတရားတော်များကို ပြန့်ပွားအောင် သာသနာပြုရန် ဆုံးဖြတ်ခဲ့တော့သည်။



ခြောက်လကြာအောင် ဝိနည်းတော်များနှင့် ဗုဒ္ဓတရားတော်များကို လက်တွေ့ ကျင့်ကြံပွားများ အားထုတ်ခဲ့ပြီး ၎င်း၏ နေရပ်ထံသို့ ပြန်လာစဉ် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်နေသော ဆရာတော်အတွက် အီတလီတွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ လက်ခံခြင်း၊ ထောက်ခံအား မရှိတော့ပေ။ ဆရာတော်သည် အိန္ဒိယသို့ ခြေကျင်ခရီးဖြင့် တောင်ဥရောပနှင့် အာရှဒေသနိုင်ငံ အချို့ကို ဖြတ်ကျော်၍ ၁၉၂၈ တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

တရားစာပေများနှင့် တရားအားထုတ်ခြင်းကို ငါးနှစ်ကြာအောင် ပြုလုပ်ခဲ့သည်။ ထိုနှစ်များ အတွင်းတွင် ဘုန်းကြီးကျောင်းများ၊ ဟိမဝန ္တာတောင်တန်းမှ လိုဏ်ဂူများနှင့် တောမြိုင်ထဲတွင်သာ အချိန်ကုန်စေခဲ့သည်။ ဓုတင် ၁၃ ပါးကိုလည်း အပြင်းအထန် ကျင့်ကြံပွားများခဲ့သည်။ ၁၉၃၂ ခုနှစ် နှောင်းပိုင်းတွင် သီလ၊ သမာဓိ၊ ပညာများ ရင့်သန်လာခဲ့သည်။ ၁၉၂၈ ခုနှစ်မှ စ၍ ဆရာတော်၏ ဘဝတစ်လျှောက်လုံး မိမိကိုယ်ကို ထိန်းချုပ်ရင်း အိပ်သည့် အနေအထားမှ ထိုင်လျှက် အနေအထားကို ကျင့်ကြံပွားများခဲ့သည်။ မသေရုံတမယ် ဖြစ်မှသာလျှင် ကျောခင်းအိပ်ခဲ့သည်။

၁၉၃၃၊ ၁၉၃၄ နှင့် ၁၉၃၅ ခုနှစ်များတွင် အရှင်လောကနာထသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့မှ ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ သုံးဖွဲ့ကို မြတ်စွာဘုရား ဗောဓိဉာဏ်တော်ကို ရရှိခဲ့သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဒေသတို့ အသီးသီး စတင်စေလွတ်သည်။ အရှင်လောကနာထသည် အနောက်နိုင်ငံများ တွင် ၎င်း၏ သာသနာပြု ခရီးစဉ်ကို အသုံးပြုရန် ရှုထောင့် တစ်ခုဖြင့် များစွာသော စာအုပ်များကို ရေးသားခဲ့ပြီး ပုံနှိပ် ထုတ်ဝေခဲ့သည်။

အရှေ့နိုင်ငံများတွင် ဆရာတော်၏ သာသနာပြု လုပ်ငန်းများနှင့်အတူ ပြုလုပ်နိုင်စွမ်းခဲ့သည်။ ဥရောပနှင့် အမေရိကန် သာသနာပြု ခရီးစဉ်များ အတွက် နောက်ဆုံး အစီအစဉ် ဆွဲနေစဉ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ခဲ့တော့သည်။ စစ်ပွဲအတွင်း နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှု အရ အရှင်လောကနာထ ကို အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းထားစဉ် သူ၏ စာပေလက်ရာများ အားလုံးသည် ပျောက်ဆုံးခဲ့ရသည်။



အောက်တိုဘာလ၊ ၁၉၄၆ ခုနှစ်တွင် သူသည် မြန်မာပြည်သို့ ပြန်ရောက်စဉ် မန္တလေးမြို့တွင် ဖွဲ့စည်း တည်ထောင်ထားသော ဗုဒ္ဓဘာသာ ပြည်ပသာသနာပြု အဖွဲ့ ကို တွေ့ခဲ့သည်။ ထိုအဖွဲ့မှ ကမကထ ပြုပြီး အမေရိကန် တိုင်းပြည် အဓိက ထား၍ မျက်မှောက်ခေတ် ကမ္ဘာကြီး၏ ဗုဒ္ဓဘာသာ သာသနာပြု လုပ်ငန်းအတွက် ၁၉၄၇ ခုနှစ်တွင် အရှင်လောကနာထကို အကူအညီတောင်း လျှောက်ထားကာ သာသနာ ပြုစေခဲ့သည်။ ၎င်းသည် မြန်မာပြည်မှ ပထမဦးဆုံး သာသနာပြု ခရီးစဉ် ဖြစ်ခဲ့သည်။ ၎င်းသာသနာပြု အဖွဲ့ကြီး၏ ရလဒ်သည် အမှန်တရားဖြင့် လောကကြီးကို လွှမ်းခြုံခြင်း ဟု ဆိုအပ်သော သူ၏ အလုပ်ကို ပြည့်စုံစေခဲ့သည်။

စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ရှန်ဟိုင်းနှင့် မနီလာ အစရှိသည့် တိုင်းပြည်များတွင် တရားများ ဟောပြောရင်း ဟာဝါအီ တစ်လျှောက် ပစိဖိတ်ကို ဖြတ်ပြီး အမေရိက ကို ခရီး အပြင်းနှင်ခဲ့သည်။ အမေရိကတွင် သာသနာပြု ခရီး အောင်မြင်ပြီးသည့်နောက် အင်္ဂလန်နိုင်ငံနှင့် ဥရောပ နိုင်ငံများတွင် တရားဟောပြောရင်း ၁၉၅၀ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များ၏ ပထမဦးဆုံး ကမ္ဘာ့ညီလာခံ ကို တက်ရောက်၍ တရားဟောပြောရန် သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိခဲ့သည်။

၁၉၅၁ ခုနှစ် မတ်လတွင် အရှင်လောကနာထ သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆရာတော်အတွက် ကြီးကျယ်သော အခမ်းအနားဖြင့် ကြိုဆိုရန် စောင့်ဆိုင်း နေခဲ့ကြသည်။ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြန်မာပြည်၏ ပထမဦးဆုံး အတွက် ကမ္ဘာ့ ဗုဒ္ဓဘာသာ အလံတော်ကို အရှင်လောကနာထမှ မန္တလေးမြို့၌ လွှင့်တင်ပေးနိုင်ခဲ့သည်။

၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် တရားများ ဟောပြောခဲ့သည်။ မြန်မာ၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံများသို့လည်း ကြွရောက် ဟောပြောခဲ့သည်။ မြန်မာနိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ ညီလာခံကို တက်ရောက်ခဲ့ပြီး ဟောပြောခဲ့သည်။ ထို့အပြင် အရှင်လောကနာထ ကို ၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်၌ ကျင်းပသော မဟာဇယနိ ္တ အခမ်းအနား၏ ဦးဆောင်ဦးပြုသူ အဖြစ် ရွေးချယ်ခဲ့သည်။

၁၉၃၀ နှစ်ဦးပိုင်းများ လောက်တွင် အရှင်လောကနာထနှင့် အိန္ဒိယနိုင်ငံ ဇာတ်နိမ့်များ ခေါင်းဆောင် B.R Ambedkar တို့သည် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခဲ့သည်။ သူတို့ နှစ်ဦးကြားတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ထုတ်ခဲ့သည်။ Ambedkar သည် ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင် နေပြီးဖြစ်သော အရှင်လောကနာထအား ယုံကြည်အားကိုးခဲ့သည်။ Ambedkar သည် ၁၉၅၆ ခုနှစ်တွင် သူ၏ နောက်လိုက်များစွာ နှင့်အတူ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြသည်။

လောက ဓမ္မဒူတ ခရီးစဉ်များအတွက် လှူဒါန်းမှုများသည် မြန်မာပြည်တွင် အရှင်လောကနာထကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်များတွင် ကမ္ဘာအနှံ့ တရားဟောအစီအစဉ် အတွက် စီစဉ်ထားခဲ့သည်။ ထိုအစီအစဉ်များသည် အခြေအနေအရ မဖြစ်မြောက်ခဲ့ပေ။ ၁၉၆၅ ခုနှစ် နှောင်းပိုင်း တွင် သူ၏ နဖူးတွင် ရှိခဲ့သော ဒဏ်ရာတစ်ခုသည် ကင်ဆာရောဂါ အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။



သင့်တော်သော ကုသမှုကို ခံယူရန် အမေရိကန်သို့ ကြွရောက်ရန် စီစဉ်နေစဉ် ဆေးပညာရှင်များ၏ အကြံဉာဏ်များကို လက်မခံတော့ဘဲ ဘဝနတ်ထံ ပျံလွန်တော် မူခဲ့သည်။ ၁၉၆၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မေမြို့၌ ကျန်ရစ်ခဲ့သော ဥတုဇ ရုပ်ကလာပ်တော်ကို တည်ငြိမ်အေးဆေးစွာ လှည့်လည် အပူဇော်ခံပြီး လူအများ ပူဇော်နိုင်ရန် ရွှေစည်းဂုံ ဘုန်းကြီးကျောင်းသို့ ပင့်ဆောင် လာခဲ့သည်။

အရှင်လောကနာထသည် သက်သတ်လွတ် ဘုဉ်ပေးသူ တစ်ဦး ဖြစ်သည်။ ရန်ကုန်တွင် ဆူးလေ ဓမ္မာရုံကို တည်ဆောက်ရာတွင် အလှူပါဝင် ကူညီခဲ့သည်။ ဆရာတော်ကို ကြည်ညိုကြသူများသည် အဆင့်အတန်း အလွှာမျိုးစုံက ဖြစ်သည်။ ပညာတတ်များ၊ သိပ္ပံပညာရှင်များနှင့် တိုင်းပြည် အမျိုးမျိုးမှ အစိုးရ အဖွဲ့အစည်းများမှ လူများ စသည်တို့သည် ဆည်းကပ် ကိုးကွယ်ခဲ့ကြသည်။ ထေရဝါဒကိုသာ သက်ဝင် ယုံကြည်သော်လည်း အားလုံးသော အမြင်ရှုထောင့် အမျိုးမျိုးအတွက် အရှင်လောကနာထသည် သဘောထားကြီးစွာ ကျင့်သုံးခဲ့သည်။

စင်္ကာပူနိုင်ငံတွင် အရှင်လောကနာထမှ ဟောကြားခဲ့သော အမှန်တရား၏ အလင်းရောင် တရားတော်ကို မဟာဗောဓိ ကျောင်း၏ ကျောင်းအုပ်ကြီးမှ စာအုပ်တစ်အုပ်ဖြစ်အောင် တည်းဖြတ်ခဲ့သည်။ ထိုစာအုပ်ကို ထုတ်ဝေခဲ့သော ကျောင်းများမှာ

(၁) The Singapore Budhist Lodge
(၂) The Singapore Maha Budhi School
(၃) The Singapore Buddhist Institute (1947)တို့ ဖြစ်ပေသည်။

A. Rawlinson ရေးသားသော The Book of Enlightened Masters စာအုပ်စာမျက်နှာ၆၁၅-၆၁၆ကို အရှင်ဉာဏဒီပ (ဓမ္မရတနာ)မှ ဘာသာပြန်ဆိုပါသည်။Dhamma Guardian


မှတ်ချက်များ