အဆိပ္ရွိတဲ့ပိုးေကာင္ ကိုက္ခံလိုက္ရတာေၾကာင္႔ သူ႔လို မျဖစ္ေအာင္ ဂရုစိုက္ဖို႔ ပရိသတ္ေတြကို ေျပာျပလာတဲ့ ဟန္ထူးစ်ာန္
Zawgyiျဖင့္ဖတ္ရန္
ႏႈတ္ခမ္းနီမေလးေတြ ရဲ႕ အခ်စ္ေတာ္ ပရိသတ္ႀကိဳက္ သီခ်င္းေလးေတြ အျမဲခ်ျပတတ္တဲ့ အဆိုေတာ္ ဟန္ထူးစ်ာန္ဟာ ဆိုရင္ အဆိပ္ရွိတဲ့ ပိုးေကာင္ ကိုက္ခံလိုက္ရတယ္လို႔ သိရပါတယ္။ဟန္ထူးစ်ာန္ က သူ႔ကို ပိုးေကာင္ ကိုက္ခံလိုက္ရတဲ့ အေၾကာင္း ေျပာထားတာေလးကို ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ဟန္ထူးစ်ာန္ က " အားလုံးပဲကၽြန္ေတာ့္လိုမျဖစ္ေအာင္ သတိထားၾကဖို့ပါ ခင္ဗ်ာ အရင္က ကၽြန္ေတာ့္အားေဆးေတြ စိတ္ပူမွာဆိုးလို့မေျပာခဲ့တာပါ ။အခုက Promotion ပြဲေတြအားလုံးလည္း ေအာင္ျမင္စြာၿပီးခဲ့ၿပီမလို့ေျပာျပတာပါ။ေမာ္လၿမိဳင္ promotion အၿပီးအိမ္ျပန္ေရာက္ေတာ့ live လႊင့္ၿပီး မွတ္မွတ္ရရ ၾကဳံခဲ့ရတဲ့ သရဲ အေၾကာင္းေတြေျပာျပတဲ့ည ကအိပ္ၿပီး မနက္အိပ္ယာနိုးလာေတာ့ လည္ပင္းကအရမ္းစပ္ၿပီးနာေနလို့ မွန္သြားၾကည့္လိုက္ေတာ့ အဲ့လို ျဖစ္ေနတာပါ။
"ဖုန္းကိုအားသြင္းၿပီး အိပ္မိေတာ့ မသိတဲ့အခ်ိန္ ဖုန္းကိုဖိမ်ားအိပ္မိၿပီး ၾကာလို႔ အပူေလာင္တယ္ထင္ၿပီး ဆရာခို လိမ္းလိုက္ေသးတယ္ ။ညေနေလာက္ေရာက္ေတာ့ ခ်က္ခ်င္းပိုႀကီးလာတယ္ ဗ် ။ကူးဆက္ေရာဂါလိုပဲ ထိုင္ေနရင္းကို ပိုပိုႀကီးၿပီးပိုပိုစပ္နာလာတာပါ။အဲ့ဒါနဲ႔ဘာမွန္းမသိလို့ ေဆးခန္းသြားေတာ့ #မီးပိုးေကာင္ ကိုက္တာ ျဖစ္ဖို့မ်ားတယ္တဲ့ ခင္ဗ်ာ "
"အခု နယ္ေတြမွာလည္း အဲ့အေကာင္ေတြထြက္ၿပီး အကိုက္ခံေနရတယ္ဆိုလို့ သတိေပးလိုက္တာပါ ။
အေကာင္ကိုက္တာပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္ ေတာ္ေတာ္ကို မခံနိူင္ေအာင္နာတာပါ အရမ္းလည္းစပ္ပါတယ္ အခုအနာရွိန္နဲ႔ဖ်ားခ်င္ေနလို့ ကၽြန္ေတာ္လို့မျဖစ္ေအာင္ သတိတရေရးေပးလိုက္တာပါအားလုံး ဂ႐ုစိုက္ၾကပါခင္ဗ်ာ" ဆိုၿပီး ေျပာထားပါတယ္။
အဆိုေတာ္ ဟန္ထူးစ်ာန္ ေျပာထားတဲ့ အေၾကာင္းကို ပရိသတ္ေတြ သိရေလာက္ၿပီ ထင္ပါတယ္။ ၾကည့္ရူေပးၾကတဲ့ မိုမိုေလး ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။
Moekalay
Source;han htoo zen
Credit:momolay
Unicodeဖြင့်ဖတ်ရန်
အဆိပ်ရှိတဲ့ပိုးကောင် ကိုက်ခံလိုက်ရတာကြောင့် သူ့လို မဖြစ်အောင် ဂရုစိုက်ဖို့ ပရိသတ်တွေကို ပြောပြလာတဲ့ ဟန်ထူးဈာန်
နှုတ်ခမ်းနီမလေးတွေ ရဲ့ အချစ်တော် ပရိသတ်ကြိုက် သီချင်းလေးတွေ အမြဲချပြတတ်တဲ့ အဆိုတော် ဟန်ထူးဈာန်ဟာ ဆိုရင် အဆိပ်ရှိတဲ့ ပိုးကောင် ကိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။ဟန်ထူးဈာန် က သူ့ကို ပိုးကောင် ကိုက်ခံလိုက်ရတဲ့ အကြောင်း ပြောထားတာလေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ဟန်ထူးဈာန် က " အားလုံးပဲကျွန်တော့်လိုမဖြစ်အောင် သတိထားကြဖို့ပါ ခင်ဗျာ အရင်က ကျွန်တော့်အားဆေးတွေ စိတ်ပူမှာဆိုးလို့မပြောခဲ့တာပါ ။အခုက Promotion ပွဲတွေအားလုံးလည်း အောင်မြင်စွာပြီးခဲ့ပြီမလို့ပြောပြတာပါ။မော်လမြိုင် promotion အပြီးအိမ်ပြန်ရောက်တော့ live လွှင့်ပြီး မှတ်မှတ်ရရ ကြုံခဲ့ရတဲ့ သရဲ အကြောင်းတွေပြောပြတဲ့ည ကအိပ်ပြီး မနက်အိပ်ယာနိုးလာတော့ လည်ပင်းကအရမ်းစပ်ပြီးနာနေလို့ မှန်သွားကြည့်လိုက်တော့ အဲ့လို ဖြစ်နေတာပါ။
"ဖုန်းကိုအားသွင်းပြီး အိပ်မိတော့ မသိတဲ့အချိန် ဖုန်းကိုဖိများအိပ်မိပြီး ကြာလို့ အပူလောင်တယ်ထင်ပြီး ဆရာခို လိမ်းလိုက်သေးတယ် ။ညနေလောက်ရောက်တော့ ချက်ချင်းပိုကြီးလာတယ် ဗျ ။ကူးဆက်ရောဂါလိုပဲ ထိုင်နေရင်းကို ပိုပိုကြီးပြီးပိုပိုစပ်နာလာတာပါ။အဲ့ဒါနဲ့ဘာမှန်းမသိလို့ ဆေးခန်းသွားတော့ #မီးပိုးကောင် ကိုက်တာ ဖြစ်ဖို့များတယ်တဲ့ ခင်ဗျာ "
"အခု နယ်တွေမှာလည်း အဲ့အကောင်တွေထွက်ပြီး အကိုက်ခံနေရတယ်ဆိုလို့ သတိပေးလိုက်တာပါ ။
အကောင်ကိုက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တော်တော်ကို မခံနိူင်အောင်နာတာပါ အရမ်းလည်းစပ်ပါတယ် အခုအနာရှိန်နဲ့ဖျားချင်နေလို့ ကျွန်တော်လို့မဖြစ်အောင် သတိတရရေးပေးလိုက်တာပါအားလုံး ဂရုစိုက်ကြပါခင်ဗျာ" ဆိုပြီး ပြောထားပါတယ်။
အဆိုတော် ဟန်ထူးဈာန် ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;han htoo zen
Credit:momolay


မှတ်ချက်များ