လျှပ်စစ်ရေနွေးအိုးဖြင့် ရေနွေးတည်ရာမှ မီးလောင်မှုဖြစ်
၂၁.၃.၂၀၁၄ ရက်နေ့ ၀၁၃၅ အချိန် ပန်းဘဲတန်းမြို့နယ်၊ (၆)ရပ်ကွက်၊ လမ်း(၃၀)အောက်ရှိ ဆောက်လက်စ(၈)ထပ်တိုက်၊ မြေညီထပ် ထပ်ခိုးတွင်
နေထိုင်သူ တင်လင်းနိုင်၊ (၂၄)နှစ်၊ (ဘ)ဦးလူမောင်သည် လျှပ်စစ်ရေနွေး
အိုးဖြင့် ရေနွေးတည်ရာမှ အပူရှိန်လွန်ကဲပြီး ၀ါယာကြိုးများမှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ တိုက်ခန်းအတွက်အသုံးပြုရန်ဝယ်ယူထားသည့် တစ်ခွေလျင် ပေ(၁၀၀)အရှည်ရှိ အရေးပေါ်မီးသတ်ပိုက်(၄)ခွေနှင့် အိမ်သာကြွေခွက်(၂)စုံတို့အား ကူးစက်လောင် ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်များရောက်ရှိခဲ့သဖြင့် ၀၁၄၀ အချိန်တွင် မီးငြိမ်း
သွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် တန်ဖိုးငွေကျပ်(၄၈၀၀၀၀)ခန့် ဆုံးရှုံးခဲ့ပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် တင်လင်းနိုင်ကို ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ