မောင်တော ဘင်္ဂါလီ ကျေးရွာတွင် လက်နက်ထပ်မိ



ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂါလီများ နေထိုင်သည့် လေယာဉ်ကွင်း ကျေးရွာတွင် မတ်လ ၁၉ ရက်နေ့က ငါးလုံးပြူး သေနတ်တစ်လက်နှင့် ကျည်ဆန် တစ်ထောင့် ထပ်မံ ဖမ်းမိကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အလယ်သံကျော် ကျေးရွာအုပ်စုရှိ အဆိုပါ ကျေးရွာတွင် နေထိုင်သူ ငါးဦးထံမှ မတ်လ ၁၅ ရက်နေ့ကလည်း ငါးလုံးပြူး သေနတ်တစ်လက်နှင့် ကျည်ဆန် ကိုးတောင့် ဖမ်းဆီးမိခဲ့ကြောင်း၊ အဆိုပါ ငါးဦးအနက် တစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့က မတ်လ ၁၉ ရက်နေ့တွင် ဝင်ရောက် ရှာဖွေရာ လက်နက် ထပ်မံ ဖမ်းမိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ငါးယောက်လုံးက ထွက်ပြေးနေတယ်။ မမိသေးဘူး” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၁၅ ရက်နေ့က လက်နက်နှင့် ကျည်ဆန်များကို နတ်မြတ်ကမ်းဘေးတွင် ရပ်နားထားသည့် စက်လှေပေါ်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Journal

မှတ်ချက်များ