နိုင်ငံပိုင်သတင်းစာများ ကျပ်သန်းပေါင်း ၄၇၀၀ ကျော် အမြတ်အစွန်းပေါ်




နိုင်ငံပိုင်သတင်းစာတွေ ထုတ်ဝေနေတာ အရှုံးမပေါ်ဘဲ ပြီးခဲ့တဲ့နှစ်မှာ ကျပ်သန်းပေါင်း ၄၇၀၀ ကျော် အမြတ်အစွန်း ရရှိခဲ့တယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက ဒီနေ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဌာနတွေရဲ့ ရသုံးငွေ လုပ်ငန်းစီမံချက်တွေ လွှတ်တော်ထဲ လာရောက် ရှင်းလင်းတင်ပြရင်း သူက ခုလို ပြောခဲ့တာလို့ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

အများပြည်သူ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံပိုင်သတင်းစာတွေကို အရှုံးခံ ထုတ်ဝေနေတယ်ဆိုတာ မဟုတ်ပါဘူးလို့လည်း ဒုဝန်ကြီးက လွှတ်တော်ထဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေ အခုလို ကျပ်သန်းပေါင်းထောင်နဲ့ချီ အမြတ်ပေါ်နေချိန်မှာ ပုဂ္ဂလိကသတင်းစာတွေ အရှုံးပေါ်နေကြတာ ဖြစ်ပြီး သတင်းစာတချို့ ထုတ်ဝေတာ ရပ်ဆိုင်းလိုက်ကြပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ