ရွှေမည်းရှာကြသူများ

မကွေးတိုင်းဒေသကြီး၊ မင်းလှနယ်တ၀ိုက်မှ ရွာငယ်တွေ အပါအ၀င် ရေနံမှော်ပေါင်း ၁၀၀ ကျော်ရှိပါ တယ်။ မင်းလှမြို့နဲ့ ၂၂ မိုင်အကွာ လောက်မှာ ရှိတဲ့ ဒဟပ်ပင် ရေနံမှော်ဟာ မင်းလှ-သရက် အဝေးပြေး လမ်းပေါ်မှာ ရှိပါတယ်။ ဒီရေနံမှော်က မြကင်းတောင်ကို ဗဟိုပြုပြီး ၂၅ မိုင်လောက် အထိ ကျယ်ပါတယ်။ ရေနံစိမ်း တူးကြတဲ့ နေရာမှာလည်း လက်တွင်းရော၊ စက်တွင်းပါ ရှိပါတယ်။ တချို့နေရာတွေက ရေလမ်းနဲ့ နီးလို့ ရေလမ်းကနေ သယ်ကြသလို၊ တချို့ရေနံမှော်တွေ ကတော့ အဝေးပြေး ကားလမ်းကနေပဲ သယ်ကြပါတယ်။ ထွက်သမျှ ရေနံစိမ်းတွေကို မုံရွာမှာ သွားရောင်း ကြတယ်။ တနေ့ကို အနည်းဆုံး ရေနံစိမ်း စည်ပေါင်း ၁၀၀ ကျော်လောက် ထွက်ကြောင်း သိရပါတယ်။ ဒဟပ်ပင် ရေနံမှော်က လက်ယက်တွင်း သမားတွေရဲ့ ဘ၀ကို ရိုက်ကူး တင်ပြလိုက်ပါတယ်။

ရေနံခပ်နေသူတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လက်ယက်တွင်းမှ ရေနံခပ်နေသည့် ကလေးငယ်တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရေနံအရောင်းထွက်မည့် ခင်ပွန်းကို ဆိုင်ကယ်တွန်းပေးနေသည့်ဇနီး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တနေ့တာ ရေနံခပ်ပြီးနောက် ရောင်းချရန်အတွက် ရေနံစိမ်းသယ်ဆောင်လာ။ (ရေနံစိမ်းကို အများက ရွှေမည်းလို့ ခေါ်ကြပါတယ်။) (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရေနံလက်ယက်တွင်း အနီးတွင် နေထိုင်သည့် မိသားစုတစု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 The Irrawaddy Weekly Journal, Vol.1, No.11

မှတ်ချက်များ