အာရှအတိုင်းအတာအထိ အောင်မြင်ပြီး ဆုရခဲ့သည့် အောန်ဆိုင်းအား ကချင်ရိုးရာအနုပညာရှင်အသင်း ဂုဏ်ပြု

 

ကိုရီးယားနိုင်ငံမှ ချီးမြှင့်သည့် Myanmar Model Star Award ဆု ချီးမြှင့်ခြင်းခံခဲ့ရသည့် ကချင်တိုင်းရင်းသူ မော်ဒယ်၊ သရုပ်ဆောင် အောန်ဆိုင်းအား ကချင်ရိုးရာအနုပညာရှင်အသင်းက မတ်လ ၁၅ ရက်က ဂုဏ်ပြုပွဲကျင်းပပေးခဲ့သည်။

‘‘ကျွန်တော်တို့ ကချင်အနုပညာရှင်တွေထဲကမှ သူက အာရှအတိုင်းအတာထိ ဆုတွေရအောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုပေးတဲ့ အခမ်းအနားပါ’’ဟု ကချင်ရိုးရာအနုပညာရှင်အသင်းဥက္ကဋ္ဌ ဦးအဘာဒီကပြောသည်။

မော်ဒယ်သရုပ်ဆောင် အောန်ဆိုင်းသည် ကချင်အနုပညာရှင်များထဲတွင် ယခုကဲ့သို့ ဆုရရှိခဲ့သည်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

‘‘အာရှနိုင်ငံတွေ အကုန်သိပါတယ်။ အောန်ဆိုင်းကိုလည်း ဒီပွဲကိုပါဝင်ပေးပါ။ ဒီဆုတက်ယူပေးပါဆိုလို့ တက်ဖြစ်တာပါ။ ဘယ်လိုရွေးချယ်လဲဆိုတာတော့ အသေးစိတ်မသိပါဘူး’’ဟု အောန်ဆိုင်းကပြောသည်။

ကိုရီးယားနိုင်ငံမှ အာရှတစ်လွှား အနုပညာရှင်များအား ပေးသည့် 2014 Asia Model Festival Award အစီအစဉ်တွင် ချီးမြှင့်သည့်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

 7 Day News Journal

မှတ်ချက်များ