မြန်မာ့ခရီးသွားလုပ်ငန်း လိုအပ်ချက်သိပ်များလို့ ထိုင်းကဝင်ရောက်လာပြီ
မြန်မာနိုင်ငံဟာ စီးပွားရေးတံခါးတွေ ဆွဲဖွင့်လိုက်တာနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းကြီး မြင့်တက်လာမယ့် အခွင့်အလမ်းကြီးကို ထိုင်းနိုင်ငံက သတိထားမိခဲ့ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် ဟိုတယ်နဲ့ဝန်ဆောင်မှုအပိုင်းမှာ မြန်မာပြည်ဟာ လိုအပ်ချက်တွေ သိပ်များတာကြောင့် ထိုင်းနိုင်ငံက ဝင်ရောက်လာဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်မှာ ဟိုတယ်တွေဆောက်လုပ်ဖို့တင်မကဘဲ Resort တွေ ကွန်ဒိုမီနီယံတွေပါ ဆောက်လုပ်မှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်မှု Know-how ကို မျှဝေသွားဖို့ အဓိကရည်ရွယ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဆိုပါတယ်။
မြန်မာအစိုးရက မြေဈေးတွေ အဆမတန်မြင့်တက်နေတာကို ကိုင်တွယ်ဖို့လိုပြီး ရန်ကုန်မြို့ကို ချဲ့ရမှာဖြစ်တဲ့အကြောင်း၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၆ဝကျော်ကို ခေါ်ယူပြီး မြန်မာပြည်မှာ ဆွေးနွေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Park Royal ဟိုတယ်မှာ မတ်လ ၁၉ရက်နေ့က Yangon HORECA Business Matching Fair ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း-မြန်မာနှစ်ဖက်က ဟိုတယ်နဲ့စားသောက်ဆိုင်လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။
ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ စားသောက်ဆိုင်ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး မတ်လ ၂၂ရက်နေ့မှာ ထိုင်းနိုင်ငံက ကုမ္ပဏီ ၂ဝကျော်က တက်ရောက်ဆွေးနွေးမှာဖြစ်တယ်လို့ APT ခရီးသွားကုမ္ပဏီက ဆိုပါတယ်။
ထိုင်းမြန်မာနှစ်နိုင်ငံ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးတွေ့ဆုံပွဲနဲ့အတူ မြန်မာ့ဟိုတယ် လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုရဲ့ အခွင့်အလမ်းကောင်းတွေဆိုတဲ့ ခေါင်းစဉ်နဲ့လည်း ဆွေးနွေးပွဲကျင်းပသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
kamayutmedia

မှတ်ချက်များ