သမ္မတဦးသိန်းစိန် မတ်လ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောမည်



ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် န၀မပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော မတ်လ၂၆ ရက်တွင် ကျင်းပမည့်အစည်းအဝေး သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးအားလုံး တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံးမှ  အကြောင်းကြားထားကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးထံမှ သတင်းရရှိသည်။

 နိုင်ငံတော်သမ္မတသည် ယခင်ကလည်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မိန့်ခွန်း နှစ်ကြိမ် ပြောကြားခဲ့ဖူးပြီး ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်ကာ ပြောကြားမည့်မိန့်ခွန်းတွင် အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စလည်း ပါဝင်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခန့်မှန်း ပြောကြားသည်။

ယခုအကြိမ်တွင် သုံးရက်သာကျန်တော့သည့် လွှတ်တော်အစည်းအဝေးများ၌ လာမည့်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို အတည်ပြုရန်နှင့် အမျိုးသားပညာရေးဥပဒေကဲ့သို့ အရေးကြီးဥပဒေများ အတည်ပြုပြဋ္ဌာန်းရန်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။


မင်းဟိန်းကျော် | 7 day daily

မှတ်ချက်များ