ဝနဲ့ အစိုးရ အပစ်ရပ်ရေး ဆွေးနွေးမယ်



ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အမျိုး သားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် NDAA ခေါ် မိုင်းလားတပ်ဖွဲ့တို့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ဖို့ အတွက်

ဦးသိန်းဇော် ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဒီနေ့ သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

တခြားတိုင်းရင်းသားအဖွဲ့ အစည်းတွေ ပူးပေါင်းဆွေးနွေခဲ့ကြတဲ့ လိုင်ဇာဆွေးနွေးပွဲ၊ လော်ခီးလာဆွေးနွေးပွဲတွေမှာ ဝနဲ့ သူ့မဟာမိတ် မိုင်းလား အဖွဲ့တို့ မပါဝင်ခဲ့တဲ့ အတွက် အခုလို သီးခြား ဆွေးနွေးကြရတာဖြစ်ပါတယ်။

UWSA ဟာ ဝပြည်နယ် သီးခြားတောင်းဆိုနေပြီး သူပုန်အဖွဲ့တွေအနက် လက်နက်အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ