MH 370 လေယာဉ် အပိုင်းအစများကို ရှာဖွေရာတွင် အခက်အခဲတွေ့



အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် MH 370 လေယာဉ် အပိုင်းအစများကိုရှာဖွေနေသောသြဇီတော်ဝင်လေ တပ်မှ P3လေယာဉ်သည် မိုးသည်းထန်စွာရွာခြင်းနှင့် တိမ်ထူထပ်ခြင်းတို့ကြောင့် ဂြိုဟ်တုမှ ဖော်ပြသော အပျက်အစီးများကို ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

ရှာဖွေမှုများကိုမူ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။

လွန်ခဲ့သော မိနစ် ၂ဝခန့်တွင် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်းဂြိုဟ်တုမှတ ဆင့် တွေ့ရှိရသော အ ပျက် အစီးများမှာ MH 370 မှဟု ယုံကြည်ရကြောင်း ပြောကြားလိုက်သည်။

လေယာဉ်ပျက်ရှာဖွေရေးလုပ်ငန်းကို ယခုအခါ သြစတြေးလျ၊ နယူဇီလန်နှင့်အမေရိကန်ရေ တပ်များမှ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ပြောကြားသည်။

LYT | Popular Myanmar News Journal

မှတ်ချက်များ