ယင်းအခမ်းအနားတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ဆု ပေးအပ်ရေး စီမံချက်အတွက် ဂျပန်ယန်း ၄၆၈သန်း (အမေရိကန်ဒေါ်လာ ၄သန်းကျော်)၊ အာဆီယံ ပြတင်းတစ်ပေါက် (ASEAN Single Window)စနစ်အရ အကောက်အခွန်ကဏ္ဍတွင် ကုန်ပစ္စည်းများကို ခေတ်မီနည်းစနစ်ဖြင့် အခွန်ကောက်ခံရန် ဂျပန်ယန်း သန်း ၃၉၉၀ (အမေရိကန်ဒေါ်လာ ၃၉သန်း)၊ ရှမ်းပြည်နယ် လားရှိုးအထွေထွေ ရောဂါကု ဆေးရုံကြီး အဆင့်မြှင့်တင်ရန် ဂျပန်ယန်း သန်း၁၅၁၀ (အမေရိကန်ဒေါ်လာ ၁၅သန်း)ပေးရေး စသည့် စာချွန်လွှာ သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
Mizzima Burmese

မှတ်ချက်များ