ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား

ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ် ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကိုလိုအပ်တာ  ထက်ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော် ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျ နိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ် ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမ ရှိတော့ဘူးဆိုရင် အလိုအလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံ မှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်း မာရေးအတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန် ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင် စားဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆိုရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သာမန်လူတွေက အဲဒီလိုဖြစ်ပွားဖို့ ခဲယဉ်းပေ မယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေမှာ တွေ့ရတတ်တယ်လို့ ဒီသုတေသ နမှာ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး | Health Updates Journal

မှတ်ချက်များ