ဒေါ်သန်းလှ ပဲပြုတ်တောင်း ဈေးထဲမရောက်သလို ဆိုက်ကားဆရာ ဖိုးချောရဲ့  ဆိုက်ကားလည်း စီအင်ဂျီတပ်လို့မရ

ဆင်းရဲရင်ဘယ်လိုနေမလဲ ...

ဆင်းရဲခြင်းဟာ ဘယ်လောက်ကျေနပ်စ   ရာကောင်းနေလိမ့်မလဲ...

ဘယ်လိုဆင်းရဲမှာလဲ (ဆင်း( ရဲ ) တာ) ဘာလဲ ...

မွဲသွားတာလား ... မွဲဖို့ရော ဘာတွေလိုမလဲ

လူမွဲ သက်သေခံလက်မှတ် ... လူမွဲဖြစ်ကြောင်းထောက်ခံစာ

တစ်ခုခု လူမွဲမဟုတ်ရင် အနှိမ်ခံရမှာ ... အနာဂတ်လူမွဲခေတ်ကြီးဆီကိုသွားဖို့

သွားဖို့ လူမွဲတွေ အတွက် ခေတ် ကောင်းကြီး

ခေတ်က လူမွဲဖြစ်နိုင်ရန် အရည်အချင်းပြည့်မှီသူများ စဉ်ဆက်မပြတ် မွေးထုတ် ...
အရည်အချင်းပြည့်မှီသောလူမွဲများ

မွေးထုတ်ရန် အရည်အချင်းပြည့်မှီ

မ ဆင်း ရဲ သော မဆင်းရဲသော ခေါင်းဆောင်များ၏ စွမ်းဆောင်ချက် ...

လူမွဲပီသရေးဦးတည်ချက် ၊

လူမွဲများဖြင့် ပိုင်ဆိုင်ထားသော အနာဂတ်ကြီး ရောင်းစားအံ့။

လူမွဲများအားဖြင့် ကမ္ဘာကိုလွှမ်းရမည် ။

လူမွဲများ ရောင်းချသော ဆိုင်များမဟုတ်လျင် အားမပေးရ။

လူမွဲများ ဆိုင်ရာလူမွဲရပိုင်ခွင့်

လူမွဲခြင်း တံဆိပ်ပြောင်းကပ် ဥပဒေသ စသဖြင့် ။

လူမွဲအခွင့်အရေးတွေ အရမ်းကောင်းလာတယ် ...

မျှော်လင့်စရာက မွဲတေခြင်း

*ရှင်သန်ခြင်းရဲ့  အဓိပ္ပါယ် ဘယ်မှာလိုက်လို့ရှာမလဲ

ကွမ်းစား၊ဆေးလိပ်သောက် ... ဘီအီးတစ်ပိုင်း

ဆင်းရဲလာရင် တစ်ရက်လုပ်တာ တစ်ရက်စားဖို့

ကြည့်စမ်း ... ဘယ်လောက် ကြည်နူးစရာလဲ

ဆင်းရဲလာရင် ကလေးတွေ အများကြီးရလာမယ်

ဆင်းရဲလာရင် မိန်းမတွေ အများကြီးရလာမယ်

ဆင်းရဲလာရင် ပျော်စရာတွေ အများကြီးရလာဦးမှာ

အမှိုက်လှည်းထဲက ကလစ် အပျက်လေး ရလည်း ပျော်စရာပဲ

ကားခပြန်အမ်းငွေ မေ့ကျန်ခဲ့လည်း ပျော်စရာပဲ

လူဝကြီးတွေ ခေါက်ချည်ပြန်ချည် တင်နင်းနေရတာလဲ ပျော်စရာပဲ

လမ်းပေါ်မှာ ၅၀ တန်တစ်ရွက် ကောက်ရလဲ ပျော်စရာပဲ

မနက်စောစော ဧည့်ရိပ်သာရောက်လည်း ဈေးဦးပေါက် ပျော်စရာပဲ

ပျော်စရာပဲ ပျော်စရာပဲ ဆင်းရဲရတာ ပျော်စရာပဲ

မွဲတေခြင်းတွေကို တွင်ကျယ်စွာသုံးလာတယ်

ကိုယ်တိုင်ကိုက ယိုင်နဲ့နေဖို့လိုမယ်

အကြွေးတွေ ရှိရမယ်

နေ့ပြန်တိုးတွေ ရှိရမယ်

လောင်းကစားခြင်းတွေ ရှိရမယ်

ဆင်းရဲခြင်းနဲ့ အတူ လိင်လိုက်စားမှုကလည်း ခေတ်မှီလာနေတယ်

ဆင်းရဲခြင်းတွေက နေရာတကာကို လက်ဝါးကြီးအုပ်ဖို့ကြိုးစားလာတယ်

လူဦးရေ ဘယ်လောက်ရာခိုင်နှုန်းလောက် ဆင်းရဲနေကြပြီလဲ

ဆင်းရဲခြင်းဟာ ရိုဟင်ဂျာမျိုးနွယ်လား တရုတ်မျိုးနွယ်လား

နောက်ထပ် ဘယ်လို ဆင်းရဲ မျိုးနွယ် အမျိုးအစားတွေ ရှိဦးမလဲ

ဆင်း ရဲ ဖို့လိုတယ်

ဆင်း ရဲ ဖို့ဆိုတော့

ဘယ်လိုဆင်းရမလဲ

ပြန်တက်လို့ရပါ့မလား

မရရင်ရော ? ? ?

ဆင်းရမှာပဲမဟုတ်လား

မဆင်း ရဲ တဲ့သူတစ်စု က လူတွေ အများကြီးကို

အနှစ် ၂၀ လုံးလုံး ဆင်းရဲအောင် လုပ်သွားတာ

ဆင်းရဲမျိုးဆက်သစ်ကြီး အဟုန်ပြင်းပြင်း ကြီးထွား ။ လူ ၄ ယောက်မှာ ၃ ယောက် အလုပ်လက်မဲ့

လက်ဘက်ရည်ဆိုင်မှာ လူပေါတယ်

အရက်ဆိုင်မှာ စည်ကားတယ်

မြို့ပြတိုက်ခန်းမှာ မီးခိုးတွေ တိတ်လမ်းဘေးဆိုင်ခန်းမှာ ကြိတ်ကြိတ်တိုး

ကုန်တိုက်တွေ ကြီးသည်ထက်ကြီးဆက်သွယ်ရေးတွေ ကောင်းသည်ထက်ကောင်း

ဘယ်လို ဘယ်လို ဘယ်လို

မသိတဲ့သူတွေ မသိတာတွေ ပိုများ

စာတတ်ချင်ယောင်ဆောင်တဲ့သူ

ပညာတတ်ချင်ယောင်ဆောင်တဲ့သူ

နိုင်ငံခြား သွားသူများများ

ကမ္ဘာ့ ဆင်းရဲဆုံးနိုင်ငံမှာ အဆင့် ၂၂

အကျင့်ပျက်ခြစားမှုမှာ အဆင့် ၃

ဖုန်းတွေ သူများထက် ဈေးကြီး

ကားတွေ သူများထက် ဈေးကြီး

တကယ့် Bullshit ....

လမ်းကြပ်ကြပ် ကားများများ အောက်မှာ

လက်ဝါးသေးသေးကြီးကြီး နုနုအိုအိုတွေ လည်း ပိုမိုတင်သွင်း

*ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်။*

ဆိုလိုတာထမင်းတစ်နပ်လျော့မစားပဲ ဆင်းရဲပြလို့ရတယ်

ကိုယ့်အိမ်ထဲကိုယ် ဖယောင်းတိုင်တွေစီပြီး ဇိမ်နဲ့ ဆင်းရဲလို့လည်းရတယ်

ခေတ်ပေါ်ပေါ်ပင်ဆင်းရဲခြင်း မျိုးမဟုတ်

သမိုင်းတွင်မဲ့ ဂန္တ၀င်ဆင်းရဲခြင်းမျိုးမှ မဟုတ်ရင်

ပေါ်ပင်ဆင်းရဲချင်သူများ မ၀င့်ဆံ့နိုင်လောက်တဲ့ နေရာ


Trend Myanmar

မှတ်ချက်များ