လူအများစားသုံးကြသည့်မြေပဲများတွင်အန္တရာယ်ဖြ စ်စေေ သာတီတူးမှိုအဆိပ်ပါဝင်မှုရှိကြောင်းဆေး သုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဇီဝဗေ ဒသုတေသန ဌာနခွဲက ပြုလုပ်သော စာတမ်းအရ သိရသည်။

''အဆိုပါမြေပဲစားသုံးမှုပုံစံအမျိုးမျိုးတွင်ထရိုင်ကိုသီ စင်း(တီတူး)မှိုအဆိပ် ပါဝင်မှုကို စမ်းသပ်ခြင်း'' သုတေသန စာတမ်းကို အထက်ပါ ဌာနမှ သု
တေသန ပညာရှင်ရှစ်ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်း သုတေသနကို မြေပဲစားသောက်ပြင်ဆင်မှုအပေါ် မူတည်၍ အမျိုးအစားခွဲကာ တီတူးမှိုအဆိပ်ပါဝင်မှု ရှိမရှိကို လေ့လာခဲ့ခြင်း ဖြစ်သည်။လေ့လာမှုတွင် ပါဝင်သော ပုံစံအမျိုးမျိုးမှာ အခွံမပါမြေပဲစိမ်း၊ အခွံပါမြေပဲ
စိမ်း၊ မြေပဲပြုတ်၊ မြေပဲကြော်၊ မြေပဲလှော်၊ မြေပဲယိုအမာ၊ မြေပဲထောပတ်နှင့် မြေပဲချဉ်ဖတ်တို့ဖြစ်ကြသည်။

အဆိုပါ မြေပဲ နမူနာ စုစုပေါင်း လေးဆယ်ခန့်ကို ကွဲပြား ခြားနားသောနေရာငါးခုမှဝယ်ယူ၍ တီတူးမှိုအဆိပ် ရှာဖွေစမ်းသပ်မှုကို ပြုလုပ်ရာတွင်မြေပဲလှော် ၂ ခု၊ မြေပဲကြော် ၂ ခုနှင့် အခွံ မပါမြေပဲစိမ်းသုံးခုတွင် တီတူး
မှိုအဆိပ် ပမာဏ (၇၅ မှ ၅ဝဝ ပီပီဘီ)၊ မြေပဲ ချဉ်ဖတ် နမူနာ တစ်ခုတွင် တီတူးမှိုအဆိပ်ပမာဏ (၃ဝဝ မှ ၅ဝဝ ပီပီဘီ)အတွင်းကို ရှာဖွေ တွေ့ရှိခဲ့ရသည်။

တီတူးမှိုအဆိပ်သည်လူကိုသေစေနိုင်သောအစွမ်းသတ္တိရှိပြီးလူ့ခန္ဓာကိုယ်အတွင်း မျိုးဗီဇဒီအန်အေ နှင့်အာရ် အန်အေ နှစ်မျိုး စလုံး၏ ဖွဲ့စည်းတည်ဆောက်မှုကို တားမြစ်နိုင်သည့် အစွမ်း ရှိသည်ဟု အဆိုပါစာတမ်း တွင်ဖော်ပြထားသည်။

ကနေဒါနိုင်ငံ၏စံသတ်မှတ်ချက်အရဝက် နှင့်ကြက်အစာအတွက် တီတူးမှိုအဆိပ်အမြင့်ဆုံး ခွင့်ပြုနိုင်သော ပမာဏ မှာ (၁ဝဝဝ ပီပီဘီ)ဖြစ်သည်။ လူအများစားသုံးသောအစားအစာများတွင် တီတူးမှိုအဆိပ်အမြင့်ဆုံး ခွင့်ပြုနိုင်သောပမာဏကိုသတ်မှတ်ထားခြင်းမရှိသော်လည်း တီတူးမှိုအဆိပ်ပမာဏလုံးဝပါဝင်မှု မရှိခြင်း သည် အန္တရာယ်အကင်းဆုံး အခြေ အနေဖြစ်ကြောင်း အထက်ပါသုတေသနစာတမ်းက ထောက်ပြသည်။

ယင်းကြောင့် မြန်မာပြည်တွင်း စားသုံးသူ များအတွက် ဘေးကင်းစိတ်ချရသော အစားအစာများကိုစိတ်ချ လက်ချစားသုံးနိုင်စေရန် ပိုမိုတိုးချဲ့၍ကြပ်မတ်ဆောင်ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်းစားသုံးသူကာ ကွယ်ရေးတက်ကြွလှုပ်ရှားသူအချို့ကဆိုသည်။

မတ်စုငြိမ်း | Popular Myanmar News Journal

မှတ်ချက်များ