ကွမ်းစားသူများ သတိထား၊ ကွမ်းသီးကို ဖြူဖွေးလာအောင်နဲ့ နူးညံ့အောင် ဓာတုဆေးတွေ သုံးတာ စစ်ဆေးတွေ့ ရှိ
ကွမ်းသီးကို အရောင်ချွတ်တာ၊ နူးညံ့အောင် ဘယ်လို ဓာတုဆေးတွေ သုံးသလဲဆိုတာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာရှိတစ်ဦးက သွားရောက်စစ်ဆေးစဉ် တွေ့ရှိမှုတွေကို သူရဲ့ ဖေ့ဘုတ်စ်ပေါ်မှာ ဖော်ပြလိုက်ပါတယ်။
ကွမ်းသီးကို ရေစိမ်ပါတယ်။ နောက်ပြီး ချွတ်ဆေး၊ ပွဆေးနဲ့ ကန့်တွေသုံးပါတယ်။ ကွမ်းစားသူတွေမှာ သေချာပေါက် ကျန်းမာရေး အန္တရာယ်တွေ အထူးသဖြင့် ကင်ဆာရောဂါဖြစ်မယ်ဆိုတာ အသေအချာ ပါပဲ။
ကွမ်းသီးရေစိမ်ပြီး ဓာတုဗေဒ ပစ္စည်းတွေ သုံးပြီး နူးညံ့အောင်လုပ်တဲ့ အခန်းထဲမှာ နံရံတွေကွဲအက်၊ ကြွေပြားတွေ အရောင်လွင့်နေတာတွေ၊ သံပြားတွေ သံချေးကိုက်ပြီး ဆွေးမြေ့နေတာတွေ ကိုလည်း ဓာတ်ပုံထဲမှာ တွေ့နိုင်ပါတယ်။
Dr Aung Myint Maw Maw







မှတ်ချက်များ