Now&Ever လက္စြပ္နဲ႔ ေအာင္သေျပ ရတနာေ႐ႊဆိုင္တို႔ၾကားက ျပႆနာဂယက္



Zawgyi ျဖင့္ဖတ္ရန္

Now&Ever - ထာဝရေႏွာင္ႀကိဳး ႐ုပ္ရွင္ကားႀကီးဟာဆိုရင္ ‘ခီေမာင္ႏွံ’ တို႔ ဖန္တီးထားတဲ့ အႏုပညာလက္ရာေျမာက္ ဇာတ္ကားေကာင္းတစ္ကားျဖစ္ၿပီး ႀကိဳက္ႏွစ္သက္တဲ့ ပရိတ္သတ္ အမ်ားအျပားရွိတဲ့ ဇာတ္ကားေကာင္းတစ္ကားပဲျဖစ္ပါတယ္။ Now&Ever ဇာတ္ဝင္ခန္း တစ္ခုမွာ ပါဝင္တဲ့ လက္စြပ္ဒီဇိုင္းနဲ႔ ဆင္တူတဲ့ ဒီဇိုင္းမ်ိဳးကို ‘ေအာင္သေျပ ရတနာ ေ႐ႊဆိုင္’ က ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။



ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ၿပီး Now&Ever ရဲ႕ ဒါ႐ိုက္တာ မခရစၥတီးနားခီက မူပိုင္ခြင့္နဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာတခ်ိဳ႕ကို သူမ လူမႈကြန္ယက္မွာ ေဝမွ်ေျပာျပလာပါတယ္။





Infinity ဟာ မူလထဲက ရွိၿပီးသား ျဖစ္ေပမယ့္လို႔ Now & Ever (သီဟ နဲ႔ ဝတ္မႈံ) ဆိုတဲ့ စာသားေလးကေတာ့ ဖန္တီးသူရဲ႕ မူပိုင္ခြင့္ရွိတယ္ဆိုတဲ့အေၾကာင္းေလးကို ဒါ႐ိုက္တာ ခရစၥတီးနားခီက ျပန္လည္ၿပီးရွင္းျပထားတာျဖစ္ပါတယ္။



ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က Now&Ever - ထာဝရေႏွာင္ႀကိဳး official facebook page ကေန Now&Ever ထဲက သီဟနဲ႔ ဝတ္မႈံ လက္ထပ္မဂၤလာပြဲမွာ ပန္ဆင္ခဲ့တဲ့ လက္စြပ္ကို စာသားႏွင့္တကြ ဖန္တီးေပးခဲ့တဲ့ ရတနာဆိုင္ KAM LE –Gems & Jewelry Shop ကေနတစ္ဆင့္ အားေပးတဲ့ ပရိတ္သတ္ေတြအေနနဲ႔ မွာယူလို႔ရတယ္ဆိုတဲ့အေၾကာင္း စာႏွင့္တကြ ေၾကညာထားခဲ့ပါတယ္။





ျဖစ္ပ်က္သြားတဲ့ ျပႆနာေတြနဲ႔ ပတ္သတ္လို႔ ‘ေအာင္ရတနာ ေ႐ႊဆိုင္ပိုင္ရွင္ သူေဌး’ က လူမႈကြန္ယက္ကေနတစ္ဆင့္ သူကိုယ္တိုင္ကလည္း ဒါ႐ိုက္တာ ခရစၥတီးနားခီကို အားေပးတဲ့ အမာခံပရိတ္သတ္တစ္ဦးျဖစ္ၿပီး အခုလို ျဖစ္ပ်က္သြားရတာေတြအတြက္ စိတ္မေကာင္းျဖစ္မိတဲ့အေၾကာင္း ေရးသား ေျပာျပလာပါတယ္။


Credit : popolay


Unicode ဖြင့်ဖတ်ရန်

Now&Ever လက်စွပ်နဲ့ အောင်သပြေ ရတနာရွှေဆိုင်တို့ကြားက ပြဿနာဂယက်


Now&Ever - ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးဟာဆိုရင် ‘ခီမောင်နှံ’ တို့ ဖန်တီးထားတဲ့ အနုပညာလက်ရာမြောက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ ပရိတ်သတ် အများအပြားရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Now&Ever ဇာတ်ဝင်ခန်း တစ်ခုမှာ ပါဝင်တဲ့ လက်စွပ်ဒီဇိုင်းနဲ့ ဆင်တူတဲ့ ဒီဇိုင်းမျိုးကို ‘အောင်သပြေ ရတနာ ရွှေဆိုင်’ က ထုတ်လုပ်ရောင်းချခဲ့ပါတယ်။



ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး Now&Ever ရဲ့ ဒါရိုက်တာ မခရစ္စတီးနားခီက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတချို့ကို သူမ လူမှုကွန်ယက်မှာ ဝေမျှပြောပြလာပါတယ်။





Infinity ဟာ မူလထဲက ရှိပြီးသား ဖြစ်ပေမယ့်လို့ Now & Ever (သီဟ နဲ့ ဝတ်မှုံ) ဆိုတဲ့ စာသားလေးကတော့ ဖန်တီးသူရဲ့ မူပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းလေးကို ဒါရိုက်တာ ခရစ္စတီးနားခီက ပြန်လည်ပြီးရှင်းပြထားတာဖြစ်ပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Now&Ever - ထာဝရနှောင်ကြိုး official facebook page ကနေ Now&Ever ထဲက သီဟနဲ့ ဝတ်မှုံ လက်ထပ်မင်္ဂလာပွဲမှာ ပန်ဆင်ခဲ့တဲ့ လက်စွပ်ကို စာသားနှင့်တကွ ဖန်တီးပေးခဲ့တဲ့ ရတနာဆိုင် KAM LE –Gems & Jewelry Shop ကနေတစ်ဆင့် အားပေးတဲ့ ပရိတ်သတ်တွေအနေနဲ့ မှာယူလို့ရတယ်ဆိုတဲ့အကြောင်း စာနှင့်တကွ ကြေညာထားခဲ့ပါတယ်။





ဖြစ်ပျက်သွားတဲ့ ပြဿနာတွေနဲ့ ပတ်သတ်လို့ ‘အောင်ရတနာ ရွှေဆိုင်ပိုင်ရှင် သူဌေး’ က လူမှုကွန်ယက်ကနေတစ်ဆင့် သူကိုယ်တိုင်ကလည်း ဒါရိုက်တာ ခရစ္စတီးနားခီကို အားပေးတဲ့ အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး အခုလို ဖြစ်ပျက်သွားရတာတွေအတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ရေးသား ပြောပြလာပါတယ်။

Credit : popolay


မှတ်ချက်များ