Zawgyi ျဖင့္ဖတ္ရန္
တစ္ႏိုင္ငံလုံး ေစာင့္ေမွ်ာ္ၾကည့္ရႈေနၾကတဲ့ Myanmar Idol (Top 8) ရဲ႕ ေဖ်ာ္ေျဖတင္ဆက္မႈႀကီးဟာဆိုရင္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။ Top 8 ၿပိဳင္ပြဲဝင္ေတြျဖစ္ၾကတဲ့ Benjamin Sum ၊ေစာခရစ္မူးလာ၊ ေနာ္ေစးေစးထူး၊ အက္စတာေဒါ့ခ်င္းသ္ဆုံ၊ ေအးျမျဖဴ၊ ေယာကီး၊ တန္ခြန္ေက်ာ္ နဲ႔ ထက္အၪၨလီ တို႔က တစ္ေယာက္ တစ္မ်ိဳးစီ မတူညီတဲ့ country စတိုင္ သီဆိုေဖ်ာ္ေျဖမႈေတြကို တင္ဆက္သြားခဲ့ၿပီးျဖစ္ပါတယ္။
ေစာခရစ္မူးလာဟာ ဒီအပတ္မွာ ေတးသံရွင္ ရင္ဂိုရဲ႕ ‘အေတာင္ပံပါရင္ မင္းဆီကို’ သီခ်င္းနဲ႔ ေဖ်ာ္ေျဖတင္ဆက္သြားခဲ့ပါတယ္။ မူးလာဟာ မူရင္း သီခ်င္း သီဆိုသူ ‘ရင္ဂို’ ရဲ႕ပုံစံေပ်ာက္သြားမွာ စိုးတာရယ္၊ မူလ သီခ်င္းရဲ႕ အႏွစ္သာရ ေပ်ာက္သြားမွာရယ္ကို စိုးရိမ္ၿပီး သီဆိုေဖ်ာ္ေျဖၿပီးေနာက္မွာ အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္ေတြ ေရာေထြးသြားကာ စတိတ္စင္ေပၚမွာ မ်က္ရည္က်သြားခဲ့ပါတယ္။
သီဆိုေဖ်ာ္ေျဖၿပီးတဲ့အခ်ိန္ မ်က္ရည္ေတြက်ေနတဲ့ မူးလာကို MC ျဖစ္တဲ့ ကိုေက်ာ္ထက္ေအာင္က ပခုံးဖက္အားေပးခဲ့ၿပီး ‘စိုးရိမ္မႈေတြ အားလုံး ေျဖေဖ်ာက္သြားၿပီးေနာက္မွာ မ်က္ရည္က်သြားတာလား’ ဆိုၿပီး ဒိုင္လူႀကီးေတြထဲ တစ္ဦးအပါအဝင္ျဖစ္တဲ့ ျဖဴျဖဴေက်ာ္သိန္းက ေမးျမန္းတဲ့ အခါမွာ မူးလာက ‘ဟုတ္တယ္’ ဆိုၿပီး ေခါင္းညိတ္ ေျဖၾကားသြားပါတယ္။ “မူးလာ ဘာလို႔ငိုတာလဲ တကယ္ေတာ့ ငိုရေလာက္ေအာင္လည္း ေကာင္းပါတယ္” ဆိုၿပီး ျဖဴျဖဴက မူးလာကို မွတ္ခ်က္ေပးသြားပါတယ္။ “သီခ်င္းကို ပ်က္စီးသြားမွာေတြ စိုးရိမ္ေနခဲ့တယ္လို႔ ေျပာလိုက္တာၾကားလိုက္ရေတာ့ မမအရင္ဆုံး အားေပးခ်င္တာက မူးလာက ဒီသီခ်င္းကို ကိုယ့္ပုံစံအတိုင္း ဆိုသြားႏိုင္တယ္” ဆိုၿပီး ေျပာျပသြားပါတယ္။
ဒိုင္ေတြထဲက ဝါအရင့္ဆုံး အသက္အႀကီးဆုံး ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ ဦးလတ္က “ဒီညမွာ မင္းဟာ ေယာက်ၤားျဖစ္တယ္ဆိုတာ ဦးသိလိုက္ၿပီ ေယာက်ၤား မ်က္ရည္ကို ျမင္လိုက္ရတယ္” ဆိုၿပီး ေျပာျပသြားပါတယ္။
ဒိုင္လူႀကီးေတြထဲက ဝါရင့္အမ်ိဳးသမီး အဆိုေတာ္ မတင္ဇာေမာ္က Country ညမွာ မူးလာ ငိုတာနဲ႔ ပတ္သတ္ၿပီး “ဒီသီခ်င္းကို မူးလာရဲ႕ ပုံစံအတိုင္း အေကာင္းဆုံး ေဖ်ာ္ေျဖသြားႏိုင္တယ္ မူးလာရဲ႕ အစ္မတစ္ေယာက္အေနနဲ႔ ဒီညမွာ မူးလာ ငိုသြားတာကို အစ္မ တကယ္ စိတ္မေကာင္းဘူး” ဆိုၿပီး သူမ ခံစားခ်က္ကို ေျပာျပရင္း မွတ္ခ်က္ေပးသြားခဲ့ပါတယ္။
မူးလာဟာ အၿမဲလိုလို စေနာက္ေနတတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူ တစ္ဦးျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ညမွာေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ မူးလာ မ်က္ရည္က်ခဲ့တာေၾကာင့္ မူးလာရဲ႕ ပရိတ္သတ္ ‘မူလီေလး’ ေတြ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ဒိုင္ေတြအေနနဲ႔လည္း စိတ္မေကာင္းျဖစ္ေနတဲ့ မူးလာကို အားေပးစကား အသီးသီးေျပာသြားခဲ့တာေၾကာင့္ မူးလာတစ္ေယာက္ ခြန္အားအျပည့္နဲ႔ Myanmar Idol ရဲ႕ ေျခလွမ္းေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေစာင့္စားရင္း…………..
Credit : popolay
Country ညမှာ မူးလာ ဘာကြောင့်ငိုရသလဲ?
တစ်နိုင်ငံလုံး စောင့်မျှော်ကြည့်ရှုနေကြတဲ့ Myanmar Idol (Top 8) ရဲ့ ဖျော်ဖြေတင်ဆက်မှုကြီးဟာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ Top 8 ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ Benjamin Sum ၊စောခရစ်မူးလာ၊ နော်စေးစေးထူး၊ အက်စတာဒေါ့ချင်းသ်ဆုံ၊ အေးမြဖြူ၊ ယောကီး၊ တန်ခွန်ကျော် နဲ့ ထက်အဉ္ဇလီ တို့က တစ်ယောက် တစ်မျိုးစီ မတူညီတဲ့ country စတိုင် သီဆိုဖျော်ဖြေမှုတွေကို တင်ဆက်သွားခဲ့ပြီးဖြစ်ပါတယ်။
စောခရစ်မူးလာဟာ ဒီအပတ်မှာ တေးသံရှင် ရင်ဂိုရဲ့ ‘အတောင်ပံပါရင် မင်းဆီကို’ သီချင်းနဲ့ ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။ မူးလာဟာ မူရင်း သီချင်း သီဆိုသူ ‘ရင်ဂို’ ရဲ့ပုံစံပျောက်သွားမှာ စိုးတာရယ်၊ မူလ သီချင်းရဲ့ အနှစ်သာရ ပျောက်သွားမှာရယ်ကို စိုးရိမ်ပြီး သီဆိုဖျော်ဖြေပြီးနောက်မှာ အမျိုးအမည်မသိတဲ့ ခံစားချက်တွေ ရောထွေးသွားကာ စတိတ်စင်ပေါ်မှာ မျက်ရည်ကျသွားခဲ့ပါတယ်။
သီဆိုဖျော်ဖြေပြီးတဲ့အချိန် မျက်ရည်တွေကျနေတဲ့ မူးလာကို MC ဖြစ်တဲ့ ကိုကျော်ထက်အောင်က ပခုံးဖက်အားပေးခဲ့ပြီး ‘စိုးရိမ်မှုတွေ အားလုံး ဖြေဖျောက်သွားပြီးနောက်မှာ မျက်ရည်ကျသွားတာလား’ ဆိုပြီး ဒိုင်လူကြီးတွေထဲ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းက မေးမြန်းတဲ့ အခါမှာ မူးလာက ‘ဟုတ်တယ်’ ဆိုပြီး ခေါင်းညိတ် ဖြေကြားသွားပါတယ်။ “မူးလာ ဘာလို့ငိုတာလဲ တကယ်တော့ ငိုရလောက်အောင်လည်း ကောင်းပါတယ်” ဆိုပြီး ဖြူဖြူက မူးလာကို မှတ်ချက်ပေးသွားပါတယ်။ “သီချင်းကို ပျက်စီးသွားမှာတွေ စိုးရိမ်နေခဲ့တယ်လို့ ပြောလိုက်တာကြားလိုက်ရတော့ မမအရင်ဆုံး အားပေးချင်တာက မူးလာက ဒီသီချင်းကို ကိုယ့်ပုံစံအတိုင်း ဆိုသွားနိုင်တယ်” ဆိုပြီး ပြောပြသွားပါတယ်။
ဒိုင်တွေထဲက ဝါအရင့်ဆုံး အသက်အကြီးဆုံး ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဦးလတ်က “ဒီညမှာ မင်းဟာ ယောင်္ကျားဖြစ်တယ်ဆိုတာ ဦးသိလိုက်ပြီ ယောင်္ကျား မျက်ရည်ကို မြင်လိုက်ရတယ်” ဆိုပြီး ပြောပြသွားပါတယ်။
ဒိုင်လူကြီးတွေထဲက ဝါရင့်အမျိုးသမီး အဆိုတော် မတင်ဇာမော်က Country ညမှာ မူးလာ ငိုတာနဲ့ ပတ်သတ်ပြီး “ဒီသီချင်းကို မူးလာရဲ့ ပုံစံအတိုင်း အကောင်းဆုံး ဖျော်ဖြေသွားနိုင်တယ် မူးလာရဲ့ အစ်မတစ်ယောက်အနေနဲ့ ဒီညမှာ မူးလာ ငိုသွားတာကို အစ်မ တကယ် စိတ်မကောင်းဘူး” ဆိုပြီး သူမ ခံစားချက်ကို ပြောပြရင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
မူးလာဟာ အမြဲလိုလို စနောက်နေတတ်ပြီး ပျော်ပျော်နေတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ညမှာတော့ ပျော်ပျော်နေတတ်တဲ့ မူးလာ မျက်ရည်ကျခဲ့တာကြောင့် မူးလာရဲ့ ပရိတ်သတ် ‘မူလီလေး’ တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒိုင်တွေအနေနဲ့လည်း စိတ်မကောင်းဖြစ်နေတဲ့ မူးလာကို အားပေးစကား အသီးသီးပြောသွားခဲ့တာကြောင့် မူးလာတစ်ယောက် ခွန်အားအပြည့်နဲ့ Myanmar Idol ရဲ့ ခြေလှမ်းနောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်စောင့်စားရင်း…………..
Credit : popolay

မှတ်ချက်များ