ခ်စ္သူနဲ႔ လမ္းခြဲလိုက္ျပီဆိုတဲ႔ သတင္းေတြကို ျငင္းဆန္လိုက္တဲ႔ Taew Natapohn


Zawgyiျဖင့္ဖတ္ရန္

ထိုင္းႏိုင္ငံရဲ႕ နာမည္ေက်ာ္ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ႔ Taew Natapohn ဟာ သူမနဲ႔ ခ်စ္သူသက္တမ္း ၁၄ ႏွစ္ပတ္၀န္းက်င္ရွိေနျပီျဖစ္တဲ႔ Ton Arch နဲ႔ လမ္းခြဲလိုက္ျပီဆိုတဲ႔ ေကာလဟာလသတင္းေတြဟာ ျပီးခဲ႔တဲ႔ရက္ပိုင္းေလာက္က စတင္ထြက္ရွိလာခဲ႔ျပီး ပရိသတ္ေတြအၾကားမွာ အေတာ္ေလးကို ပ်ံ႕ႏွံ႔စိတ္၀င္စားလူေျပာမ်ားခဲ႔ပါတယ္။

ဒါေပမယ္႔လည္း ဒီသတင္းေတြဟာ မမွန္ကန္ဘူးဆိုတာကို Taew က အင္တာဗ်ဴးတစ္ခုကေန တဆင္႔ရွင္းလင္းလုိက္ျပီး သူမတို႔ ခ်စ္သူ ၂ ဦးဟာ အရင္ကလိုပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ မေျပာင္းလဲပဲ ခ်စ္ေနၾကဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

Taew နဲ႔ သူမရဲ႕ ခ်စ္သူေကာင္ေလး Ton Arch တို႔ဟာ ေက်ာင္းတက္စဥ္အခ်ိန္ကတည္းက ခ်စ္ၾကိဳက္လာခဲ႔ၾကတာျဖစ္ျပီး အခုဆိုရင္ သူတို႔စံုတြဲရဲ႕ ခ်စ္သူသက္တမ္းဟာ ၁၄ ႏွစ္ ပတ္၀န္းက်င္ရွိလို႔ေနျပီျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာအတူရွိလာခဲ႔ၾကတဲ႔ သူတို႔ ၂ ဦးဟာ ဟိုးအရင္တုန္းကလည္း လမ္းခြဲလိုက္ျပီဆိုတဲ႔ ေကာလဟာလေတြထြက္ရွိခဲ႔ဖူးတယ္လို႔ သိရပါတယ္။

ေအာင္ျမင္တဲ႔ သရုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္တာေၾကာင္႔ ခ်စ္သူအေပၚအခ်ိန္မေပးႏိုင္တာနဲ႔ ပတ္သတ္ျပီး ေမးျမန္းရာမွာေတာ႔ Taew က "အလုပ္ေတြမ်ားျပီး အခ်ိန္မေပးႏိုင္တာေၾကာင္႔ အေနေ၀းသြားတာတစ္ခုတည္းက ကၽြန္မနဲ႔ Ton ကုိ မေ၀းသြားေစပါဘူး" လို႔ဆိုကာ ေျပာခဲ႔ဖူးပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ကတည္းက တစ္ေယာက္အနားမွာ တစ္ေယာက္ရွိလာေပးခဲ႔ၾကတဲ႔ ခ်စ္သူ ၂ ဦး ကို အျမန္ဆံုးေရႊလက္တြဲႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Ref : Thai Update

Credit:Mia (Momolay)

Unicodeဖြင့်ဖတ်ရန်

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ Taew Natapohn

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Taew Natapohn ဟာ သူမနဲ့ ချစ်သူသက်တမ်း ၁၄ နှစ်ပတ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ Ton Arch နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလဟာလသတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က စတင်ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေအကြားမှာ အတော်လေးကို ပျံ့နှံ့စိတ်ဝင်စားလူပြောများခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းတွေဟာ မမှန်ကန်ဘူးဆိုတာကို Taew က အင်တာဗျူးတစ်ခုကနေ တဆင့်ရှင်းလင်းလိုက်ပြီး သူမတို့ ချစ်သူ ၂ ဦးဟာ အရင်ကလိုပဲ တစ်ယောက်နဲ့ တစ်ယောက် မပြောင်းလဲပဲ ချစ်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Taew နဲ့ သူမရဲ့ ချစ်သူကောင်လေး Ton Arch တို့ဟာ ကျောင်းတက်စဉ်အချိန်ကတည်းက ချစ်ကြိုက်လာခဲ့ကြတာဖြစ်ပြီး အခုဆိုရင် သူတို့စုံတွဲရဲ့ ချစ်သူသက်တမ်းဟာ ၁၄ နှစ် ပတ်ဝန်းကျင်ရှိလို့နေပြီဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတူရှိလာခဲ့ကြတဲ့ သူတို့ ၂ ဦးဟာ ဟိုးအရင်တုန်းကလည်း လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလဟာလတွေထွက်ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တာကြောင့် ချစ်သူအပေါ်အချိန်မပေးနိုင်တာနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာတော့ Taew က "အလုပ်တွေများပြီး အချိန်မပေးနိုင်တာကြောင့် အနေဝေးသွားတာတစ်ခုတည်းက ကျွန်မနဲ့ Ton ကို မဝေးသွားစေပါဘူး" လို့ဆိုကာ ပြောခဲ့ဖူးပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက တစ်ယောက်အနားမှာ တစ်ယောက်ရှိလာပေးခဲ့ကြတဲ့ ချစ်သူ ၂ ဦး ကို အမြန်ဆုံးရွှေလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : Thai Update

Credit:Mia (Momolay)

မှတ်ချက်များ