အက္စတာကို အားေပးၾကမ္းျပီး တင္ခဲ့တဲ့ စာသားတစ္ခ်ိဳ႕ေၾကာင့္ ျပန္ေတာင္းပန္လိုက္တဲ့ သက္မြန္ျမင့္


Zawgyiျဖင့္ဖတ္ရန္

လတ္တေလာ လူမႈကြန္ယက္မွာ ပရိသတ္ေတြ စိတ္အဝင္စားဆံုး ျဖစ္ေနတဲ့ Myanmar Idol Season 4 မွာေတာ့ ထူးျခားတဲ့ ျပိဳင္ပြဲဝင္ေတြရဲ႕အရည္အခ်င္းေၾကာင့္ အားလံုးက အာရံုစိုက္ျခင္းကို ခံေနရတာပဲ ျဖစ္ပါတယ္။ မေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ Country Week မွာေတာ့ ျပိဳင္ပြဲဝင္ (၈) ဦးလံုးက တတ္ႏိုင္သမွ် အေကာင္းဆံုးၾကိဳးစား ျပိဳင္ပြဲဝင္ခဲ့ၾကတာ ေတြ႔ရျပီး၊ အားေပးတဲ့ပရိသတ္ေတြကလည္း တစ္ေယာက္ခ်င္းစီကို အင္တိုက္အားတိုက္ အားေပးေနၾကတာပါ။ ျမန္မာအိုင္ေဒါကို အားေပးၾကသူေတြထဲက အႏုပညာရွင္တစ္ဦးျဖစ္တဲ့ သက္မြန္ျမင့္ကလည္း အက္စတာကို အားေပးတဲ့အေၾကာင္းကို လူမႈကြန္ယက္မွာ ထုတ္ေျပာလာတာ ေတြ႔ရပါတယ္။ ကိုယ္သေဘာက်တဲ့ ျပိဳင္ပြဲဝင္ကို အားေပးၾကမ္းသြားတဲ့ သက္မြန္ျမင့္ကေတာ့ သူမရဲ႕အသံုးအႏႈန္းတစ္ခ်ိဳ႕ေၾကာင့္ ျပန္လည္ေတာင္းပန္ခဲ့တာလည္း ေတြ႔ရပါတယ္ေနာ္။

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ အက္စတာေဒါ့သ္ခ်င္းဆုန္ကို အားေပးတဲ့ ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာတဲ့ သက္မြန္ျမင့္ရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

သက္မြန္ျမင့္ကေတာ့ "လူမ်ိဳးစြဲနဲ႔ မေတာ္တဲ့သူ အရည္အခ်င္းမရိွတဲ့သူကို ဒီစကားမ်ိဳး ေျပာရဲပါ့မလား! မေတာ္တာကို ေတာ္တယ္ အတင္းလုပ္လို႔ရပါ့မလား? သေဘာထား ကြဲလြဲႏိုင္ပါတယ္လို႔ ေျပာၿပီးသားပါ! အားလံုးေတာ္ၾကတယ္ ေျပာထားၿပီးသား တစ္ေယာက္ထဲ ေရြးရမယ့္အေနအထားမွာေတာ့.... ဒါ ကိုယ့္ခံစားခ်က္ တခုပဲ ဒါကိုလည္း ထၫ့္ေျပာထားၿပီးသား ကိုယ္ ဘာေျပာေျပာ ရခ်င္တဲ့သူ ရမွာပဲေလ! သက္မြန္ျမင့္ေျပာလို႔ သက္မြန္ျမင့္ေျပာတဲ့သူ ရရမယ္လို႔ သတ္မွတ္ထားတာမွ မဟုတ္တာ! အဲ့ေလာက္မစြမ္းပါဘူးေလ ကိုယ္အားေပးတဲ့သူ ကို ကိုယ့္ခံစားခ်က္နဲ႔ ေျပာရံုေလးပါ.. အသံုးႏႈန္းေၾကာင့္ဆိုရင္ ေတာင္းပန္ပါတယ္ရွင္! ႀကိဳက္တဲ့သူ ႀကိဳက္သလို အားေပးၾကပါ! ကြၽန္မတို႔လည္း တခါတေလ ကိုယ့္ခံစားခ်က္ေလးနဲ႔ ကိုယ္ ေပါက္ကြဲမိပါတယ္! လူသားေတြဆိုေတာ့လည္း.. 😓😓" ဆိုျပီး သူမရဲ႕ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာသြားတာပါ။

မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ ပရိသတ္တစ္ဦးအေနနဲ႔ သူမအားေပးတဲ့ ျပိဳင္ပြဲဝင္အေၾကာင္းကို အရိုးရွင္းဆံုး ေျပာသြားခဲ့တာပါ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ကိုယ္ၾကိဳက္တဲ့ ျပိဳင္ပြဲဝင္ကို လြတ္လြတ္လပ္လပ္အားေပးလို႔ရတာမို႔ သက္မြန္ေလးေျပာတာကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

Myint Myat

Source;Thet Mon Myint's Facebook

Credit:Mia (Momolay)

Unicodeဖြင့်ဖတ်ရန်

အက်စတာကို အားပေးကြမ်းပြီး တင်ခဲ့တဲ့ စာသားတစ်ချို့ကြောင့် ပြန်တောင်းပန်လိုက်တဲ့ သက်မွန်မြင့်

လတ်တလော လူမှုကွန်ယက်မှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး ဖြစ်နေတဲ့ Myanmar Idol Season 4 မှာတော့ ထူးခြားတဲ့ ပြိုင်ပွဲဝင်တွေရဲ့အရည်အချင်းကြောင့် အားလုံးက အာရုံစိုက်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Country Week မှာတော့ ပြိုင်ပွဲဝင် (၈) ဦးလုံးက တတ်နိုင်သမျှ အကောင်းဆုံးကြိုးစား ပြိုင်ပွဲဝင်ခဲ့ကြတာ တွေ့ရပြီး၊ အားပေးတဲ့ပရိသတ်တွေကလည်း တစ်ယောက်ချင်းစီကို အင်တိုက်အားတိုက် အားပေးနေကြတာပါ။ မြန်မာအိုင်ဒေါကို အားပေးကြသူတွေထဲက အနုပညာရှင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်ကလည်း အက်စတာကို အားပေးတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ ကိုယ်သဘောကျတဲ့ ပြိုင်ပွဲဝင်ကို အားပေးကြမ်းသွားတဲ့ သက်မွန်မြင့်ကတော့ သူမရဲ့အသုံးအနှုန်းတစ်ချို့ကြောင့် ပြန်လည်တောင်းပန်ခဲ့တာလည်း တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အက်စတာဒေါ့သ်ချင်းဆုန်ကို အားပေးတဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ သက်မွန်မြင့်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သက်မွန်မြင့်ကတော့ "လူမျိုးစွဲနဲ့ မတော်တဲ့သူ အရည်အချင်းမရှိတဲ့သူကို ဒီစကားမျိုး ပြောရဲပါ့မလား! မတော်တာကို တော်တယ် အတင်းလုပ်လို့ရပါ့မလား? သဘောထား ကွဲလွဲနိုင်ပါတယ်လို့ ပြောပြီးသားပါ! အားလုံးတော်ကြတယ် ပြောထားပြီးသား တစ်ယောက်ထဲ ရွေးရမယ့်အနေအထားမှာတော့.... ဒါ ကိုယ့်ခံစားချက် တခုပဲ ဒါကိုလည်း ထည့်ပြောထားပြီးသား ကိုယ် ဘာပြောပြော ရချင်တဲ့သူ ရမှာပဲလေ! သက်မွန်မြင့်ပြောလို့ သက်မွန်မြင့်ပြောတဲ့သူ ရရမယ်လို့ သတ်မှတ်ထားတာမှ မဟုတ်တာ! အဲ့လောက်မစွမ်းပါဘူးလေ ကိုယ်အားပေးတဲ့သူ ကို ကိုယ့်ခံစားချက်နဲ့ ပြောရုံလေးပါ.. အသုံးနှုန်းကြောင့်ဆိုရင် တောင်းပန်ပါတယ်ရှင်! ကြိုက်တဲ့သူ ကြိုက်သလို အားပေးကြပါ! ကျွန်မတို့လည်း တခါတလေ ကိုယ့်ခံစားချက်လေးနဲ့ ကိုယ် ပေါက်ကွဲမိပါတယ်! လူသားတွေဆိုတော့လည်း.. 😓😓" ဆိုပြီး သူမရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောသွားတာပါ။

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ပရိသတ်တစ်ဦးအနေနဲ့ သူမအားပေးတဲ့ ပြိုင်ပွဲဝင်အကြောင်းကို အရိုးရှင်းဆုံး ပြောသွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကိုယ်ကြိုက်တဲ့ ပြိုင်ပွဲဝင်ကို လွတ်လွတ်လပ်လပ်အားပေးလို့ရတာမို့ သက်မွန်လေးပြောတာကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source;Thet Mon Myint's Facebook

Credit:Mia (Momolay)

မှတ်ချက်များ