"သူမ်ားကိုေပ်ာ္ေအာင္လုပ္ခဲ့ေပမယ့္ ငါေပ်ာ္နိုင္ခဲ့ဘူး" လို့ ရင္ဖြင့္ေျပာဆိုလာတဲ့ မူးလာ


Zawgyiျဖင့္ဖတ္ရန္

ေပ်ာ္ေပ်ာ္ေနတတ္ျပီး အျမဲတမ္း စေနာက္ ေပ်ာ္ရႊင္ေနတဲ့ Myanmar Idol ျပိဳင္ပြဲဝင္ မူးလာဟာ လတ္တေလာမွာေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ပိုင္ဆိုင္ရရိွထားသူ ျဖစ္ပါတယ္။ မူးလာရဲ့ ပင္ကိုယ္သဘာဝစရုိက္က ခ်စ္ဖို့ေကာင္းသလို သီခ်င္းဆုိလည္း အထူးေကာင္းမြန္တာေၾကာင့္ Myanmar Idol ရဲ့ လူၾကိဳက္အမ်ားဆံုး ျပိဳင္ပြဲဝင္ထဲမွာ တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။ မူးလာကလည္း ပရိသတ္ေတြ အားေပးရက်ိဳးနပ္ေအာင္ တစ္ပတ္ျပီးတစ္ပတ္ အေကာင္းဆံုးၾကိဳးစားသီဆိုတာကို ေတြ့ရပါတယ္။

မေန့က Myanmar Idol Season (4) Country Week မွာေတာ့ မူးလာက "အေတာင္ပံပါရင္မင္းဆီကို" သီခ်င္းနဲ့ သီဆိုယွဥ္ျပိဳင္ခဲ့တာ ျဖစ္ပါတယ္။ မူးလာက သီခ်င္းဆိုျပီးခ်ိန္မွာ အိေျႏၵမဆည္နိုင္ေအာင္ ငိုခဲဲ့တာေၾကာင့္ ပရိသတ္ေတြက စိတ္ပူခဲ့တာ ျဖစ္ပါတယ္။

မူးလာရဲ့ ေဖ့စ္ဘုတ္ My Day မွာ တင္ထားတဲ့စာေလး

ထိုကိစၥနဲ့ ပက္သတ္ျပီး မူးလာက "အေကာင္းဆုံးသီဆိုႏိုင္ခဲ့တဲ့အတြက္ေၾကာင့္ ဘုရားသခင္ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါတယ္။ ခံစားခ်က္ရဲ႕ တြန္းပို႔မႈေၾကာင့္ မ်က္ရည္က်လာၿပီး ခံစားမိတဲ့အတြက္ စိတ္မေကာင္းျဖစ္သူမ်ားကို ေတာင္းပန္ပါတယ္။"

"ယေန႔မနက္ပိုင္းသီခ်င္းတိုက္အထိ သီဆိုမႈရပ္တန္သြားၿပီးဆက္မဆိုႏိုင္ခဲ့ပါဘူး။ သို႔ေသာ္ အေကာင္းဆုံးျပင္ဆင္ေပးတဲ့အတြက္ ေက်ဇူးတင္ပါတယ္ ကိုယ္ေတာ္... ဘဝမွာ အမွတ္အရဆုံးေန႔တစ္ေန႔အျဖစ္ ဒီေန႔ ကြၽန္ေတာ့အတြက္ ျဖစ္သြားခဲ့ပါတယ္။ မနက္ျဖန္ result အတြက္ အရမ္းလည္းစိတ္လႈပ္ရွားေနပါတယ္။ အားလုံးကိုခ်စ္ပါတယ္။ အေတာင္ပံ တစုံျဖင့္ ပ်ံသန္းလာခဲ့ပါ့မယ္ Love you all😘😘😘" ဆိုျပီး ေျပာဆိုထားပါတယ္။

မူးလာက လြန္ခဲ့တဲ့ရက္ပိုင္းကလည္း ခ်စ္သူနဲ့ လမ္းခြဲထားတာမို့ ပရိသတ္ေတြက မူးလာတစ္ေယာက္ သီခ်င္းမဆိုနိုင္မွာ စိုးရိမ္ေနခဲ့ေပမယ့္ အေကာင္းဆံုး ၾကိဳးစားခဲ့ပါတယ္။ မူးလာတစ္ေယာက္ ဒီေန့ Result Show မွာ ရလဒ္ေကာင္းေတြ ရရိွပါေစလို့ မုိမုိေလးမွ ဆုေတာင္းေပးလိုက္ပါတယ္။

Rowena

Source: Saw Chris MooLer's fb

Credit:Mia (Momolay)

Unicodeဖြင့်ဖတ်ရန်

"သူများကိုပျော်အောင်လုပ်ခဲ့ပေမယ့် ငါပျော်နိုင်ခဲ့ဘူး" လို့ ရင်ဖွင့်ပြောဆိုလာတဲ့ မူးလာ

ပျော်ပျော်နေတတ်ပြီး အမြဲတမ်း စနောက် ပျော်ရွှင်နေတဲ့ Myanmar Idol ပြိုင်ပွဲဝင် မူးလာဟာ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူ ဖြစ်ပါတယ်။ မူးလာရဲ့ ပင်ကိုယ်သဘာဝစရိုက်က ချစ်ဖို့ကောင်းသလို သီချင်းဆိုလည်း အထူးကောင်းမွန်တာကြောင့် Myanmar Idol ရဲ့ လူကြိုက်အများဆုံး ပြိုင်ပွဲဝင်ထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ မူးလာကလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင် တစ်ပတ်ပြီးတစ်ပတ် အကောင်းဆုံးကြိုးစားသီဆိုတာကို တွေ့ရပါတယ်။

မနေ့က Myanmar Idol Season (4) Country Week မှာတော့ မူးလာက "အတောင်ပံပါရင်မင်းဆီကို" သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ မူးလာက သီချင်းဆိုပြီးချိန်မှာ အိန္ဒြေမဆည်နိုင်အောင် ငိုခဲ့တာကြောင့် ပရိသတ်တွေက စိတ်ပူခဲ့တာ ဖြစ်ပါတယ်။

မူးလာရဲ့ ဖေ့စ်ဘုတ် My Day မှာ တင်ထားတဲ့စာလေး

ထိုကိစ္စနဲ့ ပက်သတ်ပြီး မူးလာက "အကောင်းဆုံးသီဆိုနိုင်ခဲ့တဲ့အတွက်ကြောင့် ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ခံစားချက်ရဲ့ တွန်းပို့မှုကြောင့် မျက်ရည်ကျလာပြီး ခံစားမိတဲ့အတွက် စိတ်မကောင်းဖြစ်သူများကို တောင်းပန်ပါတယ်။"

"ယနေ့မနက်ပိုင်းသီချင်းတိုက်အထိ သီဆိုမှုရပ်တန်သွားပြီးဆက်မဆိုနိုင်ခဲ့ပါဘူး။ သို့သော် အကောင်းဆုံးပြင်ဆင်ပေးတဲ့အတွက် ကျေဇူးတင်ပါတယ် ကိုယ်တော်... ဘဝမှာ အမှတ်အရဆုံးနေ့တစ်နေ့အဖြစ် ဒီနေ့ ကျွန်တော့အတွက် ဖြစ်သွားခဲ့ပါတယ်။ မနက်ဖြန် result အတွက် အရမ်းလည်းစိတ်လှုပ်ရှားနေပါတယ်။ အားလုံးကိုချစ်ပါတယ်။ အတောင်ပံ တစုံဖြင့် ပျံသန်းလာခဲ့ပါ့မယ် Love you all😘😘😘" ဆိုပြီး ပြောဆိုထားပါတယ်။

မူးလာက လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ချစ်သူနဲ့ လမ်းခွဲထားတာမို့ ပရိသတ်တွေက မူးလာတစ်ယောက် သီချင်းမဆိုနိုင်မှာ စိုးရိမ်နေခဲ့ပေမယ့် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ မူးလာတစ်ယောက် ဒီနေ့ Result Show မှာ ရလဒ်ကောင်းတွေ ရရှိပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena

Source: Saw Chris MooLer's fb

Credit:Mia (Momolay)

မှတ်ချက်များ