ေပ်ာ္ရႊင္ေနျကတဲ႔စံုတြဲတိုင္းဒါမ်ိဳးေတြမလုပ္ပါ
Zawgyiျဖင့္ဖတ္ရန္
လူတုိင္းဟာကိုယ္တည္ေဆာက္ထားတဲ႔ RS တစ္ခုကို ေကာင္းမြန္ေပ်ာ္ရႊင္စြာျဖတ္သန္ခ်င္တတ္ျကတာလူတုိင္းရဲ႕သဘာ၀ပါ။ ဒါပင္မဲ႔ သေဘာထားမတိုက္ဆိုင္မႈေတြ ကိုယ္႔ဘက္ကိုယ္ျကည္႔တာေတြ အတၱေတြေျကာင္႔ တစ္ခ်ိဳ႕RSေတြဟာျကည္နူးစရာေတြနဲ႕ေ၀းကြာခဲ႔ျကပါတယ္။ ဆုိေတာ႔ တကယ္ေပ်ာ္ရႊင္ေနျကတဲ႔စံုတြဲေတြ မလုပ္ျကတဲ႔ တည္ျမဲေနတဲ႔RSတစ္ခုကိုပ်က္စီးေစတဲ႔အရာတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္…
(၁) ေမ်ွာ္လင္႔ခ်က္ေတြအမ်ားျကီးထားတာ
ေပ်ာ္ရႊင္သာယာေနျကတဲ႔ခ်စ္သူစံုတြဲအမ်ားစုဟာ တစ္ေယာက္ေပၚတစ္ေယာက္ သစၥာရွိရွိနဲ႕ျမတ္ျမတ္နုိးနိုးတန္ဖိုးထားခ်စ္တတ္ဖို႕ကလြဲရင္ တစ္ေယာက္ဆီကတစ္ေယာက္တစ္ျခား လုိခ်င္တပ္မက္မႈေတြေမ်ွာ္လင္႔ခ်က္ေတြ မရွိတတ္ျကပါဘူး။ ကိုယ္ခ်စ္တဲ႔သူကို ေကာင္းေစခ်င္တိုးတတ္ေစခ်င္တဲ႔စိတ္အျမဲရွိတတ္ျကေပမဲ႔တစ္ေယာက္ဆီကတစ္ေယာက္ အက်ိဳးျမတ္ကို ေမ်ွာ္လင္႔တတ္ျကသူေတြမဟုတ္ပါဘူး။
(၂) ယံုျကည္မႈမရွိတဲ႔စကားေတြေျပာတာ
ခ်စ္သူေတြဆုိတာတစ္ေယာက္ေပၚတစ္ေယာက္ယံုျကည္မႈနဲ႕နားလည္မႈကအဓိကလုိအပ္ပါတယ္။ တကယ္ခ်စ္ျကျပီးေပ်ာ္ရႊင္ေနတဲ႔အတြဲေတြဟာ တစ္ေယာက္ရဲ႕စာရိတၱတစ္ေယာက္ရဲ႕အက်င္႔သိကၡာကိုျပည္႔ျပည္႔၀၀ယံုျကည္ထားတတ္ျကသူေတြပါ။ တစ္ခါတေလ ခ်စ္စရာေကာင္းေအာင္သ၀န္တိုရံုမွတစ္ပါး တစ္ျခား စြပ္စြဲသမုတ္တာမ်ိဳးနာက်င္ခံစားရေအာင္မလုပ္တတ္ျကပါဘူး။
(၃) တစ္ေယာက္ကတစ္ေယာက္ကိုသိမ္ငယ္ေစတာ
တကယ္ခ်စ္ျပီးေပ်ာ္ေနရတဲ႔အတြဲေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ တကယ္လုိအပ္ျကတဲ႔သူေတြပါ။ တစ္ေယာက္ေျကာင္႔တစ္ေယာက္ သိမ္ငယ္ေစတာမ်ိဳးအရွက္ကြဲေစတာမ်ိဳး၊ မျဖစ္ေစပဲတစ္ေယာက္ကို တစ္ေယာက္ျမင္တာနဲ႕ေအးခ်မ္း ေနတတ္ျကတာပါ။ ဒါေျကာင္႔ေပ်ာ္ရႊင္ေနတဲ႔အတြဲတိုင္းဟာ တစ္ေယာက္ေျကာင္႔တစ္ေယာက္ဘယ္ေတာ႔မွမသိမ္ငယ္ေစရပါဘူး။
(၄) အနိုင္ပိုင္းတာ
RS တစ္ခုမွာသာယာဖို႕ဟာ တစ္ေယာက္ကုိတစ္ေယာက္အနို္င္ပိုင္းေနမွ တစ္ေယာက္ကိုတစ္ေယာက္နုိုင္ေနမွမဟုတ္ပါဘူူး။ ခ်စ္စရာေကာင္းေအာင္ကိုယ္႔ခ်စ္သူကိုဆိုးလို႕ရေပမဲ႔စိတ္ထိခိုက္နာက်င္ရေအာင္အနိုင္ပိုင္းတာမ်ိဳးမလုပ္သင္႔ပါဘူး။ အဲ႔လုိအနိုင္ယူတာဟာ အခ်ိန္ျကာလာတာနဲ႔အမွ်စိတ္ပ်က္စရာေကာင္းလာတာေျကာင္႔ေပ်ာ္ရႊင္ဖို႕ျကိုးစားေနျကတဲ႔စံုတြဲေတြဟာ မလုပ္ျကပါဘူး။
(၅) အလိုက္မသိတာ
တစ္ေယာက္ကိုတစ္ေယာက္အလိုက္သိျပီးနားလည္ေပးဖို႕လည္းလိုပါတယ္။ ေပ်ာ္ရႊင္ေနရတဲ႔စံုတြဲတိုင္းဟာ ကိုယ္႔အတၱကိုယ္႔စိတ္ထက္ ကိုယ္ခ်စ္ရသူရဲ႕စိတ္ခ်မ္းသာမႈကို ဦးစားေပးတတ္ျကတာေျကာင္႔ တစ္ေယာက္ေပၚတစ္ေယာက္အလိုက္မသိတာမ်ိဳး မျဖစ္နို္င္တာကို အတင္းျကီးေတာင္းဆိုတာမ်ိဳးေတြကို မလုပ္တတ္ျကပါဘူး။
ေပ်ာ္ရႊင္သာယာေနျကတဲ႔ခ်စ္သူတိုင္းဟာ သူတို႕ရဲ႕ကိုယ္ပိုင္အတၱေတြ မာနေတြကို ခ၀ါခ်ျပီး ခ်စ္ရသူရဲ႕ေပ်ာ္ရႊင္မႈကို အေလးေပးတတ္ျကသူမို႕အခ်င္းခ်င္း ပိုမိုအခ်စ္ေတြခိုင္ျမဲလာျပီးေပ်ာ္ရႊင္လာတတ္ျကပါ… ဆိုေတာ႔တကယ္ေပ်ာ္ရႊင္တဲ႔ RS ဘ၀ကိုပိုင္ဆုိင္ခ်င္ရင္အေပၚကအခ်က္ေတြကိုမလုပ္သင္႔ပါ လို႔အျကံျပဳရင္း…
Credit:Buzzy
Unicodeဖြင့်ဖတ်ရန်
ပျော်ရွှင်နေကြတဲ့စုံတွဲတိုင်းဒါမျိုးတွေမလုပ်ပါ
လူတိုင်းဟာကိုယ်တည်ဆောက်ထားတဲ့ RS တစ်ခုကို ကောင်းမွန်ပျော်ရွှင်စွာဖြတ်သန်ချင်တတ်ကြတာလူတိုင်းရဲ့သဘာဝပါ။ ဒါပင်မဲ့ သဘောထားမတိုက်ဆိုင်မှုတွေ ကိုယ့်ဘက်ကိုယ်ကြည့်တာတွေ အတ္တတွေကြောင့် တစ်ချို့RSတွေဟာကြည်နူးစရာတွေနဲ့ဝေးကွာခဲ့ကြပါတယ်။ ဆိုတော့ တကယ်ပျော်ရွှင်နေကြတဲ့စုံတွဲတွေ မလုပ်ကြတဲ့ တည်မြဲနေတဲ့RSတစ်ခုကိုပျက်စီးစေတဲ့အရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်…
(၁) မျှော်လင့်ချက်တွေအများကြီးထားတာ
ပျော်ရွှင်သာယာနေကြတဲ့ချစ်သူစုံတွဲအများစုဟာ တစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိရှိနဲ့မြတ်မြတ်နိုးနိုးတန်ဖိုးထားချစ်တတ်ဖို့ကလွဲရင် တစ်ယောက်ဆီကတစ်ယောက်တစ်ခြား လိုချင်တပ်မက်မှုတွေမျှော်လင့်ချက်တွေ မရှိတတ်ကြပါဘူး။ ကိုယ်ချစ်တဲ့သူကို ကောင်းစေချင်တိုးတတ်စေချင်တဲ့စိတ်အမြဲရှိတတ်ကြပေမဲ့တစ်ယောက်ဆီကတစ်ယောက် အကျိုးမြတ်ကို မျှော်လင့်တတ်ကြသူတွေမဟုတ်ပါဘူး။
(၂) ယုံကြည်မှုမရှိတဲ့စကားတွေပြောတာ
ချစ်သူတွေဆိုတာတစ်ယောက်ပေါ်တစ်ယောက်ယုံကြည်မှုနဲ့နားလည်မှုကအဓိကလိုအပ်ပါတယ်။ တကယ်ချစ်ကြပြီးပျော်ရွှင်နေတဲ့အတွဲတွေဟာ တစ်ယောက်ရဲ့စာရိတ္တတစ်ယောက်ရဲ့အကျင့်သိက္ခာကိုပြည့်ပြည့်၀၀ယုံကြည်ထားတတ်ကြသူတွေပါ။ တစ်ခါတလေ ချစ်စရာကောင်းအောင်သဝန်တိုရုံမှတစ်ပါး တစ်ခြား စွပ်စွဲသမုတ်တာမျိုးနာကျင်ခံစားရအောင်မလုပ်တတ်ကြပါဘူး။
(၃) တစ်ယောက်ကတစ်ယောက်ကိုသိမ်ငယ်စေတာ
တကယ်ချစ်ပြီးပျော်နေရတဲ့အတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် တကယ်လိုအပ်ကြတဲ့သူတွေပါ။ တစ်ယောက်ကြောင့်တစ်ယောက် သိမ်ငယ်စေတာမျိုးအရှက်ကွဲစေတာမျိုး၊ မဖြစ်စေပဲတစ်ယောက်ကို တစ်ယောက်မြင်တာနဲ့အေးချမ်း နေတတ်ကြတာပါ။ ဒါကြောင့်ပျော်ရွှင်နေတဲ့အတွဲတိုင်းဟာ တစ်ယောက်ကြောင့်တစ်ယောက်ဘယ်တော့မှမသိမ်ငယ်စေရပါဘူး။
(၄) အနိုင်ပိုင်းတာ
RS တစ်ခုမှာသာယာဖို့ဟာ တစ်ယောက်ကိုတစ်ယောက်အနိုင်ပိုင်းနေမှ တစ်ယောက်ကိုတစ်ယောက်နိုင်နေမှမဟုတ်ပါဘူူး။ ချစ်စရာကောင်းအောင်ကိုယ့်ချစ်သူကိုဆိုးလို့ရပေမဲ့စိတ်ထိခိုက်နာကျင်ရအောင်အနိုင်ပိုင်းတာမျိုးမလုပ်သင့်ပါဘူး။ အဲ့လိုအနိုင်ယူတာဟာ အချိန်ကြာလာတာနဲ့အမျှစိတ်ပျက်စရာကောင်းလာတာကြောင့်ပျော်ရွှင်ဖို့ကြိုးစားနေကြတဲ့စုံတွဲတွေဟာ မလုပ်ကြပါဘူး။
(၅) အလိုက်မသိတာ
တစ်ယောက်ကိုတစ်ယောက်အလိုက်သိပြီးနားလည်ပေးဖို့လည်းလိုပါတယ်။ ပျော်ရွှင်နေရတဲ့စုံတွဲတိုင်းဟာ ကိုယ့်အတ္တကိုယ့်စိတ်ထက် ကိုယ်ချစ်ရသူရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးတတ်ကြတာကြောင့် တစ်ယောက်ပေါ်တစ်ယောက်အလိုက်မသိတာမျိုး မဖြစ်နိုင်တာကို အတင်းကြီးတောင်းဆိုတာမျိုးတွေကို မလုပ်တတ်ကြပါဘူး။
ပျော်ရွှင်သာယာနေကြတဲ့ချစ်သူတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်အတ္တတွေ မာနတွေကို ခဝါချပြီး ချစ်ရသူရဲ့ပျော်ရွှင်မှုကို အလေးပေးတတ်ကြသူမို့အချင်းချင်း ပိုမိုအချစ်တွေခိုင်မြဲလာပြီးပျော်ရွှင်လာတတ်ကြပါ… ဆိုတော့တကယ်ပျော်ရွှင်တဲ့ RS ဘဝကိုပိုင်ဆိုင်ချင်ရင်အပေါ်ကအချက်တွေကိုမလုပ်သင့်ပါ လို့အကြံပြုရင်း…
Credit:Buzzy


မှတ်ချက်များ