ေဖာက္ျပန္တတ္တဲ႔သူေတြေျပာေလ႔ရွိတတ္ျကတဲ႔စကားေတြက


Zawgyiျဖင့္ဖတ္ရန္

RS တစ္ခုမျကာေသးခင္ကပဲတည္ေဆာက္ထားျပီးသိပ္မျကာခင္မွာ ေဖာက္ျပန္လို႕ေနာက္တစ္ေယာက္နဲ႕တြဲလို႕စသည္ျဖင္႔ျပတ္တတ္ျကျပီး တစ္ခ်ိဳ႕ေတြျကျပန္ေတာ႔လည္း နွစ္ရွည္လမ်ားျကာေအာင္တြဲခဲ႔ျက ယူဖိို႕ထိစီစဥ္ျပီျကသည္ထိေတာင္လုပ္ခဲ႔ျကေပမဲ႔ နီးမွ အေျကာင္းေတြသိလာလို႕ျပတ္စဲသြားျကတာလည္း မနည္းပါဘူး။ ဆိုေတာ႔ အတြဲတိုင္းေတာ႔မေျပာလုိပင္မဲ႔ ယေန႕ေခတ္မွာသစၥာတရားဆို တာရွားပါး အရာတစ္ခုျကီးကိုျဖစ္ေနပါျပီ။ ေဖာက္ျပန္တတ္တဲ႔ေယာက္်ားေလးေတြ ၊ မိန္းကေလးေတြနဲ႕ သူမ်ားခ်စ္သူ သူမ်ားရည္းစားပိုင္ရွင္ရွိျပီး လူကိုမွပိုင္ဆိုင္ခ်င္ျကတဲ႔စိတ္ဓာတ္နိမ္႔ပါးတဲ႔သူေတြလည္း အမ်ားျကီးပါ။ ဒါဆို ေယဘုယ်အားျဖင္႔ ေဖာက္ျပန္ခ်င္သူေတြေျပာေလ႔ရွိျကတဲ႔စကားလမ္းေျကာင္းေတြဟာ ဘာေတြျဖစ္မလဲ ဆုိတာအနီးစပ္ဆံုးအနည္းငယ္ေဖာ္ျပေပးလိုက္ပါတယ္…

(၁) ခ်စ္ျကည္႔လို႔မရေတာ႔ဘူး

ေဖာက္ျပန္တဲ႔စိတ္ရွိတဲ႔လူေတြေျပာေျပာေနတတ္ျကတဲ႔စကားတစ္ခြန္းပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္လို႕ျကိုက္လုိ႕တြဲခဲ႔ျကျပီးမွ ငါနင္႔ကို အရင္ေလာက္ခ်စ္လုိ႕မရေတာ႔ဘူးတို႕၊ ဘာေျကာင္႔ငါ႔စိတ္ေတြေျပာင္းလဲသြားမွန္းမသိဘူး တို႕စသည္ျဖင္႔ အေျကာင္းျပတတ္ျကပါတယ္။ မခ်စ္ရေအာင္ဘယ္ေနရာလိုအပ္ေနလည္းေမးတဲ႔အခါလည္း ဟာ နင္႔ကေကာင္းပါတယ္ ငါကမခ်စ္နုိ္င္ေတာ႔တာ စသည္ျဖင္႔ အတင္းကို ပုတ္ထုတ္ေနျပီးကိုယ္႔ကို ခ်က္ခ်င္းျကီး ျငင္းဆန္ေနျပီဆိုရင္ ေသခ်ာသေလာက္ပါပဲ ဒီလူဟာ တစ္ျခားတစ္ေယာက္ကို စိတ္၀င္စားေနျပီး ေဖာက္ျပန္ဖို႕ျကိုးစားေနတတ္ပါျပီ။

(၂) စိတ္ခဏလြတ္သြားတာ

ေဖာက္ျပန္လို႕သိပ္ေကာင္းတဲ႔အေျကာင္းျပခ်က္ပါ။ ေယာက်္ားေလးတိုင္း မိန္းကေလးတိုင္း မေဖာက္ျပန္တတ္ျကပါဘူူး။ ဒါပင္မဲ႔ ကိုယ္႔ခ်စ္သူ ကိုယ္႔ရည္းစားအနားမွာရွိေနခ်ိန္မို႕တစ္ျခားသူကို ခဏစိတ္ေရာက္သြားျပီး ေဖာက္ျပန္မိတာပါ။ မင္းမရွိတုန္းခဏ စိတ္ကစားမိတာပါဆိုတဲ႔သူမ်ိဳးကို စကၠန္႕ေတာင္မျခားပဲစြန္႔လႊတ္လိုက္ပါ။ တစ္ခါေဖာက္ျပန္ဖူးတဲ႔သူဟာအျကိမ္ျကိမ္ အခါခါ ေဖာက္ျပန္ဖို႕လက္မေနွးေတာ႔ပါဘူး။

(၃) ကိုယ္႔အေပၚအျပစ္ရွာတတ္လာတာ

အရင္နဲ႕မတူပဲ ကိုယ္ဘာလုပ္လုပ္ ကိုယ္ဘာ၀တ္၀တ္ ကိုယ္ဘာေျပာေျပာ ေကာင္းတယ္လွတယ္ ျကိုက္တယ္ ဆုိတာမ်ိဳးထြက္မလာပဲနဲ႕ ကိုယ္႔ရဲ႕မေကာင္းတဲ႔အခ်က္ေတြကိုပဲ ျမင္ျပီးထိုင္အျပစ္ေျပာတတ္ေနျပီဆိုရင္ေတာ႔ သူျပည္႔စံုတယ္လို႕ထင္တဲ႔တစ္ေယာက္ထပ္ေတြ႕ေနျပီဆုိတာေသခ်ာသေလာက္ပါပဲ။

(၄) အားနာလို႔ပါ

ကိုယ္ေကာင္းရင္ေခါင္းဘယ္မေရြ႕ဘူးဆိုတာရွိေပမဲ႔လည္း သူ႕ဘက္ကရဲတင္းလာလုိ႕အားနာနာနဲ႕ျပန္ေျပာေနတာပါ။ မလြဲသာမေရွာင္သာမို႕ကူညီေနတာပါ ဆိုတဲ႔အေျကာင္းျပတတ္မ်ိဳး ေပးတတ္ျကပါတယ္။ ေနာက္ဆံုးသူတို႕ေဖာက္ျပားတာ မိသြားခဲ႔ရင္ေတာင္ မလြဲသာမေရွာင္သာအေျခမို႕ဆိုျပီး
ဆင္ျခင္ေပးတတ္ျကပါတယ္။

(၅) မင္းအတြက္ျကည္႔ေပးတာပါ

ေဖာက္ျပန္ခ်င္တဲ႔သူေတြဟာသူတို႕နာမည္ဆိုးလည္း မျဖစ္ေအာင္တစ္ဖက္လွည္႔နည္းနဲ႕ေျပာတတ္တဲ႔စကားကေတာ႔ မင္းအတြက္ပါဆိုတာပါပဲ။ တကယ္ခ်စ္ျကတဲ႔သူေတြဟာ တစ္ေယာက္ကို တစ္ေယာက္စြန္႔လႊတ္ဖို႕ေနေနသာသာ ပိုင္ဆိုင္ရဖို႕ကို တန္ဖုိးထားျကိုးစားတတ္ျကတာပါ။ ဒါပင္မဲ႔ မင္းကငါနဲ႕မတန္ဘူး၊ပိုေကာင္းတာနဲ႕ေတြ႕မွာပါ၊ ငါ႔ကို လူဆိုးလုိ႕သာမွတ္လိုက္ပါ ဘာညာ ဆုိျပီး သံုးေလးပတ္ေလာက္ေနရင္ RSအသစ္ ခ်ိတ္သြားျကမွာသူတို႕ပါ။ဆုိေတာ႔ အတြဲတုိင္း မျမဲျကဘူး လုိ႔မဆိုလုိပင္မဲ႔ အေပၚကအခ်က္ေတြ ဆင္ျခင္ေတြေပးတတ္တဲ႔ ခ်စ္သူမ်ိဳး သင္ပိုင္ဆိုင္ေနရတယ္ဆိုရင္ေတာ႔သူနဲ႕ပတ္သတ္ျပီးနည္းနည္းသတိထားဖို႕လိုပါျပီ…

Credit:Buzzy

Unicodeဖြင့်ဖတ်ရန်

ဖောက်ပြန်တတ်တဲ့သူတွေပြောလေ့ရှိတတ်ကြတဲ့စကားတွေက

RS တစ်ခုမကြာသေးခင်ကပဲတည်ဆောက်ထားပြီးသိပ်မကြာခင်မှာ ဖောက်ပြန်လို့နောက်တစ်ယောက်နဲ့တွဲလို့စသည်ဖြင့်ပြတ်တတ်ကြပြီး တစ်ချို့တွေကြပြန်တော့လည်း နှစ်ရှည်လများကြာအောင်တွဲခဲ့ကြ ယူဖို့ထိစီစဉ်ပြီကြသည်ထိတောင်လုပ်ခဲ့ကြပေမဲ့ နီးမှ အကြောင်းတွေသိလာလို့ပြတ်စဲသွားကြတာလည်း မနည်းပါဘူး။ ဆိုတော့ အတွဲတိုင်းတော့မပြောလိုပင်မဲ့ ယနေ့ခေတ်မှာသစ္စာတရားဆို တာရှားပါး အရာတစ်ခုကြီးကိုဖြစ်နေပါပြီ။ ဖောက်ပြန်တတ်တဲ့ယောက်ျားလေးတွေ ၊ မိန်းကလေးတွေနဲ့ သူများချစ်သူ သူများရည်းစားပိုင်ရှင်ရှိပြီး လူကိုမှပိုင်ဆိုင်ချင်ကြတဲ့စိတ်ဓာတ်နိမ့်ပါးတဲ့သူတွေလည်း အများကြီးပါ။ ဒါဆို ယေဘုယျအားဖြင့် ဖောက်ပြန်ချင်သူတွေပြောလေ့ရှိကြတဲ့စကားလမ်းကြောင်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာအနီးစပ်ဆုံးအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…

(၁) ချစ်ကြည့်လို့မရတော့ဘူး

ဖောက်ပြန်တဲ့စိတ်ရှိတဲ့လူတွေပြောပြောနေတတ်ကြတဲ့စကားတစ်ခွန်းပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ကြိုက်လို့တွဲခဲ့ကြပြီးမှ ငါနင့်ကို အရင်လောက်ချစ်လို့မရတော့ဘူးတို့၊ ဘာကြောင့်ငါ့စိတ်တွေပြောင်းလဲသွားမှန်းမသိဘူး တို့စသည်ဖြင့် အကြောင်းပြတတ်ကြပါတယ်။ မချစ်ရအောင်ဘယ်နေရာလိုအပ်နေလည်းမေးတဲ့အခါလည်း ဟာ နင့်ကကောင်းပါတယ် ငါကမချစ်နိုင်တော့တာ စသည်ဖြင့် အတင်းကို ပုတ်ထုတ်နေပြီးကိုယ့်ကို ချက်ချင်းကြီး ငြင်းဆန်နေပြီဆိုရင် သေချာသလောက်ပါပဲ ဒီလူဟာ တစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေပြီး ဖောက်ပြန်ဖို့ကြိုးစားနေတတ်ပါပြီ။

(၂) စိတ်ခဏလွတ်သွားတာ

ဖောက်ပြန်လို့သိပ်ကောင်းတဲ့အကြောင်းပြချက်ပါ။ ယောကျ်ားလေးတိုင်း မိန်းကလေးတိုင်း မဖောက်ပြန်တတ်ကြပါဘူူး။ ဒါပင်မဲ့ ကိုယ့်ချစ်သူ ကိုယ့်ရည်းစားအနားမှာရှိနေချိန်မို့တစ်ခြားသူကို ခဏစိတ်ရောက်သွားပြီး ဖောက်ပြန်မိတာပါ။ မင်းမရှိတုန်းခဏ စိတ်ကစားမိတာပါဆိုတဲ့သူမျိုးကို စက္ကန့်တောင်မခြားပဲစွန့်လွှတ်လိုက်ပါ။ တစ်ခါဖောက်ပြန်ဖူးတဲ့သူဟာအကြိမ်ကြိမ် အခါခါ ဖောက်ပြန်ဖို့လက်မနှေးတော့ပါဘူး။

(၃) ကိုယ့်အပေါ်အပြစ်ရှာတတ်လာတာ

အရင်နဲ့မတူပဲ ကိုယ်ဘာလုပ်လုပ် ကိုယ်ဘာဝတ်ဝတ် ကိုယ်ဘာပြောပြော ကောင်းတယ်လှတယ် ကြိုက်တယ် ဆိုတာမျိုးထွက်မလာပဲနဲ့ ကိုယ့်ရဲ့မကောင်းတဲ့အချက်တွေကိုပဲ မြင်ပြီးထိုင်အပြစ်ပြောတတ်နေပြီဆိုရင်တော့ သူပြည့်စုံတယ်လို့ထင်တဲ့တစ်ယောက်ထပ်တွေ့နေပြီဆိုတာသေချာသလောက်ပါပဲ။

(၄) အားနာလို့ပါ

ကိုယ်ကောင်းရင်ခေါင်းဘယ်မရွေ့ဘူးဆိုတာရှိပေမဲ့လည်း သူ့ဘက်ကရဲတင်းလာလို့အားနာနာနဲ့ပြန်ပြောနေတာပါ။ မလွဲသာမရှောင်သာမို့ကူညီနေတာပါ ဆိုတဲ့အကြောင်းပြတတ်မျိုး ပေးတတ်ကြပါတယ်။ နောက်ဆုံးသူတို့ဖောက်ပြားတာ မိသွားခဲ့ရင်တောင် မလွဲသာမရှောင်သာအခြေမို့ဆိုပြီး
ဆင်ခြင်ပေးတတ်ကြပါတယ်။

(၅) မင်းအတွက်ကြည့်ပေးတာပါ

ဖောက်ပြန်ချင်တဲ့သူတွေဟာသူတို့နာမည်ဆိုးလည်း မဖြစ်အောင်တစ်ဖက်လှည့်နည်းနဲ့ပြောတတ်တဲ့စကားကတော့ မင်းအတွက်ပါဆိုတာပါပဲ။ တကယ်ချစ်ကြတဲ့သူတွေဟာ တစ်ယောက်ကို တစ်ယောက်စွန့်လွှတ်ဖို့နေနေသာသာ ပိုင်ဆိုင်ရဖို့ကို တန်ဖိုးထားကြိုးစားတတ်ကြတာပါ။ ဒါပင်မဲ့ မင်းကငါနဲ့မတန်ဘူး၊ပိုကောင်းတာနဲ့တွေ့မှာပါ၊ ငါ့ကို လူဆိုးလို့သာမှတ်လိုက်ပါ ဘာညာ ဆိုပြီး သုံးလေးပတ်လောက်နေရင် RSအသစ် ချိတ်သွားကြမှာသူတို့ပါ။ဆိုတော့ အတွဲတိုင်း မမြဲကြဘူး လို့မဆိုလိုပင်မဲ့ အပေါ်ကအချက်တွေ ဆင်ခြင်တွေပေးတတ်တဲ့ ချစ်သူမျိုး သင်ပိုင်ဆိုင်နေရတယ်ဆိုရင်တော့သူနဲ့ပတ်သတ်ပြီးနည်းနည်းသတိထားဖို့လိုပါပြီ…

Credit:Buzzy

မှတ်ချက်များ