သရုပ်ဆောင် ဖြိုးငွေစိုးနှင့် မော်ဒယ်ဇင်ဇင်တို့ သားယောင်္ကျားလေး ကိုယ်ဝန်လွယ်ထား ရပြီဟု သရုပ်ဆောင် ဖြိုးငွေစိုးက ဧပြီ၂၄ရက်က ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
"ဒီနေ့ ကျွန်တော်အရမ်းပျော်နေပါတယ်။ ဘဝမှာ တစ်ခါမှမဖြစ်ဖူးတဲ့ ပျော်ရွှင်ခြင်းမျိုးပါ၊ မနက်က ဇင်ဇင့်ကိုဆေးခန်းသွားပြတယ်၊ ဆရာဝန်ကပြော တယ်ဗျာ၊ ယောင်္ကျားလေးတဲ့၊ တီဗီကနေလဲ မြင်ခဲ့ ရတယ်၊ အသည်းယားလိုက်တာဗျာ၊ ပြီးတော့ အဖေနဲ့အမေ့ကို ချက်ခြင်းသတိရမိတယ်၊ ဖုန်း ဆက်ပြီးပြောပြတော့ သူတို့လည်း ပျော်နေကြတယ် ဗျာ၊ မိဘမေတ္တာဆိုတာ ဘာလဲ အခုမှသိတယ်ဗျာ၊ ကဲအဲဒါမိသားစုပဲ၊ ဘာမှမလိုတော့ဘူး သူတို့ရှိရင်ရ ပြီ"ဟု သရုပ်ဆောင်ဖြိုးငွေစိုးက ရေးသား ထားခြင်း ဖြစ်သည်။
သရုပ်ဆောင် ဖြိုးငွေစိုး နှင့် မော်ဒယ်ဇင်ဇင် တို့သည် ၂၀၁၄ခုနှစ် ဧပြီ ၁ရက်က မြရိပ်ညို ဟိုတယ်တွင် မင်္ဂလာပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ချစ်သူ သက်တမ်း ၆နှစ်ကြာခဲ့ပြီးမှ မင်္ဂလာပွဲ ဆင်နွှဲခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင်သရုပ်ဆောင် ဖြိုးငွေစိုးသည် ၎င်း၏ သားဦးအတွက် ဖေ့ဘွတ်က သူငယ်ချင်းများကို နာမည် ဝိုင်းစဉ်းစားပေးရန်လည်း ရေးသားထားသည်။
Mizzima Burmese

မှတ်ချက်များ