ပထမတော့ သူ့ဟာသူ စားမယ်ဆိုပြီး တွေးထား ပေမဲ့ နောက်ပိုင်းမှာ တန်ဖိုးငွေ အနည်းငယ်နဲ့ လူတစ်စုကိုပါ ဝေမျှမယ် ဆိုပြီး ဆုံးဖြတ် လိုက်ပါတယ်။ ဒီအကြံဥာဏ်ကို Mao က ပထမဆုံး Twitter ကနေ tweet အတွဲလိုက် တွေနဲ့ တင်လိုက် တာဖြစ်ပြီး Tweet ထဲမှာ "ငါဟာ ဂျပန် လူမျိုး တစ်ယောက် ဖြစ်ပြီး ငါရဲ့ ယောင်္ကျား တန်ဆာ လိင်အင်္ဂါကို Yen 100,000 (£800) လေးနဲ့ ဟင်းအဖြစ် သုံးဆောင် နိုင်မှာပါ။ အင်္ဂါကို ငါ့အသက် ၂၂အရွယ်မှာ ခွဲစိတ် ဖြတ်ထုတ် ခဲ့ပြီး လိင်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ကင်းရှင်းမှု ရှိမရှိ အတွက်လည်း စစ်ဆေး ခံထား ပြီးသားပါ။
ပထမဆုံး စိတ်ဝင်စားတဲ့ ၀ယ်လိုသူက ရမှာ ဖြစ်ပြီး လူတစ်စု လိုက်ကို ရောင်းဖို့ အတွက်လည်း ငါတွေးတော ထားပါတယ်။ ၀ယ်သူ စိတ်ကြိုက် ကြိုက်တဲ့ နေရာမှာ ကြိုက်သလို ချက်ပြုတ် ပေးဦးမှာပါ။ စိတ်ဝင်စားရင် Email ပို့ ဆက်သွယ် နိုင်ပါတယ်" ဆိုပြီး Twitter မှာရေး တင်ခဲ့ပါတယ်။ Tokyo မြို့မှာ ရှိတဲ့ Suginami တန်းမှာ အခမ်းအနား ပြုလုပ်ခဲ့ပြီး လူပေါင်း ၇၀လောက် တက်ရောက် ခဲ့ပါတယ်။ ချက်ပြုတ်ပြီးသား အင်္ဂါကို လူ၆ဦးက တစ်ယောက်ကို £160 နဲ့ ၀ယ်ယူ သုံးဆောင်ခဲ့ပြီး အဲ့မတိုင်ခင် ဒီအင်္ဂါ စားလိုက်လို့ နေမကောင်း မကျန်းမာ တခုခုဖြစ်ခဲ့ရင် Mao ကတာဝန် မယူပါ ဆိုတဲ့ တရားဝင်စာလည်း ထိုးရပါသေးတယ်။ [ဘာပြောရမှန်းတောင် မသိတော့ဘူး]
Myanmar Youth Media Club
Myanmar Youth Media Club

မှတ်ချက်များ