မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေနှင့် အခြားအခွန် အရပ်ရပ်တို့ကို ကောက်ခံလျက်ရှိရာ အခွန်ဌာန ဝန်ထမ်းများသည် မသမာမှုများ ပြုလုပ်ေ နကြောင်း တိုင်ကြားလာသဖြင့် အဆိုပါ အခွန်ထမ်း ဝန်ထမ်းများ၏ မသမာမှုများကို ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက် တာမြင့်ကြူက The Voice သို့ ပြောကြားသည်။
“မနှစ်က နှစ်မှုတိုင်တယ်၊ သွားပြီး စစ်တဲ့အခါမှာ တစ်မှုက တိုင်ကြားတဲ့ လူက မဟုတ်မမှန် တိုင်ထားတာ။ ဒါပေမဲ့ ပြီးဆုံးအောင် စစ်ဆေးလိုက်တယ်၊ အခုလည်း တိုင်ကြားထားတာတွေ ရှိနေတယ်။ ဒါတွေကို စုံစမ်း စစ်ဆေးပြီးတဲ့အခါ အခွန်ဌာနဝန်ထမ်း ဘယ်နှယောက်ကို အပြစ်ပေး အရေးယူလိုက်တယ် ဆိုတာကို မီဒီယာတွေကို ပြောကြားမယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ကုန်သွယ် လုပ်ငန်းခွန်၊ အောင်ဘာလေ သိန်းဆုခွန်၊ အိမ်၊ ခြံ၊ မြေခွန်နှင့် ဝင်ငွေခွန်တို့ကို ကောက်ခံလျက်ရှိရာ အချို့သော အခွန်ဝန်ထမ်းများမှာ အခွန်ထမ်း ပြည်သူတို့ကို အခွန်ဆိုင်ရာ ဥပဒေအတိုင်း ကောက်ခံခြင်း မပြုဘဲ အခွန်ထမ်း ပြည်သူများကို ပိုမို အခွန်ဆောင်စေခြင်း၊ အခွန်ချလန် အတုများ ပြုလုပ်ပြီး ဂရန်ထုတ်ယူခြင်းများ ပြုလုပ်မှုများ ရှိလာသဖြင့် အဆိုပါ ကိစ္စရပ်များကို ဝန်ကြီးဌာန အနေနှင့် စစ်ဆေး ဖော်ထုတ် အရေးယူသွားမည် ဖြစ်ပြီး အခွန်ထမ်းပြည်သူများ အနေနှင့်လည်း အခွန်ဌာန ဝန်ထမ်းများ၏ မသမာမှုများကို တိတိကျကျ တိုင်ကြား သတင်းပေးနိုင်ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။
“အခွန်ဝန်ထမ်းမှ မဟုတ်ဘူး၊ အခုဆိုရင် မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ဖွင့်ထားတဲ့ တချို့ဟိုတယ်တွေ၊ မိုတယ်တွေလည်း ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရမှာစိုးလို့ ဧည့်သည် စာရင်းတွေ လိမ်ပြပြီး အခွန်ရှောင်တာတွေ လုပ်လာတာ ရှိတယ်။ အခွန်ဆောင်ရမယ့် ဧည့်သည် စာရင်းကသတ်သတ်၊ သူဌေးကိုပြတဲ့ ဧည့်စာရင်းကသတ်သတ်၊ အဲ့ဒီ လုပ်ငန်းရှင် အများစုက အခွန်ဌာနနဲ့ ကင်းတဲ့လူ မရှိသလောက်ပဲ၊ ဒါမျိုးတွေကိုကျရင် အခွန်ဝန်ထမ်းရော အခွန်ရှောင်တဲ့ လုပ်ငန်းရှင်ကိုရော နှစ်ဦးစလုံးကို အရေးယူမှ ပိုပြီးထိရောက်မယ်” ဟု မန္တလေးမြို့တော်ရှိ ဟိုတယ် မန်နေဂျာဟောင်း တစ်ဦးဖြစ်သူ ဦးမျိုးမင်းစံက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကောက်ခံသော တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ သိန်းဆုခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်တို့မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ၁၀၆ ရာခိုင်နှုန်းအထိ တိုးတက်ရရှိ လာခဲ့ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။
The Voice Weekly

မှတ်ချက်များ