ပုဆိုးလှန်ပြသောဦးလေးကို တူဖြစ်သူက ရဲတင်းဖြင့်ခုတ်

အရက်မူးပြီး ပုဆိုးလှန် ပြသည့် ဦးလေးကို တူဖြစ်သူ က ရဲတင်းဖြင့် ခုတ်လိုက်သောကြောင့် သေဆုံး သွားကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက် ညနေ ၃ နာရီက မကွေးတိုင်းဒေသ ကြီး၊ အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်း ကျေးရွာနေေ ဇ်ာထွန်းဆိုသူ၏အိမ်အောက်တွင် ၎င်း၏ဦးလေး ဖြစ်သူ ဦးသိန်းရွှေမှာ ရင်ညွန့်အောက်၌ အရှည်ငါး လက်မခန့်ရှိသည့် ဒဏ်ရာတစ်ချက်ရကာ လဲကျသေ ဆုံးနေသည်ကို အိမ်နီးချင်းအမျိုးသားတစ်ဦးကတွေ့ ရှိခဲ့သည်။

ထိုသို့တွေ့သဖြင့် မေးမြန်းရာ ထွန်သွားချွန်နေသည့် ဇော်ထွန်းရှိရာသို့ အသက် (၆၅) နှစ် အရွယ် ဦးလေးတော်စပ်သူ ဦးသိန်းရွှေက အရက်မူး၍ ရောက်လာပြီး ပုဆိုးလှန်ပြရာမှ တူအရီးနှစ်ယောက် စတင်စကားများကာ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအခါဒေါသထွက်လာသော ဇော်ထွန်းက လက်ထဲရှိ ထွန်သွားချွန်သည့် ရဲတင်းဖြင့် ဦးလေး၏ ရင်ညွန့်ကို ခုတ်လိုက်သောကြောင့် ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်ကြောင်း ရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် ဇော်ထွန်းအား ရွှေပန်းတောနယ်မြေရဲစခန်းကပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day daily

မှတ်ချက်များ