လေ့လာမှုခေါင်းဆောင် ဖင်လန် နိုင်ငံ၊ Olulu၊ တက္ကသိုလ်မှ ပါမောက္ခ Mika Korpela က “ဇီဝ အမှတ်အသားတွေအရ သေဆုံးနိုင်ချေများတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်ပြီးသေဆုံးနိုင်ချေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နေထိုင်မှုနဲ့ ကုသမှုတွေကို ပြင်ဆင်ပြီး အသက်ပိုရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ ဖင်လန်နိုင်ငံသား (၁၇၀၀၀)ကျော်ရဲ့ သွေးနမူနာတွေကို အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ဒီစစ်ဆေးမှုဟာ အဓိကသွေးတွင်းဇီဝအမှတ်အသား (၄)မျိုးဖြစ်တဲ့ ပရိုတင်းနှစ်မျိုး (အယ်ဗျူမင်နဲ့ အာလဖာ၊ အက်ဆစ် glyeoproter )၊ အဆီဓာတ်နဲ့ citric acid တွေကို အခြေခံ တွက်ချက်တာဖြစ်ပါတယ်။
ဒီအမှတ်အသားတွေဟာ လူတိုင်းမှာရှိနေတာဖြစ်ပြီး ပမာဏကတော့ မတူ ကြပါဘူး။ ပုံပန်းသဏ္ဌာန်အရ ကျန်းမာတဲ့သူတွေ ဖြစ်ပါစေ အဲဒီသွေးတွင်း ဇီဝအမှတ်အသားတွေ မူမမှန် ဖြစ်နေရင်တော့ သေဆုံးနိုင်ချေ မြင့်တက် နိုင်ပါတယ်။ ဒီသွေးစစ်ဆေးမှုကို Nuclear Magnetic Resonance Spectroscopy ရှိမှသာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Mika Korpelam က ပြောကြားထားပါတယ်။
ဒီသုတေသနကို Journal Plos mediaire မှာဖော်ပြထားတာ ဖြစ်ပါတယ်။
သက်နှင်း | Health Updates Journal
သက်နှင်း | Health Updates Journal

မှတ်ချက်များ