မန္တလေးဝန်ကြီးချုပ်အိမ် မီးလောင်နေ

မန္တလေးမြို့ ၆၅ထောင့် ၂၄လမ်းပေါ်ရှိ မန္တလေးလွှတ်တော်ရုံးအတွင်းရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၏ အိမ် ဧပြီလ ၁၉ရက် ည၈နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းနေသည်။

မီးလောင်သည့် နေရာသို့ မန္တလေးမြို့ရှိ မီးသတ်ကားအများအပြား ရောက် ရှိနေပြီး ည ၈နာရီ ၅၇မိနစ်အထိ မီးမငြိမ်းသေးပေ။

Mizzima Burmese

မှတ်ချက်များ